Subscribe to our RSS Feed

KIA ညွန်ကြားချက်ဖြင့် ဆဒုံးမြို့နယ်အတွင်း တပ်သားသစ်ရရှိရေးဆောင်ရွက်

From : .http://www.kachindailynews.com/2013/03/kia_1.html

ဆဒုံးမြို့နယ်မှ KIA ကော်မတီဝင်များကိုယ်တိုင် ဦးစီးပြီး ဆဒုံးမြို့နယ်များ ပါဝင်တဲ့ တိုက်နယ်မှူးတွေနဲ့ အခုလ (၂၆)ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ ဆဒုံးမြို့နယ်မှူး လွမ်းဒေါင်က KIA က တောင်းထားတဲ့ အခွန်ကို မဆောင်နိုင်တဲ့ မြို့နယ် အတွင်းရှိ ရွာများမှ အခွန်မဆောင်တဲ့ လူတွေကို နောက်ဆုံးအနေနဲ့ အခွန်လာရောက်ပေးရန် သတိပေးခဲ့ ပါတယ်။ KIA က တပ်သားသစ် စုဆောင်းရရှိနိုင်ဖို့အတွက်လဲ တိုက်နယ်မှူးများက မိမိနယ်မြေ အလိုက် ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ 

အစိုးရတပ်စစ်ကြောင်း လှုပ်ရှားမှုတွေကို သိရှိနိုင်အောင် ဒေသခံရွာသားတွေကို စည်းရုံးသိမ်းသွင်းပြီး အမာခံ တွေ မွေးထားရမယ်လို့လဲ ပြောပါတယ်။လစဉ်လတိုင်း KIA တပ်ဖွဲ့အတွက် တပ်သားသစ် စုဆောင်းပေးနေရတာရှိတဲ့အတွက် ဆက်လက်ပြီး လူသစ်စု ပေးဖို့နဲ့ ဆမားဟော့ရွာအနေနဲ့ ဖေဖော်ဝါရီ လအတွက် ပေးပို့ရန်ကျန်နေတဲ့ KIA တပ်သားသစ်(၅)ယောက် ရောက်မလာလို့ အမြန်လာဖို့ KIA က ထပ်သတိပေးတယ်" လို့ ဆဒုံးမြို့နယ်မှူး လွမ်းဒေါင်က ပြောပါတယ်။
ဆဒုံးမြို့နယ်အတွင်းရှိ ရွာများမှ ရွာသားတွေအနေနဲ့ KIA တပ်ဖွဲ့ရဲ့ လူသစ်စုဆောင်းမှု မခံရအောင် ထွက်ပြေး တိမ်းရှောင်နေရတယ်၊ အခွန်ပေးရမယ့် လူတွေကလဲ စီးပွားရေး အဆင်မပြေဖြစ်ပြီး မပေးနိုင်လို့ KIA တပ်ဖွဲ့ တွေက တစ်ခုခုလုပ်မှာကို ကြောက်ပြီး ကျီးလန့်စာစားနေ နေရတယ်လို့ သိရပါတယ်။

  www.MyanmarExpress.net
 

1 comments:

ဒီတစ်ခါတော့ ညှာမှာမဟုတ်ဘူးနော် KIA။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်