From : yatanarpon
အွန်လိုင်း ဖုန်းပြောဆိုမှု စနစ်တစ်ခု ဖြစ်သည့် ကမ္ဘာ့ နိုင်ငံ အများစုသို့ ဖုန်းခေါ်ဆို နိုင်သည့် Skype Phone ဝန်ဆောင်မှု အတွက် ငွေဖြည့်သွင်းခြင်း လုပ်ဆောင်ချက် များကို အွန်လိုင်း ဝဘ်ဆိုက်မှ တစ်ဆင့် ပြုလုပ် ဆောင်ရွက် နိုင်မည် ဖြစ်ပြီး အဆိုပါ ဝဘ်ဆိုက်ကို ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင် လွှင့်တင် လိုက်ခြင်း ဖြစ်ကာ ထိုသို့ အွန်လိုင်းမှ တစ်ဆင့် ငွေဖြည့် သွင်းရာတွင် အနည်းဆုံး ငွေသား $5 USD မှစ၍ ငွေဖြည့်သွင်း ခြင်းကို MyanPay Online Payment Gate-way မှတစ်ဆင့် ငွေပေးချေခြင်း ပြုလုပ်နိုင်ပြီး ငွေပေးချေပြီးလျှင် ပြီးချင်းတွင် မိမိတို့၏ Skype အကောင့်ထဲသို့ ဖြည့် သွင်းလိုက် သည့် ငွေပမဏ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုက မြန်မာပြည်တွင်း Skype အသုံးပြုသူတွေရဲ့ Account ထဲကို Online ကနေ တိုက်ရိုက် ငွေဖြည့်သွင်းပေးတဲ့ Website ဖြစ် ပါတယ်။ ကျွန်တော်တို့ရဲ့ www.mmskype.com ကနေတစ်ဆင့် ငွေဖြည့်သွင်းမယ်ဆိုရင် ငွေပေးချေစဉ် အတောအတွင်းမှာ အသုံးပြုသူရဲ့ Skype Username ကို တစ်ခါတည်း ထည့်ပေးဖို့ လိုအပ်ပါတယ်။ ငွေပေးချေတဲ့အခါ MyanmPay နဲ့ ငွေပေးချေရမှာ ဖြစ်ပါတယ်။ ငွေပေးချေပြီးတာနဲ့ အသုံးပြု သူရဲ့ Skype Account ထဲကို ဝယ်ယူလိုတဲ့ Skype Credit ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Website ဝန်ဆောင်မှုမှာ အသုံးပြုသူတွေ အဆင်ပြေအောင် Live Chat ဝန်ဆောင်မှုကိုပါ ထည့်သွင်းပေးထားပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။
Skype ဖုန်းဝန်ဆောင်မှုသည် မြန်မာနိုင်ငံတွင် လူကြိုက်များသော အွန်လိုင်း ဖုန်းခေါ်ဆိုမှုများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး အင်တာနက်ဆိုင်များတွင် အသုံးများသော အွန်လိုင်း ဖုန်းခေါ်စနစ် တစ်ခုလည်း ဖြစ်သည်။ Skype သည် ကမ္ဘာ့ နိုင်ငံပေါင်း ၁၈၀ သို့ အွန်လိုင်းမှတစ်ဆင့် ဈေးနှုန်း သက်သာစွာဖြင့် ဖုန်းခေါ်ဆိုနိုင်ပြီး Video Call ခေါ်ဆိုနိုင်ခြင်း၊ Group ဖွဲ့၍ Video Call ခေါ်ဆိုနိုင်ခြင်း၊ SMS & Instant Message များ ပေးပို့နိုင်ခြင်း၊ File များ ဖြန့်ဝေနိုင်ခြင်းစသည့် လုပ်ဆောင်ချက် အများအပြားကို ပြုလုပ် ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ဖုန်းခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှု များစွာ ရှိသော်လည်း ယခုကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ငွေဖြည့်သွင်းနိုင်သည့် Website မှာ ပထမဦးဆုံးဖြစ်ကြောင်း သိရှိရပြီး အသေးစိတ် ဝန်ဆောင်မှုများ အတွက် www.mmskype.com တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်လည်း ဖြစ်သည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်