From :
..hot news
ပြည်ထောင်စုအဆင့်ငြိမ်း ချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီနှင့် KIA တို့ကြားမ ကြားသေးမှီက ငြိမ်းချမ်းရေးဆွေး နွေးထားမှုနှင့်ပတ်သက်၍ငြိမ်းချမ်း ရေးဖော်ဆောင်မှုကော်မတီမှဦးလှ မောင်ရွှေနှင့်မတ်လ ၁၅ရက်နေ့က သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ ပါသည်။
မေး- ဆရာတို့ဝန်ကြီးအောင်မင်း ဦးဆောင်တဲ့မြန်မာနိုင်ငံငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့နဲ့ KIA တို့ငြိမ်းချမ်းရေးအတွက် ဆွေးနွေး တာ ဘယ်အဆင့်ရောက်သွားပြီ လဲ။
ဖြေ- ကျွန်တော်တို့ဆွေးနွေးနေတဲ့ အခါမှထူးခြားတာကတော့ မြန်မာ နိုင်ငံထဲမှ လက်နက်ကိုင်အင်အား စု(၃၀)လောက်ရှိတယ်လို့သိရတယ်။ ဒါဟာ ကျွန်တော်လျော့ပြောတာ ပါ။ဟိုတစ်နေ့က တိုင်းမှူးတစ် ယောက်နဲ့တွေ့ဆုံခဲ့တယ်။တိုင်းမှူး က အခုရှမ်းပြည်နယ်တစ်ခုထဲမှ လက်နက်ကိုင်ပြည်သူစစ်တပ်ဖွဲ့ (၁၂၀)ကျော်လောက်ရှိတယ်လို့ ပြောတယ်။ အဲဒီလိုရှိတဲ့ထဲက KIO ကထူးထူးခြားခြား မြန်မာ အစိုးရနဲ့အပစ်အခတ်ရပ်စဲခဲ့တာ (၁၇)ကြာရှိခဲ့ပြီ။ ဒါပေမယ့် အခု ကျွန်တော်ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့နဲ့ KIA အဖွဲ့ဆွေးနွေး တဲ့အခါမှာ KIA အဖွဲ့က တောင်း ဆိုတယ်။ (၁)၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တစ်ယောက်ထဲ လက်အောက်မှတပ်တွေကို ဘယ် လိုပေါင်းစည်းမလဲ။ (၂)၊ ၂၀၁၀ ရွေးကောက်ပွဲမှဝင်မပြိုင်ဘူး။ ၂၀၁၅ကျရင်ဝင်ပြိုင်မယ်။(၃)၊ သူ တို့ဆီမှဌာနခွဲ(၅)ခုရှိတယ်။ ပြည် နယ်အစိုးရနဲ့ဘယ်လိုပူးပေါင်းပြီး လုပ်ရမလဲ။ သူတို့တွေရဲ့တောင်းဆို ချက်ဟာ ၂၀၀၉ခုနှစ်ဗိုလ်ချုပ်မှူး ကြီးလက်ထက်တွင် မဖြစ်ခဲ့ရဘူး။ ဒီလိုမရခဲ့တဲ့အတွက်ကြောင့် သူ တို့အနေနဲ့ခံစားခံရတယ်။ သူတို့ က ဒီမကျေနပ်မှုအပေါ်မှ ယုံကြည် မှုပျောက်ခဲ့ပြီး တိုက်ပွဲတွေပြန်ဖြစ် တယ်။ ဒီထဲမှယှဉ်ပြီး ပြချင်တာ တော့ KIA နဲ့ KNU နှစ်ခုထဲမှ KIA ကမြန်မာအစိုးရနဲ့အပစ်အ ခတ်ရပ်စဲထားတဲ့အချိန်မှ KNU ကတော့အပစ်အခတ်လုံးဝမရခဲ့ ဘူး။ ကျွန်တော်အနေနဲ့ ယုံကြည် မှုပျောက်သွားတာကို ပြန်လည် တည်ဆောက်ဖို့အတွက်ဖို့အတွက် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလမှ လုပ် ငန်းကော်မတီကိုဖွဲ့စည်းပြီး ဦး အောင်မင်းကိုယ်တိုင်သွားပြီး တွေ့ ဆုံခဲ့တယ်။ ဒီလိုတွေ့ဆုံခြင်းဟာ အခုဆိုရင် (၅)ကြိမ်ရှိသွားပြီ။ထိုင်း နိုင်ငံမှဖနွိုင်းမှ(၃)ကြိမ် KIA ဘက် ရှိ ခိုင်းချိုင်း(၂)ကြိမ်တွေ့ဆုံခဲ့တယ်။ ရွှေလီမှာတော့ (၃)ကြိမ်တွေ့ဆုံခဲ့ ပြီး ပထမအကြိမ်တွေ့ဆုံခြင်းဟာ တော်တော်လေးကိုယုံကြည် မှုပျက်ခဲ့တယ်။ ဒါကြောင့် ဖေ ဖော်ဝါရီ(၄)ရက်မှဦးဝင်းအောင် ကသွားရောက်တွေ့ဆုံခဲ့သော ကြောင့် စစ်မဖြစ်တဲ့အခြေအနေ အထိ အဆင်ပြေခဲ့တယ်။ဒီအခြေ အနေကို ကြည့်ခြင်းဖြင့် အပစ် အခတ်ရပ်စဲရေးအတွက် အကောင်း ဆုံးရလဒ်လို့မြင်တယ်။
မေး- ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နဲ့ KIA နှစ်ဦးနှစ်ဖက်ဆွေး နွေးတဲ့အခါမှ ဒုက်္ခသည်တွေ အတွက် ဘာတွေလုပ်ပေးဖို့ ဆွေး နွေးထားတာရှိလဲ။
ဖြေ- ဒီလိုဒုက္ခသည်အဆင့်ထိ ဆွေးနွေးတဲ့အဆင့်ရောက်ဖို့ အတွက် နှစ်ဦးနှစ်ဖက်အပြန် အလှန်နားလည်ယုံကြည်မှုရှိဖို့လို တယ်။ဒါကြောင့် ဦးအောင်မင်း အား KIA အဖွဲ့နဲ့အကြိမ်ကြိမ် တွေ့ဆုံခဲ့တယ်။ ဒီလိုတွေ့ဆုံခြင်း ဟာ ဒုက္ခသည်တွေအတွက်ဖြစ် တယ်။
မေး- ဆရာတို့ဝန်ကြီးဦးအောင် မင်းအဖွဲ့နဲ့ KIA အဖွဲ့ငြိမ်းချမ်း ရေးအတွက်ဆွေးနွေးတဲ့အခါမှာ ဘယ်အချက်တွေကြောင့် ကြန့် ကြာနေတာလဲ။ အဲဒါလေးရှင်းပြ ပေးပါဦး။
ဖြေ- ကျွန်တော်နားလည်ထားတာ တော့ ဒါဟာ ကြန့်ကြာနေတာ လို့ မမြင်ဘူ။ ဒီငြိမ်းချမ်းရေးကို တည်ဆောက်ဆိုတာ လွယ်လွယ် ရတာမဟုတ်ဘူး။ ဥပမာ-ဖိလစ်ပိုင် နိုင်ငံကိုလေ့လာကြည့်လိုက်ရင် အစိုးရနဲ့သူပုန်ကြားငြိမ်းချမ်းရေး ယူဖို့ (၁၆)နှစ်တောင်အချိန်ပေး ခဲ့ရတယ်။ အခု ဦးအောင်မင်းနဲ့ KIA တွေ့ဆုံမှုဟာ ဒီဖိလစ်ပိုင် ထက်စာရင်အင်မတန်ကို အကြိမ် အရေအတွက် နည်းနေသေးတယ်။ နောက်ပြီးအစိုးရနဲ့ KNU အပစ် အခတ်ရပ်ဆဲတာဟာ အခုဆို တစ်နှစ်နဲ့တစ်လပဲရှိသေးတယ်။ တကယ်တော့ ငြိမ်းချမ်းရေးတည် ဆောက်ဖို့ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ဒီလိုမလွယ်ကူလှပေ မယ့် ကျွန်တော်တို့ကတော့ ငြိမ်း ချမ်းရေးရတဲ့အထိလုပ်ဆောင်သွား မယ်။ဖိလစ်ပိုင်နိုင်ငံမှတောင် ဒီ ငြိမ်းချမ်းရေးရဖို့အတွက် (၁၆)နှစ် တောင်ကြာခဲ့တာပဲ။အခု ကျွန်တော် တို့ နိုင်ငံမှအကြိမ်(၅)လောက်ပဲ ရှိသေးတယ်။ ဒါကြောင့် ကျွန်တော် အနေနဲ့ကြန့်ကြာတယ်လို့မထင် ဘူး။နောက်ထပ် အကြိမ်များစွာ တွေ့ဆုံမှုလိုပါသေးတယ်။
မေး- ဆရာတို့အဖွဲ့ KIA အဖွဲ့ တို့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အချက်တွေထဲမှာ ပဋိပက္ခဖြစ်နေ တဲ့နေရာတွေကို နှစ်ဖက်စောင့် ကြည့် ရေးတွေလုပ်မယ်လို့သိရ တယ်။ ဘယ်လိုမျိုးတွေလုပ်မှာလဲ။
ဖြေ- တကယ်တော့ ပဋိပက္ခဖြစ်နေ ရတဲ့ဆိုတာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုမရှိတဲ့အတွက်ကြောင့် ဖြစ်တာပါ။ဒါကြောင့် ကျွန်တော် တို့အဖွဲ့နှစ်ဖွဲ့ယုံကြည်မှုရှိလာရေး အတွက် စောင့်ကြည့်ရေးတွေ လုပ်မယ်။ဒါမှ ယုံကြည်မှုရှိလာ ပြီး ဒီပဋိပက္ခတွေအတွက်အဆင် ပြေနိုင်တယ်။
မေး- ဆရာတို့အဖွဲ့နဲ့ KIA တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုအပြီး ထုတ်ပြန်ချက်ထဲမှာ လိုအပ်တဲ့ အမိန့်ညွှန်ကြားချက်များကို အောက်ခြေတပ်ဖွဲ့အထိရောက်ရှိ ရန် သဘောတူသည်ထုတ်ပြန် ကြေညာချက်အရသိရပါတယ်။ အရင်တစ်တုန်းက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာတိုက်ပွဲအနည်း ငယ်လေးတွေရှိခဲ့တယ်။ အခုလို မဆွေးနွေးရက်အနည်းငယ်တုန်း ကလည်း ပစ်ခတ်မှုလေးတွေရှိခဲ့ တယ်လို့ KIO ဗဟိုကော်မတီဝင် စစ်ရေးအုပ်ချုပ်ရေးရုံးက ဗိုလ်မှူး ကြီးဇော်တောင်က ပြောပါတယ်။ အဲလိုဖြစ်တာလေးတွေဟာ နှစ် ဖက်အောက်ခြေတွေအထိမိန့်/ ညွှန်ကြားချက်တွေမရောက်ရှိလို့ လား။
ဖြေ- အဲလိုမဟုတ်ပါဘူး။ကျွန်တော် တို့ ငြိမ်းချမ်းရေးကိုလက်လှမ်းမီ သလောက် လေ့လာကြည့်တော့ ဒီနေ့ အပစ်အခတ်ရပ်ဆဲရေး စာ ချုပ်ကို ဒီနေ့ထိုးရင်လဲ မနက်ဖြန် လက်ခံနိုင်ဖို့အတွက် ဒါဟာဘာမှ မခက်ခဲဘူး။အခု ကျွန်တော်တို့ လက်မှတ်မထိုးထားဘူး။ဒါပေမယ့် အဲဒါကိုလျော့ချဖို့အတွက်လုပ်ရ မယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးက လူသားတွေပဲ။ နောက် တစ်ခုက အောက်ခြေကိုအမိန့် ရတာ မရတာက အထူးသဖြင့် တပ်မတော်မှအမိန့်တစ်ခုထုတ် လိုက်ရင် အဲဒီအမိန့်ဟာ တဆင့် ပြီးသွားတာမျိုးရှိတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ်စောင့်ကြည့်ပေးပါ။ အဖြေတစ်ခုခုတော့ထွက်လာမှာ ပါ။
မေး- နိုင်ငံတစ်ခုမှ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့အခါ လက်နက်မရှိပဲဖြစ်ဖို့ဆိုတာ ခဲယင်း တဲ့အတွက် လက်နက်တွေကို ရောင်းတဲ့ပွဲစားတွေဆိုတာရှိနိုင် တယ်။ အစိုးရနဲ့ကေအိုင်အေတို့ လက်နက်ကိုင်ပဋိပက္ခနှစ်ရှည်လ များဖြစ်တဲ့အခါမှာ အဲလိုမျိုး လက်နက်ပွဲစားတွေရှိနေနိုင်လား။
ဖြေ- ဒီကိစ်္စနဲ့ပတ်သက်ပြီး ကျွန်တော်သိပ်မကျွမ်းကျင်ပါဘူး။ သေချာတာတစ်ခုကတော့ စီးပွား ရေးအရ အမြတ်ထုတ်တဲ့သူကော ရှိမှာပါ။ဘယ်လိုပုံစံရှိတယ်လို့တော့ မသိဘူး။
မေး- အရင်တုန်းက KIA နဲ့အစိုး ရ ဒီလိုနှစ်ဦးနှစ်ဖက်ပစ်ခတ်တာ ဖြစ်ဖို့ဆိုတာ အရမ်းကိုခဲယင်းတယ် လို့ သိရတယ်။ အခုလို ပဋိပက္ခ ပြန်ဖြစ်ရတဲ့အဓိကအကြောင်း အရင်းက ဘာကြောင့်ဖြစ်မယ်လို့ ထင်ပါသလဲ။
ဖြေ- အဓိကတော့ နှစ်ဦးနှစ်ဖက် ယုံကြည်မှု ပျောက်ဆုံးသွားလို့ စစ်ပြန်ဖြစ်တာပါ။ ဒါကြောင့် နှစ် ဦးနှစ်ဖက်ယုံကြည်မှုပြန်ရအောင် လုပ်ရမှာပေါ့။ တကယ်တော့ ပျောက်ဆုံးနေသော ယုံကြည်မှု ကိုပြန်ရအောင်ပြန်ပြီးတည်ဆောက် ရတာတဲ့ အလုပ်ဆိုတာ တကယ် တော့ မလွယ်ပါဘူး။ဒါပေမယ့် လည်း ပြည်သူလူထုက ငြိမ်းချမ်း ရေးကိုမျှော်လင့်စောင့်စားနေတော့ လူထုနဲ့ဆန္ဒကိုနားလည်ပေးရမယ်။ ပြည်သူလူထုလိုချင်သော ငြိမ်းချမ်း ရေးကို မြန်မြန်ရအောင် ကြိုးစား လုပ်ပေးရမယ်။ ဒီမိုကရေစီကူး ပြောင်းသွားတဲ့နိုင်ငံတော်တော် များများကိုလေ့လာမှအခြေခံ ဥပဒေကိုမပေးလဲဆိုတာ ဥပဒေ အားလုံးကိုပြည်သူလူထုအားလုံး က ဥပဒေကိုကိုယ့်ကိုယကိုလုပ် ယူမှရတယ်။ ဒါကြောင့် ဒီပဋိပက္ခ ရပ်ဖို့ဆိုတာ အစိုးရနဲပပြည်သူ လူထုအားလုံး ပူးပေါင်းနိုင်မှအဆင် ပြေနိုင်မယ်။
မေး- KIA ကပဲ တိုက်ပွဲဖြစ်ဖြစ် အစိုးရကပဲတိုက်ပွဲဖြစ်ဖြစ် တကယ် တမ်းနစ်နာရတဲ့သူတွေက အဲပြည် နယ်တွေက ပြည်သူလူထုတွေပါ ပဲ။ ဆရာတို့ငြိမ်းချမ်းရေးဆွေးနွေး ပြီးတဲ့အခါမှာ သူတို့တွေအတွက် ဘာတွေကိုပြန်လုပ်ပေးဖို့ရှိလဲ။
ဖြေ- အဲဒီကိစ္စနဲ့ပတ်သက်လို့က တော့ အခုချိန်မှ အသေးစိတ် ပြောဖို့ဆိုတာမဖြစ်နိုင်သေးပါဘူး။
မေး- အပြင်မှသတင်းထွက်နေ တာ ၀န်ကြီးဦးအောင်မင်းက ကျန်းမာရေးမကောင်းဘူးဆိုတာ ဟုတ်လား။ အဲဒီအကြောင်းကို ရှင်းပြပေးပါဦး။
ဖြေ- ဟုတ်ပါတယ်။ နှစ်လုံးသွေး ကြောတစ်ခုပိတ်နေပါတယ်။ ကျွန်တော်တို့လို့ငြိမ်းချမ်းရေးအတွက် လုပ်အားပေးနေသူတောင် နှစ် ဆယ်လေးနာရီလုံးလုံးအချိန်မအား ဘူး။ အခုသူက ၀န်ကြီးဆိုတော့ ပိုဆိုးတာပေါ့။
မေး- နောက်ဆုံးအနေနဲ့ဒီငြိမ်း ချမ်းရေးအတွက် ဖြည့်စွတ်ပေး မယ့်စကားရှိရင်ပြောပြပေးပါဦး။
ဖြေ- ဒီမိုကရေစီအကူးအပြောင်း ကာလမှငြိမ်းချမ်းရေးလုပ်ဖို့ဆိုတာ အရမ်းကိုအခက်အခဲရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ရွေး ချယ်မှုမရှိဘူး။အခုမြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်သူ သန်း(၆၀)က ဒီမိုကရေစီအကူးအပြောင်းကာလ မှ ပိုကောင်းတဲ့လူ့အခွင့်အရေးရ ရှိဖို့အတွက် အားလုံးက စိတ်ရှည် သည်းခံပြီးစောင့်ကြည့်နေပါ။ဒီနည်းကလွဲပြီး တခြားဘာနည်း လမ်းမရှိဘူး။ဒါကြောင့်အစိုးရနဲ့ ပြည်သူပူးပေါင်းဆောင်ရွက်သွား ရင်တော့ ဒီငြိမ်းချမ်းမှုဟာ မြန် မြန်ရမှသေချာပါတယ်။
မေး- အခုလိုဖြေကြားပေးတဲ့ ဆရာ ကိုကျေးဇူးတင်ပါတယ်။
ဖြေ- ကျေးဇူးတင်ပါတယ်။
.. www.MyanmarExpress.net

1 comments:
မှန်ပါတယ်ပြည်သူတွေပါလာရင်မြန်လာမှာပါ ဝန်ကြီးဦးအောင်မင်းလူမှုအဖွဲ့ အစည်းတွေကတဆင့်နိုးဆော် နေတာအောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ် အားပေးပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်