From : hot news
ဗိုလ်ချုပ်ဈေးအတွင်းရှိ
မြန်မာ့ရိုးရာရုပ်သေးရုပ်အရောင်း ဆိုင်များတွင် ယခင်နှစ်များထက်
အရောင်းအ၀ယ်သွက်လျက်ရှိပြီး လေ့လာသူနိုင်ငံခြားသားများပိုမို
များပြားလာကြောင်း ရုပ်သေးရုပ် အရောင်းဆိုင်များမှသိရသည်။
““မြန်မာနိုင်ငံသို့ နိုင်ငံတော် တော်များများကလာကြတာဆို တော့ လူမျိုးတွေအလိုက်အကြိုက် မတူတာတော့ရှိတာပေါ့။အိန်္ဒိယ လူမျိုးတွေဆိုရင် သဘောမကျ ဘူး။ လေ့လာရုံပဲဝင်ကြည့်ကြတာ၊ နိုင်ငံခြားသားတွေကလေ့လာပြီး သူတို့မျက်စိထဲတွေ့မယ့်အရုပ်ကို ပဲဝယ်ကြတာ။အရုပ်ကမန်္တလေး ကလာပြီး ကုန်ကြမ်း(ဘော်ကြယ်) တို့ ဘာတို့ကတော့ အိန်္ဒိယဘက် ကလာတာ၊အရုပ်တွေမှာကြိုးတွေ တပ်ထားတော့ တစ်ကယ်““က””လို့ ရမယ်ထင်နေကြတာ။ရုပ်သေးလို့ ခေါ်ပေမဲ့လှုပ်လို့လဲမရပါဘူး။အလှအနေနဲ့ပါပဲ””ဟု ရုပ်သေးရုပ် နှင့်ယွန်းထည်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။
ပြည်တွင်းထုတ်ကုန်ဖြစ်သော ယွန်းထည်ပစ္စည်းများနှင့်ရုပ်သေး ရုပ်များကို နိုင်ငံခြားသားများ ယခင်ထက်စိတ်ဝင်စားမှုပိုမိုလာခဲ့ ပြီး လေ့လာသူများတစ်နေ့ထက် တစ်နေ့ပိုလာကြောင်း လူမျိုးအ လိုက်အမြင်ကွဲလွဲ၍၀ယ်ယူသူများ လည်းရှိကြောင်းနှင့်ခရီးသွားလာမှု တွင်ကျယ်လာခြင်းအပေါ် ရှေး ဟောင်းအမွေအနှစ်ပစ္စည်းများပိုမို အရောင်းသွက်ဖွယ်ရှိကြောင်း ၎င်းကသုံးသပ်ပြောသည်။
www.MyanmarExpress.net
ဗိုလ်ချုပ်ဈေးအတွင်းရှိ
မြန်မာ့ရိုးရာရုပ်သေးရုပ်အရောင်း ဆိုင်များတွင် ယခင်နှစ်များထက်
အရောင်းအ၀ယ်သွက်လျက်ရှိပြီး လေ့လာသူနိုင်ငံခြားသားများပိုမို
များပြားလာကြောင်း ရုပ်သေးရုပ် အရောင်းဆိုင်များမှသိရသည်။““မြန်မာနိုင်ငံသို့ နိုင်ငံတော် တော်များများကလာကြတာဆို တော့ လူမျိုးတွေအလိုက်အကြိုက် မတူတာတော့ရှိတာပေါ့။အိန်္ဒိယ လူမျိုးတွေဆိုရင် သဘောမကျ ဘူး။ လေ့လာရုံပဲဝင်ကြည့်ကြတာ၊ နိုင်ငံခြားသားတွေကလေ့လာပြီး သူတို့မျက်စိထဲတွေ့မယ့်အရုပ်ကို ပဲဝယ်ကြတာ။အရုပ်ကမန်္တလေး ကလာပြီး ကုန်ကြမ်း(ဘော်ကြယ်) တို့ ဘာတို့ကတော့ အိန်္ဒိယဘက် ကလာတာ၊အရုပ်တွေမှာကြိုးတွေ တပ်ထားတော့ တစ်ကယ်““က””လို့ ရမယ်ထင်နေကြတာ။ရုပ်သေးလို့ ခေါ်ပေမဲ့လှုပ်လို့လဲမရပါဘူး။အလှအနေနဲ့ပါပဲ””ဟု ရုပ်သေးရုပ် နှင့်ယွန်းထည်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။
ပြည်တွင်းထုတ်ကုန်ဖြစ်သော ယွန်းထည်ပစ္စည်းများနှင့်ရုပ်သေး ရုပ်များကို နိုင်ငံခြားသားများ ယခင်ထက်စိတ်ဝင်စားမှုပိုမိုလာခဲ့ ပြီး လေ့လာသူများတစ်နေ့ထက် တစ်နေ့ပိုလာကြောင်း လူမျိုးအ လိုက်အမြင်ကွဲလွဲ၍၀ယ်ယူသူများ လည်းရှိကြောင်းနှင့်ခရီးသွားလာမှု တွင်ကျယ်လာခြင်းအပေါ် ရှေး ဟောင်းအမွေအနှစ်ပစ္စည်းများပိုမို အရောင်းသွက်ဖွယ်ရှိကြောင်း ၎င်းကသုံးသပ်ပြောသည်။
www.MyanmarExpress.net


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်