From :
..Opposite Eye
အခြေအနေချင်း တူတူတွင် သူများထက် မိမိက ပိုသာသည်၊ သူများက မိမိထက် ညံ့သည်ဟု ဖော်ပြချင်သည့် အခါ သုံးကြသည့် စကားအမျိုးမျိုး ရှိကြ၏။ ဘိန်းစားချင်း အတူတူ၊ တမူး ပိုရှုချင်တယ်။ ဘူဘူ ချင်း တစ် လုပ်ချင်တယ်။ အစရှိသည့် စကားလုံးများကတော့ ပိုပြီး ရင်းနှီး၏။ သို့သော် ယခုအခြေအနေ တစ်ခုတွင်တော့ လေလည်းတာချင်းတူတူ ဟန်ဝင်းအောင်နှင့် လက်ပံတောင်း ဒေသခံတွေ လေလည်တာက ပိုပြီး နံသည်ဟု လက်ညှိုးထိုးသလို ဖြစ်လေမလား ဆိုပြီး တွေးမိလေတော့၏။
ဤသို့ ပြောရခြင်းတွင် မှန်လျှင် မှန်သည့်အတိုင်း၊ မှားလျှင် မှားသည့်အတိုင်း ထောက်ပြတတ်သူများကို မဆို လို။ ယခင် အချိန်များတွင်က သူများဆန္ဒပြတိုင်း ထောက်ခံ၊ သံယောင်လိုက် ၀ါဒဖြန့်ယုံသာမက အားပေးခဲ့ သူများကို ကိုယ့်ကိုကိုယ် ဆန်းစစ်စေချင်၍သာ ဖြစ်သည်။ လွန်ခဲ့သည့် လက်ပံတောင်း ဆူပူမှု နှိမ်နှင်းခြင်း မတိုင်ခင် ရက်ပိုင်းက ကိုယ့် Timeline လေးများကို ပြန်ကြည့်ကြစေချင်သည်။ ကိုယ်လည်း ဘိန်းစားခဲ့သည်။ ကိုယ်လည်း ဘူကျခဲ့သည်။ ကိုယ်လည်း လေလည်ခဲ့သည်။ ထိုသို့ချင်းတူတူ ယခုသူများကျမှ ဘာကြောင့် ပိုနံ သည်ဟု အရှက်မဲ့စွာ ရေးကြသနည်း။ တစ်သက်နှင့်တစ်ကိုယ် နောက်ကွယ်က မြှောက်ပင့်သူများကို ဘယ်အခါ မှ သတိမရသည့် မီဒီယာများ သတင်းရချက်ကလည်း အံ့သြစရာပင် ကောင်းသေးသည်။
၈ လေးလုံးတွင် နောက်ကွယ်က မြှောက်ပင့်သူများကို ပြည်တွင်းက မီဒီယာမျိုးစုံ၊ သမိုင်းမျိုးစုံတွင် ဖော်ပြခဲ့ဖူး သော်လည်း နှစ်ပေါင်း ၂၀ ကျော် မဖော်ထုတ် နိုင်သူများက လက်ပံတောင်းကိစ္စ နောက်ကွယ်က သူများကို နေ့ချင်းညချင်း ဖော်ထုတ်ပေးကြ၏။ ဟိုမှာ ဘာဖြစ်ဖြစ် ဘုန်းမော်၊ တံတားဖြူ၊ တံတားနီ လုပ်ကာ မယောင်ရာ ဆီလူးသူများကလည်း ၈ လေးလုံးကို ရန်ကုန် တက္ကသိုလ်ဘေးကနေ မထွက်သေး။ ၈ လေးလုံး ကာလတွင် ကချင်၊ကယား၊ကရင်၊ချင်း မြန်မာနိုင်ငံအနှံ့တွင် ဘာဖြစ်နေသည် ဆိုတာကို ပြောဖို့ သတိမရကြ။ ရန်ကုန် တစ်ကွက်တွင်မှ ခွေး ၁၀ ကောင် သေသည့် နေရာလောက်သာ ကွက်ပြီး ပြောဆိုနေတုန်း ရှိကာ မယောင်ရာ ဆီလူးကြပြန်သည်။
လက်ပံတောင်းမှ ဒေသခံများ၏ အသံသည် ပြည်သူ့အသံ မဟုတ်ဟု ဆိုသူက ဆိုကြသည်။ ဒေါ်အောင်ဆန်း စုကြည် ခေါင်းစဉ်တပ်ပြီး အပုပ်ချရာမှ အခြေအနေမကောင်းသဖြင့် အမေပြန်လုပ်ပြီး အရှက်မဲ့သည့် ခွန်ဒီးယမ်း လို ၀က်ပေါ Facebook သုံးသူများကလည်း မနည်းမနောပင်။
လက်ပံတောင်း လျော်ကြေး ရသူများတွင် ယခု ဆန္ဒပြသူ အားလုံး မပါနိုင်ပါ။ အိမ်ထောင်စု တစ်စုတွင် အဖေ အမေက လျော်ကြေးရပါက သားသမီးများ မရနိုင်ပါ။ အလုပ်လက်မဲ့ သားသမီးများ တစ်ဦးချင်းစီ အလိုက် အကျိုး မရှိနိုင်ပါ။ ကိုယ်လုပ်မှ ကိုယ်စားရမည် ဖြစ်သည်။ အဲဒီတော့ သူတို့ ခံစားချက်အရ သူတို့သည် ၀မ်ပေါင် ဆီက အထောက်အပံ့လည်း မလိုချင်၊ ဘာမှလည်း မလိုချင်၊ တောင်ကြီးကို သာ လိုချင်သည်ဟု ပြောသည်မှာ လည်း မလွန်။ သူတို့အတွက် လက်တွေ့အကျိုး တစ်ခုမှ မရှိနိုင်သဖြင့် သူတို့ တောင်းဆိုသည်ကို လူမဟုတ်သ ကဲ့သို့ ဆက်ဆံခြင်းသည် မှန်ကန်ပါသလား။ တစ်ချိန်တုန်းကရော ယခု ဘိန်းစားချင်း တူတူ ၁ မူး ပိုရှုချင်သူများ သူတို့လို မအော်ခဲ့ကြဘူးလား။
အစီရင်ခံစာကို ထောက်ခံသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသည်။ ရိုးသားသည့် လယ်သမား ဒေသခံ များကို အသုံးချသည့် ဟန်ဝင်းအောင်၊ ဘထူး ဆိုသူများကို ဒေါသထွက်သည်။ သို့သော် ယခုမှ အရှက်မရှိ လူချင်းမတူသလို မျက်နှာကြီးရာ ဟင်းဖတ်ပါချင်သည့် အရှက်မဲ့သူများကို ကြည့်ပြီး အော့နှလုံးနာလွန်း လှသည်။
ကိုယ့် Timeline လေးများကို နောက်နည်းနည်း ဆုတ်ပြီး သံဃာတွေ မီးမလောင်ခင် အချိန်ကို ဆုတ်ကြည့်ပါ။ ဘုန်းကြီးဟာ ဘုန်းကြီးအလုပ် လုပ်သင့်ကြောင်း သင်ရေးခဲ့သလား၊ ရှယ်ခဲ့သလား။ လက်ပံတောင်း စီမံကိန်း ကြီးဟာ ဒေသခံတွေအတွက် ဘယ်လို အကျိုးရှိစေပါသည် ဆိုသော စကားများကို ထပ်ဆင့်ရှင်းပြခဲ့သလား။ နောက်ကွယ်က ကြိုးကိုင်သူများ ရှိနေသည်။ မီးလောင်သည့်နေ့တွင် သံဃာတော်များ ၃ တန်း တန်းကြပါ။ အရှင်ဘုရားတို့နောက်မှာ တပည့်တော်တို့ ရှိပါတယ် ဟု အော်ခဲ့သည့်သူကို ဘယ်သူဆိုတာ ဖော်ထုတ်ဖို့ ပြော ခဲ့ဖူးသလား။ ပါဖော့မန့်တွေ လုပ်ပြီး ရွာသားများကို အသုံးချ ငွေရဖို့ လုပ်ခဲ့တယ်လို့ တစ်ခွန်းပြောခဲ့ဖူးသလား။ ကိုယ် ဘာလုပ်ခဲ့သလဲဆိုတာကို ပြန်ကြည့်ပြီးမှ ရွာသားများကို ဝေဖန်စေချင်သည်။
အပုပ်ချသည့် အပုပ်အပွများကို စားသောက်ပြီး လေလည်တာချင်းတူတူ ဟန်ဝင်းအောင်၊ဘထူးနှင့် လက်ပံ တောင်း ဒေသခံအချို့က ပိုနံသည်ဟု ယခုမှ အရှက်မရှိ ထအော်သူများကို ကြည့်ရင်း တရားကျရမည်လား၊ ဟားတိုက်ရယ်မော ရမည်လားတော့ တကယ်ကို မပြောတတ်တော့ပေ။
.. www.MyanmarExpress.net

15 comments:
ဘယ်သူတွေက စိတ်ရင်းအမှန်လဲ၊မြန်မာပြည်ကြီးနဲ့ မြန်မာပြည်သူတွေ ကို ခုတုံးလုပ်ပြီး လုပ်စားနေတာတွေ ရပ်တန်းကရပ်ကြပါတော့၊ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နိင်တဲ့ နည်းလမ်းတွေမရှိတော့ဘူးလား၊
ရွာ သား တွေ ကို မြှေင့် တာ ကြည့် ရင် သင် လည်း
အ ခု မှ ဒီလို ရေး ပုံ ထောက် ရင် အ ခု မှ ပိုက် ဆံ ရ လို့ ထင် တယ်
စာ ရေး သူ ကြီး ခင် ဗျား ပုံ တင် လိုက်
ခင် ဗျား က ရော မှား တယ် မှန် တယ် ထောက် ပြ ဘူး လား။ အ ခု မှ လာ ဟောင် မ နေ နဲ့
opposite eye ဆို မှ တော့
စောက်ရူးတွေ သံဃာတွေကို အသုံးချတာ ပြည်သူတွေကို ဆူပူအောင်လုပ်တာ ခုဒေါ်အောင်ဆန်းစုကြည်ကိုလဲ ပြောကြပြန်ပြီ ကဲဘယ်လို လုပ်ကြမလဲ
အားလုံး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ကို ယ်ပိုင်အသိဥာဏ်နဲ့ ပြောဆို လုပ်ကိုင်စေချင် ပါတယ်။
opposite eye ဆိုတဲ့ခွေး မိန်းမလိုမိန်းမရ လေသံနဲ့
ခွေးလိုဟောင် နေပါလားး။
ဟေ့ ကောင် လူ ပါး မ ၀ နဲ့ ။ ငါ တို့ က သ တင်း ရေး မှ ထ မင်း စား ရ တဲ့ ကောင် မ ဟုတ် ဘူး ။ မင်း တို့ မီ ဒီ ယာ တွေ ပဲ ထ မင်း တစ် လုပ် စား ရ ဖို့ အ တွက် မွှေ နေ တာ ။
ဟုတ်လား ယုံပါ ဘူး
အန်တီစုက 2015 မှာ သမ္မတလုပ်ချင်တယ်ဆိုတော့ဒီလိုလေး ပြောချင်ပါသေးတယ်.ဒီလို လုပ်ပေးမယ်၊ ဟိုလိုလုပ်ပေးမယ်နဲ့ပျားရည်နဲ့ဝမ်းချ။ဟိုလို ဖြစ်စေရမယ်၊ ဒီလိုဖြစ်စေရမယ်နဲ့အလွယ်စကားတွေပြောပြီး ဆွယ်တရားတွေလည်းဟော။အော်ဇရာထောင်းပေမယ့် မာယာကောင်းတဲ့ ဒေါင်းကဝေကြောင့်ရိုးသားတဲ့ပြည်သူများခမျာကြားဖြတ်မှာသားသတ်ကို ဓါးအပ်မိပြီလား”” ဆိုပီး နောင်တတွေ ရနေကြပါတယ် ခင်ဗျာ။( လုလင်- ပြောသည် )
ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိက္ခာကျပါတယ်ဗျာ
ဟိုလို လုပ်ပေးမယ်
ဒီလို လုပ်ပေးမယ်နဲ့
ပျားရည် နဲ့ ၀မ်းချ
လျှာဖျား မှာ သကာလူး
ခုမှ တမာဖူးပြီလား။
အလွယ် စကားတွေ ပြော
ဆွယ်တရား တွေ ဟောနဲ့
ဇရာ ထောင်းပေမယ့်
မာယာ ကောင်းတဲ့ ဒေါင်းကဝေကြောင့်
ခြင်္သေ့ ကို အငြိုးထား
ခွပ်ဒါင်းကို ကိုးစား မိကြတဲ့
ရိုးသားတဲ့ ပြည်သူများ ခမျာ
ကြားဖြတ်မှာ
သားသတ် လက်ထဲ
ဒါး အပ်လိုက်မိပြီလား။
““2015 မှာ သမ္မတ လုပ်ချင်တဲ့ အန်တီစု အတွက် ””
( လုလင်- ပြောသည် )
you not intelligent dog
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်