From : hot news

ငါးထောင်တန်ဖုန်းထွက်ရှိ ရန် ကြိုးစားလျက်ရှိသော ရွှေ ပြည်တံခွန်အများပိုင်ကုမ္ပဏီလီ မိတက်မှ မြန်မာနိုင်ငံတွင် ဆက် သွယ်ရေးကဏ္ဍတစ်တောင့်တစ် နေရာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြန်မာနိုင်ငံတွင် တယ် လီဖုန်းစက်ရုံ စတင်တည်ထောင် မည်ဖြစ်ကြောင်း သိရသည်။
ရွှေပြည်တံခွန်ကုမ္ပဏီမှ Chairman ဦးလွင်နိုင်ဦးက “မြန်မာ နိုင်ငံမှာ ဖုန်းထုတ်တဲ့ စက်ရုံတစ် ခု တည်ထောင်မှုအတွက်Technical operation plan ချမှတ်ပြီး ဆောင်ရွက်နေတယ်။ အဓိက ကျွန်တော်လုပ်ချင်တာက ကျွန် တော်တို့ လူငယ်တွေတိုင်းပြည် အနှံ့မှာ ပျံ့နှံ့နေတယ်။ ပညာ တတ်လူတွေကော ကိုယ့်တိုင်း ပြည်ကို စွန့်ခွာပြီး အလုပ်လုပ်နေ ကြတယ်။ အခုကျတော့ ကိုယ့် တိုင်းပြည်ကို ပြန်လာချင်ကြ တယ်။ အဲဒီအခါကျတော့ သူတို့ တွေရဲ့ တီထွင်ဖန်တီးမှုစိတ်ကူး စိတ်သန်းတွေ ဒီမှာအကောင် အထည်ဖော်ဖို့အတွက် ရည်ရွယ် ချက်တွေ အဲဒီလိုအကောင် အထည်ဖော်ဖို့အတွက် အများ ပိုင်ကုမ္ပဏီကို ဖွဲ့စည်းလိုက်တယ်။ အဲဒီကနေပြီးတော့ Smart Phone (၃)မျိုးထုတ်ဖို့ ရည်ရွယ်ထား တယ်။ အဲဒါတွေကို မကြာခင် လုပ်တော့မှာပါ။ မြေနေရာက အခက်အခဲတော့မရှိပါဘူး။ စက် ရုံထက်နည်းပညာဘယ်လိုသွား မလဲဆိုတာကို လုပ်ငန်းတွေ ဘယ်လိုစမလဲကို စီစဉ်နေတာပါ။Smart ဖုန်းသိပ်မကြာခင်ထုတ်မှာ ပါ။”
ဒီမှာက နည်းပညာအခက် အခဲမရှိဘူး၊ ဒါပေမဲ့ မီးပြဿနာ အခက်အခဲရှိတယ်။ ဒါနဲ့ပတ် သက်ပြီး ကြိုတင်ပြင်ဆင်ထား တာရှိပါတယ်ဟု ဦးလွင်နိုင်ဦးမှ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံတွင် တယ်လီဖုန်း ထုတ်စက်ရုံတည်ထောင်ရာ၌ အခြားနိုင်ငံများမှ ပညာရှင်များ အား မြန်မာနိုင်ငံအတွင်းသို့ ခေါ် ယူကာ ထုတ်သွားမည်ဖြစ်ပြီး၊ ပြည်တွင်းရှိလူငယ်များကို ယင်း ပညာအား လက်ဆင့်ကမ်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်