From : dvb
www.MyanmarExpress.net
ပြည်ထဲရေးဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တဲ့ ၇ ဦးပါအဖွဲ့ဟာ မုံရွာခရိုင်
ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်ဒေသ ဒုံးတောကျေးရွာကို ရောက်ရှိပြီး
စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေနဲ့ပတ်သက်ပြီး
ကုစားပေးမယ့်အခြေအနေတွေကို ဒီနေ့မွန်းလွဲပိုင်းမှာ ညှိနှိုင်းနေပါတယ်။
သတင်းရယူနေတဲ့
ဒီဗွီဘီသတင်းထောက် မတင်မာဆွေက “သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ကံကုန်းရွာက
မိုးကြိုးဆာလဖျူရစ်အက်ဆစ်စက်ရုံကို စုံစမ်းစစ်ဆေးရေးကော်မရှင်က
အကြံပြုထားတာက နိုင်ငံတကာက အသိအမှတ်ပြုလက်မှတ်ပေါ့နော်။ နောက်တချက်ကကျတော့
ဒေသခံတွေကို အန္တရာယ်မရှိအောင်ပေါ့။ ပြီးတော့ စက်မှုဝန်ကြီးဌာနက
တရားဝင်လက်မှတ်ပေါ့။ အဲဒါကို မိုးကြိုးဆာလဖျူရစ်အက်စစ်စက်ရုံကို
ဆက်ပြီးတော့လုပ်မယ်ပေါ့။”
ဝန်ကြီးက ဒုံးတောရွာ
သောက်သုံးရေကိစ္စ၊ လျော်ကြေးပေးရေးကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ
လုပ်ဆောင်ပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
“ဒုံးတောကျေးရွာမှာကျတော့
ဒုတ္ထာရည်တွေ စိမ့်ပြီးတော့ ၀င်နေတဲ့အတွက်ကြောင့် သောက်သုံးရေဟာ
မသန့်ရှင်းတော့ဘူးပေါ့။ အဲဒီရေတွေကို သန့်ရှင်းအောင်
မြန်မာယန်စီကုမ္ပဏီကနေပြီးတော့ တာဝန်ယူပြီးတော့ ပြုလုပ်ပေးမယ်ပေါ့ဗျာ။
နောက်ပြီးတော့ ရပ်ရွာလူထုတွေအတွက် ဒေသဖွံ့ဖြိုးရေးတွေကို ကုမ္ပဏီက
အကုန်လုပ်ပေးမယ်။ အဲဒါဆိုရင် သူတို့ လက်သင့်ခံလားမှာပေါ့။ ဒုံးတောကတော့
အကုန်လက်သင့်ခံတယ်။ ဒေသဖွံ့ဖြိုးအောင်လုပ်ပေးမယ်။ နောက်ပြီးတော့
ယာမြေတွေကို အလျော်မပေးဘဲ ထားတဲ့ဟာတွေ တချို့တ၀က်ကိုလည်း လျော်ပေးမယ်။
နောက် ကျေးလက်ဆေးပေးခန်းလည်း ထားပေးမယ်။ အားလုံးဆိုလို့ရှိရင် ဒုံးတောက
လက်သင့်ခံတယ်ခင်ဗျ။“ လို့ ပြောပါတယ်။
ဒုံးတောနဲ့ ကံကုန်းကျေးရွာဟာ နီးကပ်တဲ့ရွာစဉ်တဆက်ဖြစ်ပြီး ဒီပွဲကို တက်ရောက်လာတဲ့ ကံကုန်းရွာသားတွေကတော့ လက်မခံကြဘူးလို့ ဆိုပါတယ်။
ဒုံးတောကျေးရွာမှာ
ဒုတ္တာရည်တွေကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲကို မြန်မာယန်စီ ကုမ္ပဏီက
ဖြေရှင်းပေးမှာဖြစ်ပြီး မိုးကြိုးဆာလဖျူရစ်အက်စစ်စက်ရုံကိစ္စက
မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ သက်ဆိုင်တာ ဖြစ်ပါတယ်။
ဒီနောက်
ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဒုံးတောရွာကနေ မိုကြိုးဆာလဖျူရစ်စက်ရုံ
တည်ရှိရာ ကံကုန်းကျေးရွာကို သွားရောက်ပြီး ရွာသားတွေနဲ့ တွေ့ဆုံဖို့
ပြင်နေပါတယ်။
www.MyanmarExpress.net

.jpg)

15 comments:
အခုလိုနိုင်ငံတော်အဆင့်ရှိတဲ့ပြည်ထောင်စုဝန်ကြီးတွေကို်ယ်တိုင်ကိုယ်ကျသွားရောက်ဆောင်ရွက်မှပဲလူတွေကလည်းကြည်ကြည်ဖြူဖြူနဲ့ဝမ်းပမ်းတသာကျေနပ်လက္ခံလာ
ကြမှာပါ...အမေစုအဆင့်လောက်နဲ့ဘာမှမဟုတ်တဲ့nldပါတီဝင်ကမျောက်ကချောက်တွေကရုတ်ရုတ် ရုတ်ရုတ်နဲ့ဒေ
သခံတွေမျက်စိရှုပ်အောင်သွားလုပ်နေတာမျိုးကတော့ဘာမှဖြစ်လာမှာမဟုတ်တဲ့အပြင်တစ်နေ့တစ်ခြားမလိုလားအပ်တဲ့ပြဿနာတွေပဲတိုးပွားလာလိမ့်မယ်...နောက်ဆိုသမ္မတ
ကြီးလည်းအမေစုကိုဘာတာဝန်မှပေးရဲတော့မယ်မထင်ပါဘူး
ဟေ့ကောင် မင်းတော်တော်တတ်သိနေလား အ မေ စု ဝင်ပြီး ဆောင် ရွက်လိုက်လို့  ပေါ့  ပြီးတော့ မင်းဝန်ကြီးက ပွဲပြီးမှ ဖျာလာခင်းတာပါ ဝေဖန်ချင် ရင်သေချာလေ့လာကွ။
yes!
If so,u should give Ko Ko as chairman of this commission.Why u n partners stay away from lapadaung?Ko Ko is the most responsible person for illegal petrol n diesel trading?
စောက်ရူး ဒါတွေ အားလုံး အမေစု ကျေးဇူးဟ နွားရ
တောပြောတောင်ပြောမပြောနဲ့ကွ။မင်းဘာနားလည်လို့လဲ။
ခင်ဗျား ဗျာ မျက်စိမကောင်း ၊နားမကောင်းရုံတင်မကတော့ဘူး
ဦးနှောက်ပါ မကောင်းတာကိုး။
သြော်ဘာအရည်အချင်းမှမရှိဘဲဆင်ဖြူတော်မှီပြီးကြံစုပ်ချင်တဲ့အမေစုထမီနားခိုစားနေကြပြီးတစ်နေ့အာဏာရနိုးမျှော်ကိုးနေကြတဲ့nldပါတီဝင်ကလေကချေကလေကဝတွေကအမှန်တရားတွေပြောလိုက်လို့အနာပေါ်တုတ်ကျသလိုဖြတ်ဖြတ်လူးကုန်ကြသကိုး...အိမ်းအိမ်းနေရာတစ်ခုဆိုတာအရည်အချင်းရှိမှပဲရကြတော့မှာကွပြည်သူတွေကနားမျက်စိတွေပွင့်ကုန်ပြီ
အားလုံးstop
အစိုးရနဲ့ပြည်သူလက်တွဲညီညီပူးပေါင်းဆောင်ရွက်ပြီး
သမိုင်းသစ်ကိုစတင်လိုက်ကြရင်အင်မတန်တိုးတက်တဲ့နိုင်ငံတော်ကြီး
ဖြစ်လာမှာပါ ဒီတော့
ဖြစ်သမျှအကြောင်းမကောင်းကောင်းအောင်လုပ်ကြဖို့ပါဘဲ။
လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ် မင်းတို့ဒီမိုကရေစီကောင်တွေကသူများအပစ်ပဲလိုက်ကြည့်ချင်တယ်
ငါနဲ့မတူငါ့ရန်သူလုပ်ချင်တယ် လူသာတစ်ကယ်ကောင်းရင်ဘာစနစ်ဖြစ်ဖြစ်ကောင်းမှာပဲ
ငါကတော့လူသာလျှင်အဓိကလို့ခံယူတယ် အမြင်မတူတာတွေကိုမညှိနှိုင်းပဲ ငါတကောကော
လုပ်နေသ၍ ပြာပုံထဲကနေဘယ်တော့မှထွက်ဖို့မကြိုးစားနဲ့
ခလေးကအစသိသွားကြတဲ့ကိစ္စကြီးလေလယ်ပြင်မှာဆင်သွားသလိုထီးထီးကြီး....ဆန္ဒပြတဲ့ဒေသခံတွေကိုမျက်ရည်ဝဲတဲတဲနဲ့မာမီစုကမေတ္တာရပ်ခံပေမယ့်သူ့ကိုအယုံအကြည်မရှိဘဲပိုဆိုးလာကြလို့မာမီစုလက်မှိုင်ချပြီးတပ်ဆုတ်ပြန်ခဲ့ရတာလေ....တစ်ချိန်ကမာမီစုကိုစင်ပေါ်တင်ပေးခဲ့ကြတဲ့BBC,VOAနဲ့RFAကတောင်ပြောကုန်ကြတာလေ...မင်းသာသေချာလေ့လာလိုက်အုံးချာတိတ်ရ
တော်ကြာ သူများယောင်လို့လိုက်လို့ယောင်အေ
မာင်တောင်မြောက်မသိ ဖြစ်နေအုံးမယ်
အန်တီစုက 2015 မှာ သမ္မတလုပ်ချင်တယ်ဆိုတော့ဒီလိုလေး ပြောချင်ပါသေးတယ်.ဒီလို လုပ်ပေးမယ်၊ ဟိုလိုလုပ်ပေးမယ်နဲ့ပျားရည်နဲ့ဝမ်းချ။ဟိုလို ဖြစ်စေရမယ်၊ ဒီလိုဖြစ်စေရမယ်နဲ့အလွယ်စကားတွေပြောပြီး ဆွယ်တရားတွေလည်းဟော။အော်ဇရာထောင်းပေမယ့် မာယာကောင်းတဲ့ ဒေါင်းကဝေကြောင့်ရိုးသားတဲ့ပြည်သူများခမျာကြားဖြတ်မှာသားသတ်ကို ဓါးအပ်မိပြီလား”” ဆိုပီး နောင်တတွေ ရနေကြပါတယ် ခင်ဗျာ။( လုလင်- ပြောသည် )
ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိက္ခာကျပါတယ်ဗျာ
လွယ်လိုက်တာ
နင်နဲ့ငါအရင်မကောင်းကောင်းအောင်လုပ်ကြမယ်လေ
လွယ်လိုက်တာ
နင်နဲ့ငါအရင်မကောင်းကောင်းအောင်လုပ်ကြမယ်လေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်