Subscribe to our RSS Feed

ဟုမ္မလင်းတွင် လူ ၃၂ ဦး အစာအဆိပ်သင့် ၂ ဦးသေဆုံး

From :Yangon Media Group

ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ဖရွာရှိ လပြည့် နဂါးသစ်ပါးလွာ စက်ရုံ တွင် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ က ၀န်ထမ်းများအစာ အဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ထိုစက်ရုံရှိ ၀န်ထမ်းများသည် မုန်လာထုပ်သုပ်ဖြင့် ထမင်း စားပြီး နောက်အော့ အန်ကာ ထမံသီ တိုက်နယ် ဆေးရုံသို့ ၀န်ထမ်း ၃၂ ဦးတက်ရောက် ကုသနေကြရာမှ အမျိုးသမီးနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ဝန်ထမ်း ၄၀ ဦး ရှိရာမှ ၃၂ ဦးဆေးရုံရောက်ပါတယ် မိန်းကလေး ၂ ဦးသေသွားပါပြီ ။ သူတို့ကို ဟုမ္မလင်းမြို့ နယ်က တာဝန်ရှိသူတွေနဲ့ ဒုလက်ထောက်ဆရာဝန်တို့လာကြည့်ပြီးခွဲစိတ်အေ ဖြရှာနေပါတယ် ။ မုန်လာထုပ် ကိုသန့်စင်စွာ မဆေးကြောပဲ ပါတဲ့ဆေးကြောင့်ဖြစ်တာ လို့ ပြောပါတယ်ဟု ထမံသီတိုက်နယ် ဆေးရုံမှ တာဝန်ကျဆရာမ တစ်ဦးကပြောသည်။

ယင်းသို့ ဆေးရုံတက်ရောက်ကုသနေသော လူနာများထဲမှတစ်ဦး ကိုလည် ဖေဖေါ်ဝါရီလ၁၂ရက် နေ့က ဟုမ္မလင်း ဆေးရုံကြီး သို့ တင်ပို့ထားရကြောင်းသိရသည်။
 

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်