Subscribe to our RSS Feed

ပုံနှိပ်-ထုတ်ဝေ ဥပဒေကြမ်း လွှတ်တော်တွင် ဆိုင်းငံ့သည်ဆိုသည့်သတင်းများ မဟုတ်

From : .popular
 
ပုံနှိပ်-ထုတ်ဝေ ဥပဒေကြမ်းနှင့်ပတ်သက်၍ ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးက ဆိုင်းငံ့လိုက်သည်ဟု သတင်းထွက်ပေါ်နေမှုများ မဟုတ်မှန်ကြောင်း နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်မှ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကပြောသည်။

"အကြောင်းအရာ နှစ်ခုကို အရေးကြီးအဆိုမှာ ပေါင်းတင်လို့ရသလားဗျာ။ မဟုတ်ပါဘူး။ အဲဒီ ဥပဒေကြမ်းက ပုဒ်မ ၇ နဲ့ပတ်သက်လို့ ဒီနေ့ညနေမှာတောင် အလုပ်ရုံဆွေးနွေးပွဲလုပ်ကြသေးတယ်။ သူရ ဦးအေးမြင့်တင်တဲ့ အရေးကြီးအဆိုမှာ အဲဒီ ဥပဒေကြမ်းနဲ့ပတ်သက်လို့ မပါ ပါဘူး" ဟု ဦးမင်းသူကပြောပါသည်။

သူရ ဦးအေးမြင့် ယနေ့တင်သွင်းခဲ့သော အရေးကြီးအဆိုမှာ "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း" ဖြစ်ပြီး၊ ယင်းအဆိုကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်က အတည်ပြုထောက်ခံခဲ့ကြကြောင်းသတင်းရရှိသည်။

 

... www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်