Subscribe to our RSS Feed

ဒီမိုကရေစီ ရေဆန်ခရီးနှင့် နောက်ပြန်လှော်သူများ

From : the voice

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ အကောင်အထည် ဖော်နေသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အငွေ့အသက်များ ခံစားထိတွေ့လာရသည်မှာ ၂နှစ်နီးပါး ရှိနေပြီဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာသုံးရပ်ရှိ တာဝန်အသီးသီးကို ထမ်းဆောင်နေကြသူများ၊ စတုတ္ထမဏ္ဍိုင်မှ စောင့်ကြည့် ထိန်းမတ်ပေးနေသော မီဒီယာများ၊ ပဉ္စမမဏ္ဍိုင် ဖြစ်သော ပြည်သူလူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများက အသွင်ကူးပြောင်း ကာလကို အရှိန်တင်ပေးလျက် ရှိနေပါသည်။ ထိုအခြေအနေများက မြန်မာနိုင်ငံကို နိုင်ငံတကာအလယ်တွင် ထွန်းသစ်စ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် မျက်နှာပွင့်စေရန် အရောင်တင်ပေးခြင်းလည်း ဖြစ်ပါသည်။

အသွင်ပြောင်းကာလ ကနဦးအစတွင် ဥပဒေပြုလွှတ်တော်၏ ရှင်းလင်းပြတ်သားသော ဆွေးနွေး၊ ဆုံးဖြတ်ချက်များ၊ ထုတ်ပြန်ကြေညာချက်များ၊ အချေအတင်ဆွေးနွေးမှုများ၊ အုပ်ချုပ်ရေးပိုင်း၏ စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များက ပြည်သူလူထုအား ဒီမိုကရေစီ နိဒါန်းပျိုးပြီဟု ဝမ်းမြောက်ပီတိ ဖြစ်ရလောက်သည် အထိ အားရကျေနပ်စရာ ကောင်းခဲ့ပါသည်။ အထူးသဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများက နိုင်ငံသားအားလုံး အပြင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူ များနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးကပါ အံ့သြ ချီးမွမ်းရသည်အထိ ပြောင်မြောက်ခဲ့ပါသည်။ ထို့ကြောင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အညင်သာဆုံးနှင့် အမြန်ဆုံး အသွင်ကူးပြောင်းနိုင်သော နိုင်ငံတစ်ခုအဖြစ် နိုင်ငံရေးသိပ္ပံပညာဆိုင်ရာ လောကတွင် မှတ်တမ်းတင် ခံခဲ့ရပါသည်။

သို့သော် အခြားတစ်ဖက်တွင်လည်း ရာစုနှစ်ဝက်ခန့် အာဏာရှင်စနစ်အောက်တွင် ဖြတ်သန်းလာခဲ့သော နိုင်ငံတစ်ခု ဖြစ်သောကြောင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် ယခင်စနစ်ဟောင်းနှင့် များစွာ အသားကျလာခဲ့သူ များ၏ မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ဆန့်ကျင်ခုခံမှုများ ရှိနေပါသည်။ ထိုသို့ ဆန့်ကျင်ခုခံသူများတွင် စနစ်ဆိုးကြောင့် ရာထူး၊ သြဇာ၊ အာဏာ၊ ဝင်ငွေ လမ်းဖြောင့်ခဲ့သူများနှင့် စနစ်ဆိုး၏ ဖိနှိပ်မှုကို အကြောင်းပြုကာ ထောက်ပံ့ကူညီမှု များစွာရှိသူများ ဟူ၍ နှစ်မျိုးရှိပါသည်။ စနစ်ပြောင်း၊ လူမပြောင်းပုံစံဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကောင်အထည်ဖော် နေသောကြောင့် ဥပဒေပြု အာဏာနှင့် အုပ်ချုပ်ရေးအာဏာ အတွင်းတွင် ပထမအမျိုးအစား ရှိသူများ ပါဝင်နေပါသည်။ ဒုတိယ အမျိုးအစားတွင်မူ စနစ်ဆိုးကြောင့် ဇာတ်နာသူများကို လက်ညှိုးထိုးကာ ပရောဂျက်ဆွဲ၊ ထောက်ပံ့ငွေ တောင်းပြီး လုပ်ငန်းလည်ပတ် ဆောင်ရွက်စရိတ်များ တစ်နင့်တစ်ပိုး ခံစားနေသူများ ဖြစ်ပါသည်။ အဆိုပါ နှစ်မျိုးစလုံးသည် စနစ်ပြောင်းသွားသည့်အခါ ယခင်တစ်လျှောက်လုံး ခံစားလာခဲ့ရသည့် အခွင့်အရေးများ ပျောက်ဆုံး သွားမည်ကို စိုးရိမ်ကြီးကာ အသွင်ပြောင်း ကာလကို ၄င်းတို့နည်း ၄င်းတို့ဟန်ဖြင့် အသီးသီး ခုခံဆန့်ကျင်နေကြခြင်း ဖြစ်ပါသည်။

ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတွင် ရှိနေသော ဆန့်ကျင်ခုခံသူများသည် ၄င်းတို့နှင့် ချိတ်ဆက်နေသော လိုင်စင်နှင့် ပါမစ်စီးပွားသာ သိသည့် ပညာမဲ့ခရိုနီများ အတွက် အကျိုးမရှိနိုင်သည့် ဥပဒေများကို ကန့်သတ်ခြင်း၊ သတင်း လွတ်လပ်ခွင့် ပေးလိုက်လျှင် ၄င်းတို့ အရေးပါအရာရောက်မှု ဆုံးရှုံးသွားကာ အတိတ်ကလုပ်ရပ်ဆိုးများ ပေါ်လာမည် စိုးသောကြောင့် တစ်ဖက်လှည့် ကန့်သတ်ထိန်းချုပ်သော ဥပဒေကြမ်း များကို ပုံမှန်မဟုတ်သည့် နည်းလမ်းဖြင့် လွှတ်တော်သို့ တင်သွင်းခြင်း၊ နိုင်ငံတော်အဆင့် စီမံကိန်း များတွင် မိမိတို့ကိုယ်ပိုင် ကုမ္ပဏီနှင့် အဆွယ်အပွား ကုမ္ပဏီများကသာ လက်ဝါးကြီးအုပ် ရယူထားခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဒေသအုပ်ချုပ်ရေး အာဏာပိုင်များ ယခင်စနစ်ဆိုး အတိုင်းသာ ရှိနေသေးခြင်း၊ မသိနားမလည်မှုနှင့် ကိုယ်ကျိုးစီးပွားကို အကြောင်းပြုကာ လူအများစု အားကိုသုံးပြီး ဒီမိုကရေစီနည်းဖြင့် အကျပ်ကိုင် ဖိအားပေးလာခြင်း၊ အာဏာတစ်ခုနှင့် တစ်ခုအကြား ပုဂ္ဂိုလ်ရေး ဆန်သော အားပြိုင်မှု ပြင်းထန်လာခြင်း၊ အာဏာအချင်းချင်း အကြား ဒီမိုကရေစီနည်းကျ အပြန်အလှန် ထိန်းညှိမှုထက် မဆီမဆိုင် စွက်ဖက်ထိပါးရန် ကြိုးစားလာခြင်း စသည့် အခြေအနေများက အပျံသင်စ ဒီမိုကရေစီချိုးငှက်ကို အတောင်ချိုး လိုက်သကဲ့သို့ ဖြစ်စေပါသည်။

စနစ်ဆိုးအောက်တွင် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် တတိယနိုင်ငံများတွင် နှစ် ၂၀နီးပါး ရှိနေခဲ့သော နိုင်ငံတကာ အထောက်အပံ့ ဘဏ္ဍာသိုက်ကြီးသည် ကုန်ခဲ့သည့် ၂၀၁၀ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ အတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာသည့်အခါ ထိုဘဏ္ဍာသိုက်ကို အကြောင်းပြု ရပ်တည်ရှင်သန်နေသော အထောက်အပံ့ခံ အင်အားစုအချို့၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်စေပါသည်။ ထိုအခါ ပြည်တွင်းတွင် မလိုလားအပ်သော ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးခြင်း၊ စနစ်ဆိုးအောက်တွင် ဖိနှိပ်ချုပ်ချယ် ခံခဲ့ရသည့် ပြည်သူလူထု၏ မကျေနပ်မှုကို အလွဲနည်းလမ်းဖြင့် နှိုးဆွပေးခြင်း၊ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက စနစ်ဆိုးကာလက နည်းလမ်းများအတိုင်း ဖြေရှင်းလေ့ရှိသည့် အာဏာပိုင်များ၏ လုပ်ရပ်ကို လက်ညှိုးထိုးကာ ယခင်စနစ်အတိုင်း မပြောင်းမလဲ ရှိနေသေးသည်ဟု နိုင်ငံတကာကို ပြသလိုခြင်း စသည့် အခြေအနေများကလည်း ဒီမိုကရေစီလှေကြီးတွင် နောက်ပြန် လှော်နေသည့် သဘော သက်ရောက်နေပါသည်။

မှန်ပါသည်။ ယနေ့မြန်မာနိုင်ငံ၏ အခြေအနေသည် နှစ်ပေါင်းများစွာ ကျောက်ချရပ်နား ထားခဲ့ရာက ဒီမိုကရေစီ ရေဆန်ခရီးကို ရုန်းကန်လှော်ခတ်နေသည့် လှေကြီးတစ်စင်းနှင့် အလားသဏ္ဌာန် တူပါသည်။ ထိုလှေပေါ်တွင် ရှေ့သို့အားစိုက် လှော်ခပ်နေသူများ ရှိသကဲ့သို့ နောက်ပြန်လှော်ခတ် နေသူများလည်း ရှိပါသည်။ ပင်ပန်းဆင်းရဲစွာ အားစိုက်လှော်ခတ်ရမည့် ရေဆန်ခရီး ဖြစ်သည့်အပြင် မိုးသက်မုန်တိုင်းများ၊ ရေသတ္တဝါဆိုးများ၏ အန္တရာယ်ကလည်း ရှိနေပါသည်။ ထိုအခြေအနေ တွင် နောက်ပြန် လှော်ခတ်သူသာ တစ်နေ့တခြား များလာပါက ရှေ့မတိုးနောက်မဆုတ် ဖြစ်ကာ အခန့်မသင့်လျှင် လှေနစ် သွားနိုင်သည်ကို သက်ဆိုင်ရာနယ်ပယ် အသီးသီးအလိုက် ရှေ့ဆောင်ဦးရွက် ပြုနေသူများနှင့် ပါဝင်ပတ်သက်သူ Stakeholder အားလုံး အထူးသတိထားရန် လိုပါကြောင်း။


. www.MyanmarExpress.net
 

1 comments:

ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့တွေ လူ့အခွင့်အရေးဆိုတဲ့အဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက ပြောတာေ၇းတာ ထုတ်လွှင့်တာတွေကိုယုံလို့မ၇ပါဘူး အဲ့ဒီအဖွဲ့တွေက ပြောတာေ၇းတာတွေထဲမှာ မှန်တဲ့အချက်အလက်တွေ ပါတယ်ဆို၇င်တောင် တဝက်တပျက်ဘဲမှန်တာပါ အပြည့်အဝတော့မမှန်ပါဘူး

ပီးတော့ အတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက ဖြစ်၇ပ်တစ်ခုနဲ့ပတ်သက်ပီးေ၇းသားထုတ်လွှင့်၇ာမှာ အဖြစ်အပျက်အပြည့်အစုံကို အ၇ှိကိုအ၇ှိအတိုင်းေ၇းတာထုတ်လွှင့်တာမဟုတ်ဘူး အတိုက်အခံတွေ၇ဲ့ အမှားတွေအပြစ်တွေကို ထိန်ချန်ပီး အစိုး၇ဖက်ကိုဘဲ တစ်ဖက်သတ်အပြစ်တင်ပီးေ၇းထားတာပါ အဖြစ်အပျက်ကိုသတင်းအဖြစ်ေ၇း၇ာမှာ လုံးဝ ထိန်ချန်ပီးေ၇းလို့မ၇တဲ့နေ၇ာမျိုးဆို၇င်တော့ အတိုက်အခံဖက်က အမှားတွေအပြစ်တွေကို ဖေါ့ပီး ပုံပြောင်းပီးေ၇းတာက သူတို့၇ဲ့လုပ်၇ိုးလုပ်စဉ်ပါ

အဲ့မို့ ဖြစ်၇ပ်မှန်တစ်ခုကိုတောင် အဲ့ဒီ အတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက သတင်းအဖြစ် ပြန်ေ၇းပီဆို၇င် အပြည့်အဝယုံလို့မ၇တော့ပါဘူး အချက်အလက်အမှန်တွေကိုတင်ပြတဲ့သတင်း မဟုတ်တော့ပါဘူး သတင်းကသတင်းနဲ့မတူဘဲ အစိုး၇ကိုအတင်းပြောထားတာဖြစ်နေပါတယ်

ဆောင်းပါးတို့ သုံးသပ်ချက်တို့ဆို၇င်တော့ လို၇ာကိုအတင်းဆွဲေ၇းတော့တာဘဲ့ အဲ့မို့ ဒီမိုလုပ်စားမီဒီယာတွေဖက်ကေ၇းတဲ့ ထုတ်လွှင့်တဲ့ ဆောင်းပါးတွေ သုံးသပ်ချက်တွေက မျှမျှတတမ၇ှိဘဲ အစိုး၇ကိုတစ်ဖက်စောင်းနင်းအပုပ်ချထားတာတွေဘဲ များပါတယ်

အဲ့ဒီအတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေဟာ အစိုး၇ဖက်က အပြစ်တွေ အမှားတွေကို ၇ှာပြ ထောက်ပြ၇ာမှာသာေ၇ှာမွေးကို ဗာ၇ာဏသီ ဖြစ်အောင် ချဲ့ကားပီးေ၇းကြတာပါ သူတို့ချဲ့ကားပီးေ၇းစ၇ာေ၇ှာမွေးလောက် သေးတဲ့အပြစ်မျိုး အမှားမျိုးတောင် အစိုး၇ဖက်ကမလုပ်ထားတဲ့အခြေအနေမျိုးဆို၇င်တောင် ဒီမိုလုပ်စားမီဒီယာတွေက အမွေးမ၇ှိတဲ့ေ -ွး ဥမှာ သန်း၇ှာသလို ပြူးပြဲပီး၇ှာနေကြတာပါ မြန်မာအစိုး၇မကောင်းကြောင်း မပြော၇င် သူတို့ကို ထောက်ပံနေတဲ့ နိုင်ငံတကာအလှူ၇ှင်အဖွဲ့အစည်းတွေက ထောက်ပံငွေတွေ လျှော့ချမှာစိုး၇ိမ်လို့ အတိုက်အခံတွေ ဒီမိုလုပ်စားမီဒီယာတွေက အဲ့လိုေ -ွး ဥမှာ သန်း၇ှာနေကြတာပါ

အတိုက်အခံဖက်ကလူတွေ၇ဲ့ အသုံးမကျတာတွေ အကျင့်စာ၇ိတ်တမကောင်းတာတွေ ကလိမ်ကကျစ်ကျတာတွေ အောက်တန်းကျ ယုတ်မာတာတွေ လူမှုေ၇းဖေါက်ပြန်တာတွေ ၇ာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေကိုတော့ တစ်လုံးတစ်လေမှမေ၇းပါဘူး ဒါမျိုးကျတော့ အဲ့ဒီအတိုက်အခံအဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေက ကြောင်တောင်ကန်းနေကြ နှာစေးနေကြ ဆွံ့အ နေကြပါတယ်

အဲ့လိုမို့ အကြောင်းအ၇ာတစ်ခု အဖြစ်အပျက်တစ်ခုနဲ့ပတ်သက်ပီး အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက တစ်လုံးတစ်လေမှ မပြောဘူးမေ၇းဘူး ဆိုတာနဲ့ အဲ့ဒီ အကြောင်းအ၇ာအဖြစ်အပျက်ဟာ မဖြစ်ခဲ့ဘူးလို့သတ်မှတ်လို့မ၇ပါဘူး

ABSDFလူသတ်သမား ဒေါက်တာနိုင်အောင်ေ၇ာ်နယ်အောင်နိုင် တို့ ကချင် ပါဂျောင် မြောက်ပိုင်းABSDF မှာကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကိုကမ်းကုန်အောင်ချိုးဖေါက်ခဲ့တာကို NLDအပါအဝင် ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့အစည်းက ခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက သိ၇က်နဲ့ နှစ်(၂ဝ)ကျော် ဖုံးကွယ်ထားခဲ့တယ်

မြောက်ပိုင်း ABSDFသတ်ဖြတ်မှုတွေနဲ့ပတ်သက်တဲ့ သတင်းစာ၇ှင်းပွဲ (၂)ခုကို (၁၉၉၂)မှာကတဲက နိုင်ငံတော်ကပြုလုပ်ပီး တိုင်းပြည်ကိုတ၇ားဝင် တင်ပြခဲ့ပီးဖြစ်ပါတယ် ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီးစ (၁၉၉၂)မှာကတဲက အဲ့ဒီသတင်းစာ၇ှင်းပွဲ ၂ခုကို နိုင်ငံတော်ပိုင်သတင်းစာတွေမှာဖေါ်ပြခဲ့တာပါ အဲ့ဒီလို နိုင်ငံတော်ကပြည်သူတွေကို တ၇ားဝင်အသိပေးဖေါ်ပြခဲ့တာတောင် အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက မသိချင်ယောင်ဆောင်ခဲ့ကြတာပါ

ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့ လူ(၁ဝဝ)ကျော်ကိုနှိပ်စက်မှု လူ(၄ဝ)ကိုသတ်ဖြတ်မှုတွေကို အတိုက်အခံခေါင်းဆောင်တွေ ဒီမိုလုပ်စားမီဒီယာတွေက ဝိုင်းကာကွယ်ပေးခဲ့ကြတာပါ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့ ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ လူ့အခွင့်အေ၇းချိုးဖေါက်မှုကြီးတွေကို အတိုက်အခံခေါင်းဆောင်တွေ လူ့အခွင့်အရေးဆိုတဲ့အဖွဲ့တွေ ဒီမိုလုပ်စားမီဒီယာတွေအားလုံးက ဝိုင်းဖုံးပေးခဲ့ကြတာပါ

အဲ့လို အတိုက်အခံဖက်က ဒေါက်တာနိုင်အောင် တို့ ကျူးလွန်ခဲ့တဲ့ လူသတ်မှုကြီးတွေ ၇ာဇဝတ်မှုကြီးတွေ လူ့အခွင့်အေ၇းချိုးဖေါက်မှုကြီးတွေကို ထိမ်ချန်ဖုံးကွယ်ပေးတတ်တဲ့ မ၇ိုးမသားလုပ်နေကျ NLDအပါအဝင် ပြည်တွင်းပြည်ပအတိုက်အခံအဖွဲ့အစည်းတွေ ဒီမိုလုပ်စားမီဒီယာတွေကို ယုံလို့မ၇ပါဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်