From :
...Myit Makha Mediagroup on 8 Mar, 2013
.
www.MyanmarExpress.net
မတ်လ
၈ ရက်နေ့၊ ၂၀၁၃ ခုနှစ် ဒီချုပ် ညီလာခံ ပထမနေ့အဖြစ် တော်ဝင်နှင်းဆီ၌
ကျင်းပသော်လည်း ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ တက်ရောက်နိုင်ခြင်း
မရှိကြောင်း သိရှိရသည်။
`ပြည်သူ့လွှတ်တော်တက်နေတဲ့အတွက်
ဒေါ်အောင်ဆန်းစုကြည်ကတော့ စနေနေ့မှ တက်ရောက်ပါမယ်။ ဒီနေ့တော့
တက်ရောက်နိုင်မှာ မဟုတ် ပါဘူး`ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက
ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
ပြည်သူ့လွှတ်တော်အစည်းအဝေးရှိနေသောကြောင့် အန်အယ်ဒီညီလာခံကို မတ်လ ၉ ရက်၊
ညီလာခံဒုတိယနေ့မှ တက်ရောက်နိုင်မည် ဖြစ်ကြောင်းကိုလည်း သိရသည်။
ညီလာခံပထမနေ့အခမ်းအနားအား နံနက် ၉နာရီတွင် စတင်ခဲ့ပြီး နာယက ဦးတင်ဦး၊ ဦးဝင်းတင် စသည့် နာယက ကြီးများနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းများမှ
ဗဟိုညီလာခံ ကိုယ်စားလှယ်ပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ၊
အခမ်းအနားအဖွင့် မိန့်ခွန်းကို နာယကကြီး ဦးတင်ဦးက ပြောကြားခဲ့သည်။
အဖွင့်မိန့်ခွန်းတွင်
ပါတီစည်းလုံးရေးမပျက်ပြားရန် လိုအပ်ကြောင်းကို အဓိကထားပြီး
ပြောကြားသွားသည်ဟု အန်အယ်ဒီပါတီ၊ ဗဟိုညီလာခံ ကိုယ်စားလှယ်တစ်ဦးကဆိုသည်။
ညီလာခံ
ပထမအဆင့်အနေဖြင့် ဗဟိုကော်မတီဝင်များ(CC) ၁၂၀ ဦးနှင့် အရံ ၃၀ ဦးကို
မတ်လ ၈ ရက်နေ့၌ ရွေးချယ်မည်ဖြစ်ပြီး ဗဟိုအလုပ် အမှုဆောင်အဖွဲ့(CEC)အား မတ်လ ၉
ရက်နေ့ တွင် ရွေးချယ်သွားမည်ဖြစ်သည်။
`ညီလာခံမှာတော့ပါတီရဲ့
စီစီတွေနဲ့ စီအီးစီတွေကို ရွေးကြမှာဖြစ်ပြီး၊ ပါတီရဲ့ မူဝါဒ ပိုင်းကိုလည်း
ဦးစားပေးဆောင်ရွက်ကြမယ်လို့တော့ ခန့်မှန်းမိပါတယ်`ဟု
ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးက ၄င်း၏အမြင် ကို ပြောသည်။
.
www.MyanmarExpress.net


4 comments:
စိတ်မညစ်နဲ့ဗ မင်းတို့ပါတီ ပျက်တော့မယ်။
အမေစုကျန်းမာပါစေ
အမေစုကျန်းမာပါစေ
ညီလာခံကျင်းပရေး လူကြီးများကို အကြံပြုချင်ပါတယ်၊ ညီလာခံတက်မဲ့ ကိုယ်စားလှယ်တွေကို ဒုတ်၊ ဒါး လက်နက် ကိုင်ဆောင် ခွင့်မရှိတို့၊ ထိုင်ခုံဖြင့် ရိုက်နှက် ပစ်ပေါက်ခြင်းများ ခွင့်မပြုတို့ စာတမ်းချိတ်ဆွဲ ထားသင့်တယ်နော။ ဖြစ်နိုင်ရင် တက်ရောက်သူအားလုံးကို ခန်းမအ၀င်ဝ မှာတင် ရှာဖွေ စစ်ဆေးခြင်းတွေ လုပ်ထားသင့်တယ်၊ ကိုယ့်လူတွေ အကြောင်းလည်း သိသားနဲ့၊ တော်ကြာ မီဒီယာတွေ၊ ဧည့်သည်တွေရှေ့မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်မှဖြင့် ခက်ကရော၊ လူကြီးမင်းတို့ ပါတီမှာက ဗိုလ်လုပ်ချင်တဲ့သူတွေ၊ ထိုင်ခုံလုချင်တဲ့သူတွေက အများသား ဆိုတော့လေ၊ ခုလိုပြောရတာ အားတော့နာပါတယ်၊ စေတနာနဲ့ အကြံပြုတာပါခင်ဗျ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်