Subscribe to our RSS Feed

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် မြန်မာ့စီးပွားရေး လာမည့်နှစ်တွင် ၆.၃ ရာခိုင်နှုန်း တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း



မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်အတွင်း ၅.၅ ရာခိုင်နှုန်း တိုးတက်ကြောင်းနှင့် လာမည့်နှစ်တွင် ၆.၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ယနေ့ ဟောကိန်းထုတ် ခန့်မှန်းပြောကြားလိုက်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ် နှစ်စဉ်နှစ်ကုန်ကာနီး ထုတ်ပြန်လေ့ရှိသော အရှေ့အာရှနှင့် ပစိဖိတ်စီးပွားရေးဆိုင်ရာ အစီရင်ခံစာတွင် ယခုနှစ်မှ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းဖော်ပြခံရခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်က "မြန်မာကိုသုံးထပ်ကွမ်း ပြောင်းလဲမှုလမ်းကြောင်းပေါ်တွင်ရှိနေသော နိုင်ငံတစ်နိုင်ငံအဖြစ် အကောင်းဆုံး သရုပ်ဖော်သတ်မှတ်နိုင်ကြောင်း" ဆိုထားသည်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော ယင်းအစီရင်ခံစာတွင် မြန်မာသည် ပြောင်းလဲမှုများဆီ ဦးတည်နေသော်လည်း ထူးခြားသည့် စိန်ခေါ်မှုများ ရင်ဆိုင်ရန် ကျန်နေကြောင်း ယင်းတို့တွင် အခြေခံအဆောက်အအုံဆိုင်ရာ အခက်အခဲများ၊ ဘဏ္ဍာရေးကဏ္ဍတိုးတက်ရေးများ၊ ဆက်သွယ်ရေးကဏ္ဍနှင့် သဘာဝရင်းမြစ်များ စီမံခန့်ခွဲရေးတို့ ပါဝင်နေကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ ယခု အရှေ့အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာ အစီရင်ခံစာကို တစ်နှစ်နှစ်ကြိမ် ထုတ်ပြန်လေ့ရှိပြီး ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးအလားအလာများကို 
ကမ္ဘာ့ဘဏ်သည် နှစ်တစ်နှစ်ကုန်ဆုံးတိုင်း ထုန်ပြန်လေ့ရှိသည့် ၎င်း၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေး နောက်ဆုံးရ အခြေအနေစာတမ်းတွင် မြန်မာနိုင်ငံအား ပထမဆုံးအကြိမ် ထည့်သွင်းဖော်ပြလာခြင်းဖြစ်ကြောင်း Bangkok Post တွင် ရေးသားဖော်ပြသည်။
  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်