Subscribe to our RSS Feed

ဂျပန်ကုမ္ပဏီများ မြန်မာသို့ ရွှေရောင်ခြေလှမ်းများနှင့် ဝင်ရောက်လာချိန်

From : myanma age




တိုကျိုရှိ မြန်မာသံရုံးမှ ဗီဇာဌာနသည် ပုံမှန်အားဖြင့်
တိတ်ဆိတ်ပြီး အထီးကျန်သောနေရာတစ်ခုဖြစ်သည်။
သို့သော် ယခုဤသို့ မဟုတ်တော့။ (မြန်မာသို့ ) ခရီးသွား
ဗီဇာဖြင့် သွားရောက်ရန်လျှောက်ထားသော ဂျပန်ပတ်စ်ပို့
ရာနှင့်ချီ၍ ထည့်ထားသောသေတ္တာများကို ညွှန်ပြရင်း သံရုံး
ဝန်ထမ်းက ဤသို့ စုပြုံလာကြခြင်းမှာ ပြီးခဲ့သည့် ၂၀၁၂ နှစ်
ဆန်းမှ စ၍ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော့်ကို
ပြောပြနေသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်ခန့်ကမူ ရန်ကုန်မြို့လမ်းများ
ပေါ်တွင် ယဉ်များအနည်းငယ်သာရှိပြီး ဟိုတယ်ခန်းများ မှာလည်း ခြောက်သွေ့နေခဲ့ကြ သည်။ သို့သော်လည်း ယခုအသစ်ဖြစ်လာသည့် သမားရိုးကျမြင်ကွင်းမှာမူ
ယဉ်ကျောပိတ်ဆို့မှုများ၊ ဧည့်သည်ပြည့်ကျပ်နေသော
ဟိုတယ်များ၊ ငှားရမ်းခနှုန်းထား တဟုန်ထိုးမြင့်တက်
လာသော နေအိမ်နှင့် ရုံးခန်းခဈေးနှုန်းများဖြစ်သည်။
ယခင်က အမေရိကန်ဦးဆောင်သော အနောက်အုပ်စု၏
စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့ မှုများက တရုတ်နှင့်
အိန္ဒိယတို့အတွက် အခွင့်အလမ်းများဖွင့်ပေးခဲ့ခြင်းသာ ဖြစ်
ခဲ့သည်ကိုနောင်တရရင်းနှင့်ပင် ဂျပန်ကုမ္ပဏီများမှာ အပြေး
အလွှား ဝင်လာနေကြပါသည်။ ထိုကာလအတွင်း အပြု
သဘောထိတွေ့  ဆက်ဆံမှုဆိုသည့်ခေါင်းစဉ် အောက်မှ အရှေ့တောင်အာရှနိုင်ငံများ အသင်း(အာဆီယံ)မှ အဖွဲ့ ဝင်
နိုင်ငံများးမှာလည်း အမည်မဖေါ်လိုသည့် သံတမန်တစ်ဦး
ပြောသလိုပင် “နှာခေါင်းကိုဖွင့်၊ မျက်လုံးများကို မမြင်ချင်
ယောင်ဆောင်ကာ၊ ရတတ်သမျှကို ရယူ” သွားခဲ့ကြသည် ။

၂၀၀၇ တွင်ဖြစ်ပေါ်ခဲ့သည့် ဗုဒ္ဓသံဃာတော်များ ဦးဆောင် ဆန္ဒပြခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးကြီး ပြီးချိန်မှစ၍
အံ့သြလောက်ဖွယ် လျင်မြန်မှုကို ရယူကာ လုပ်ဆောင်လာ ခဲ့သော မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် ပိတ်ဆို့
မှုများကလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။

မြန်မာတွင် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာ
ရခြင်းမှာ စစ်တပ်ခေါင်းဆောင်များကိုယ်တိုင်က ၎င်းတို
့နိုင်ငံ၏ အပယ်ခံဖြစ်နေမှုကို အဆုံးသတ်ပစ်ချင်လိုခြင်းနှင့်
ပိုမိုကြွယ်ဝသော စီးပွားရေးတစ်ရပ်ရှိထားခြင်းမှ အကျိုးအမြတ် ရလိုခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံအပေါ် တရုတ် သြဇာလွှမ်းမိုးလာနေမှုကို တန်ပြန်ရန်လည်း ဆန္ဒရှိခဲ့ကြပြီး၊ ပိတ်ဆို့မှုများ ဖြေလျှော့ခဲ့ခြင်းသည် နိုင်ငံတကာဘဏ္ဍာရေး
အဖွဲ့ အစည်းများနှင့် ပြန်လည်ထိတွေ့ ရေး၊ အနောက်အုပ်စုနှင့်
ဂျပန်တို့ထံမှ လိုအပ်လျက်ရှိသော ရင်းနှီးမြုပ်နှံမှုများကို ဆွဲ
ဆောင်ရေး၊ ဖွံ့ဖြိုးရေး အထောက်အပံ့များရရှိရေး တို့အတွက် အဓိကသော့ချက်လည်း ဖြစ်သည်။

နိုင်ငံတကာပိတ်ဆို့ မှုများ ရုပ်သိမ်းသွားခြင်းတွင် ၂၀၁၀
နိုဝင်ဘာမှ စ၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ မှုနှင့် နိုင်ငံရေးဖြစ်စဉ်တွင် သူမပါဝင်လာစေရန် စည်းရုံးနိုင်
မှုတို့ကလည်း အဓိကကျခဲ့သည်။ အဆိုပါ ပန်းတိုင်များကို
အောင်မြင်ရရှိရန်အလို့ ငှာ ယခင်စစ်အစိုးရလက်ထက်
ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်က ၂၀၁၁ တွင်ဖွဲ့စည်းသော အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးများကို
အရှိန်မြှင့် လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးအတိုင်ပင်ခံတစ်ဦးကမူ “ဒီမိုကရတ်တိုက်ဇေးရှင်း
ဆိုတာ သူတို့ ရဲ့ မျိုးဗီဇ ဒီအန်အေထဲမှာ ရှိကောင်းမှ ရှိနေမှာပါ။ ဒါပေမယ့် နိုင်ငံရေး အီလစ်တွေမြင်ကြတာကတော့ ဒါဟာ စီးပွားရေးတိုးတက်ဖို့ နည်လမ်းဖြစ်ပြီး စနစ်သစ်ထဲမှာ ပါဝင်ခွင့် ပိုကြီးမားလာတာနဲ့ အမျှ သူတို့ဟာ ဒီမို ကရေစီကို အာမခံ
ပေးသူတွေဖြစ်လာကြလိမ့်မယ်လို့ ထင်မြင်နေကြပါတယ်”ဟု
ပြောကြားသည်။

မြန်မာသို့ ဂျပန်ကုမ္ပဏီများ အလျင်အမြန် ဝင်လာမှုသည် မကြာမီကဖြစ်ပေါ်ခဲ့သော နိုင်ငံရေးရည်မှန်းချက်များကို ဖြည့်
ဆည်းပေးရေးနှင့် နိုင်ငံဆရး ဖြစ်စဉ်ကိုရေရှည်တည်မြဲရေး ကူညီနိုင်ရန် ဖြစ်ပါသည်။ ပြီးခဲ့သော ရက်ပိုင်းကပင် ဂျပန်၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းအဖွဲ့ ချုပ် (Japan Business
Federation)ခေါ် ခိုင်ဒါရန် Keidanren အဖွဲ့ သည် မြန်မာသို့ လာရောက်ခဲ့ပြီး မြန်မာတွင်ရင်းနှီးမြုပ်နှံမှု အခြေအနေမည်သို့
တိုးတက်နိုင်ပုံကို လေ့လာခဲ့ကြသည်။ ၎င်းတို့ နှင့်အတူ ဂျပန်
ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေးတို့၏ ရေဒါတွင် ထင်ရှားနေ
သည်မှာ မြို့တော်ရန်ကုန် အရှေ့ဘက်တွင်တည်ရှိနေသော သီလဝါဆိပ်ကမ်းဖြစ်၍ Japan Inc. ခေါ် ဂျပန်စီးပွားရေး လုပ် ငန်းကြီးများအတွက် အဓိကဖွံ့ဖြိုးရေးပရော ဂျတ်ကြီးလည်း
ဖြစ်နေသည်။ အဆိုပါစီမံကိန်းကြီးကို ဂျပန်တို့ ရရှိခဲ့ပုံနှင့် ပတ် သက်၍ နောက်ကွယ်ဇာတ်လမ်းရှိသည်။

အနောက်တိုင်းမီဒီယာများ၏ အဆိုအရမူ သမ္မတ
ဦးသိန်းစိန်သည် ၂၀၁၁ အောက်တိုဘာတွင် တိုကျို၌
ယခင်ဂျပန် စာတိုက်နှင့် ကြေးနန်းဆက် သွယ်ရေးဝန်ကြီး
ဟောင်း ဖြစ်ပြီး၊ ဂျပန်-မြန်မာအသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သူ
ဟီဒီယို ဝါတာနာဘေးနှင့် ညစာစားကာတွေ့ ဆုံခဲ့ခြင်းက
လည်း တစ်ခုအပါအဝင် ဖြစ်သည်။ မြန်မာသမ္မတသည်
ညစာ စားချိန်တွင် ဟက်တာပေါင်း ၂,၄၀၀ ကျယ်ဝန်းသည့် သီလဝါဇုန်ကို မြေပုံထုတ်ပြရင်း ၎င်းအနေနှင့် ဂျပန်တို့ကို
ဤပရောဂျတ်တွင် ပါဝင်စေလိုကြောင်း ပြောခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၁၂ ဒီဇင်ဘာတွင်တော့ ဂျပန်အစိုးရအေဂျင်စီ
များနှင့် မစ်ဆူဘီရှီ၊ ဆူမီတိုမို၊ မာရူဘီနီစသော ကုမ္ပဏီများသည်
ဒေါ်လာ ၁၈ ဘီလျံအသင့်ဖယ်ထားပြီး ရှိနေပြီဖြစ်ကြောင်း
ကြေငြာခဲ့သည်။ ထို့ပြင် ဂျပန်သည် ထားဝယ်တွင် ထိုင်းဘက်မှ အဓိကလုပ်ဆောင်နေသော ရေနက်ဆိပ်ကမ်းစီမံကိန်း၌လည်း ရှယ်ယာဒေါ်လာ ၃ ဘီလီယံယူမည်ဟု ဖြစ်လာခဲ့တော့သည်။

ဂျပန်ကုမ္ပဏီများသည် ဇာတိမြေတွင် ရောင်းအားကျဆင်း
လာခြင်းကို သိမြင်လာပြီးနောက် အာရှ၏ စီးပွားရေးတိုး
တက်မည့် အလားအလာ ရှိသော နေရာများတွင် လျင်မြန်စွာ
ဝင်ရောက် ရင်းနှီးမြှပ်နှံရန် ပြင်ဆင်လာကြပါသည်။ ထို့အတူ
ဝန်ကြီးချုပ်သစ် ဝါတာနာဘေး၏ မဟာဗျူ ဟာဖြစ်သော
၎င်းတို့နှင့် နယ်မြေပိုင်နက်အငြင်းပွားမှု ဖြစ်နေသည့် တရုတ်ကို အထီးကျန်စေရေးအတွက် ဒေသတွင်း၌ ဂျပန်စီးပွားရေး လုပ် ငန်းများတိုးမြှင့်ခြင်းမှာလည်း သံတမန်ရေးအရ တိုက်ခိုက်မှု တစ်ရပ်လည်း ဖြစ်နိုင်သည်။

မြန်မာ၏ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်သော
တရုတ်သည် ၂၀၁၁ ဘဏ္ဍာရေးနှစ်တစ်ခုထဲ၌ပင် စွမ်းအင်
စီမံကိန်းအများစု၌ ဝင်ရောက်ကာ ရင်းနှီးမြှပ်နှံမှု ပမာဏ
ဒေါ်လာ ၁၄ ဘီလီယံ ရှိ ထားခဲ့သည်။ ဤသည်ကို ၁၉၈၈-၂၀၁၁ ကာရှည်အတွင်း ဂျပန်တို့၏ စုစုပေါင်းရင်းနှီးမြှပ်နှံမှု ပမာဏ
ဒေါ်လာ ၂၁၇ သန်းနှင့် နှိုင်းယှဉ်နိုင် သည်။ သို့သော် ဂျပန်
စီးပွားရေး လုပ်ငန်းကြီးများမှာ အော်မြည်သံပေး၍ ပြန်လည်
ကြုံးဝါးလာနေကြပြီဖြစ်သည်။

ဂျပန်သည် မြန်မာအတွက် ကြွေးမြီ ဒေါ်လာ ၃ ဒဿမ ၆
ဘီလီယံကို လျှာ်ပစ်ပေးခဲ့ပြီး ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ ဖြိုးရေး
ဘဏ်တို့မှ ငွေပြန်ချေး နိုင်အောင် ဒေါ်လာ တစ်ဘီလီယံနီးပါး
ကိုလည်း ပေါင်းကူးထည့်ပေးခဲ့သည်။ ထို့ပြင် ဂျပန်သည်
နောက်ထပ် အပိုချေးငွေ ဒေါ်လာ သန်း ၂၂၀ကို လည်း
မြန်မာတွင် လူ့ စွမ်းအားအရင်းအမြစ် တိုးတက်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍအတွက် ထုတ်ချေးပေးထား
ပြန်သည်။ ထိုသို့ ဂျပန်တို့၏ ရွှေရောင်ခြေလှမ်းများနှင့် မြန်မာ
သို့အဝင်တွင် တင်းကျပ်သော ပြိုင်ဆိုင်ရမှုများ ရှိလာနိုင်သော်
လည်း တိုင်းပြည်တွင် ရှိနေသော အခွင့်အလမ်းများက အများ အပြားရှိနေဆဲပင်ဖြစ်သည်။

မြန်မာတွင် လုပ်အားခဈေးနှုန်း နိမ့်မှုက ပြည်ပပို့ ကုန်တင်
ပို့ရေးအတွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသလိုပင် ဘဏ်လုပ်ငန်း၊
ငွေကြေးဈေးကွက်၊ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍ၊ အခြေ ခံအဆောက်အအုံ ဆောက်လုပ်ရေး၊ သတ္တုတွင်း ကဏ္ဍနှင့် စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍတို့ကလည်း ရင်းနှီးမြုပ်နှံမှုများကို
စောင့်ကြိုနေပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၂
နှစ်ကုန်မှသာ ပြဋ္ဌာန်းနိုင်ခြင်း၊ တရားစီရင်ရေးစနစ်မှာ စိတ်ချ
ရဖွယ် မရှိသေးခြင်းတို့နှင့် ကြုံနေရသော်လည်း ယခုအချိန် အထိမူ ပြည်ပရင်နှီးမြှပ်နှံသူ များမှာ ဝင်လာမစဲ ဖြစ်နေသည်။

သီလဝါသည် ရန်ကုန်နှင့်နီးပြီး နိုင်ငံတကာ အဖွဲ့ အစည်း
များ၊ အရပ်ဘက်လူ့ အဖွဲ့ အစည်းများ အခြေချရာဖြစ်သလို၊
ယင်းစီမံကိန်းတွင် အမေ ရိကန်၏ အမည်ပျက်စာရင်းသွင်း
ခြင်းကို ခံထားရဆဲ ခရိုနီများလည်း ပါဝင်မှုရှိနေသည်ကို
ဆန်းစစ်ရမည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများနှင့် သဘာဝ ရင်းမြစ်ထုတ်ယူခြင်းများ၏ နိုင်ငံရေးသည် မြန်မာတွင်
ပြင်းထန်စွာ စမ်းသပ်ခံနေရဆဲရှိပြီး ဤသည်မှာလည်း ဒီမိုကရေစီစနစ် ဖေါ်ဆောင် မှုက ဘယ်လောက်အထိ
အလုပ်ဖြစ်လာမည်ကို ပြသနေသည့် လက္ခဏာတစ်ရပ်
ဖြစ်လာပေလိမ့်မည်။

မြန်မာတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များ ကြီးထွား
လာခဲ့ခြင်းကို တရုတ်သည်လည်း ကောင်းစွာနောင်တရနေ ပြီ ဖြစ်သည်။ မြန်မာစစ်တပ်နှင့် တရုတ်ကြေးနီကုမ္ပဏီတို့
ပူးပေါင်း လုပ်ဆောင်နေသော မုံရွာကြေးနီတောင်စီမံကိန်း ပဋိပက္ခမှာ ဒေသခံများ၏ မြေယာပိုင်ဆိုင်မှုကို လျစ်လျူရှု
သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ရတတ်သည့်
နိုင်ငံရေးအန္တရာယ်ကို ဖေါ်ပြနေသည်။

ဂျပန်၏ မြန်မာသို့ ရွှေရောင်ခြေလှမ်းများဖြင့် အဝင်သည် ချုပ်ကိုင်ထားသောကြိုးများမရှိသည့်စိတ်ဓါတ်ဖြင့် လည်ပတ်
နေသည်။ မြန်မာတွင် ဒေသတွင်း ပြိုင်ဖက်များမှာ စီးပွားရေးများ စတင်နေကြပေပြီ။ Japan Inc. ခေါ် ဂျပန်ကုမ္ပဏီများက ပြိုင် ဖက်များအတွက် အင်္ကျီလက်မောင်း ကို ပင့်တင်ကာ ရင်းနှီး
မြှုပ်နှံသူ၊ (အလုပ်ပေးနိုင်သူ) အလုပ်ရှင်တစ်ဦးအဖြစ် အရှိန်မြှင့် ဝင်ရောက်လာနေပါပြီ။ ဤသည်မှာ ကောင်းစွာ ထိန်းသိမ်းထား
အပ်သော ဂျပန်၏ ကျော်ကြားသည့် အမှတ်တံဆိပ်တစ်ခုလည်း
ဖြစ်နေတော့သည်။

ကိုသွင်

မူရင်းရေးသားသူ ဂျက်ဖ်ကင်းစတန် Jeff Kingston ဂျပန်မှ Temple University ၏ အာရှလေ့လာရေးပညာရပ် Asian Studies ဌာန၏ ဒါရိုက်တာတစ်ဦးဖြစ်သည် ။



 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်