From : ရဲဇာနည်
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အဆင့်မြင့်ဘောလုံးကွင်း တည်ဆောက်ရေးလုပ်ငန်းမှ အမိုးကပ်လုပ်သား ဦးနိုင်ဝင်း(၂၄)နှစ်သည် ဒီဇင်ဘာ၁၈ရက်နေ့ နံနက်၁၀း၃၀နာရီတွင် ဘောလုံးကွင်းအမိုးထိပ်၌ အမိုးကပ် လုပ်ငန်းလုပ်ကိုင်နေစဉ် ခြေချော်ပြုတ်ကျခဲ့သည်။
နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသထားရာ ယာလက်ပွန်းပဲ့၊ ၀ဲခြေကျင်းဝတ်အရိုးအက်ကွဲဒဏ်ရာ ၁ ချက်စီဖြင့် ဆေးကုသမှု ခံယူနေရာမှညနေ၄း၃၀ အချိန်တွင် သေဆုံးသွားကြောင်း ၊ နေပြည်တော်အမှတ်(၅)ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၂)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။သတင်း-
www.MyanmarExpress.net

1 comments:
အဲလိုမျိုးတွေဖြစ်ခဲ့ရင် အသက်အာမခံရော်ကြေးတွေဘာတွေရရဲ့ လား?
ရှိကျရဲ့ လား ..? အသက်အနတ်ရာယ်ရှိတဲ့အလုပ်တွေမှာ အလုပ်ရှင်တွေအနေနဲ့  မြန်မာအာမခံမှာ အသက်အာမခံနဲ့ ထိခိုက်မှုအာမခံတွေထားသင့်ပါတယ် ..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်