From : myanma age
www.MyanmarExpress.net
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
မကြာမီက တရုတ်တွင် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်
ရေးအဖွဲ့(ကေအိုင်အို)တို့အကြား ရရှိခဲ့သည့် ဆွေးနွေးပွဲရလာဒ်
များကို ကြိုဆိုလိုက်ပြီး ရေရှည်ခံသည့် အပစ်အခတ်ရပ်စဲရေး
သဘောတူ ညီချက်ရရှိ အောင် ကြိုးစားကြရန် တိုက်တွန်းပြော
ကြားလိုက်သည်။
ကုလသမဂ္ဂမှ ထုတ်ပြန်သော ကြေငြာချက်ထဲတွင် မစ္စတာဘန်၏
ပြောခွင့်ရပုဂ္ဂိုလ်က “အထွေထွေအတွင်းရေးမှူးချုပ်က ဆွေးနွေးမှု
တွေမှာ ပါ ဝင်နေတဲ့အဖွဲ့တွေကို အပစ်အခတ်ရပ်စဲရေးဆီ ရောက်
အောင်၊ မျှတ ၊စစ်မှန်ပြီး တာရှည်ခံတဲ့ဖြေရှင်းချက် ဖြစ်အောင် တိုက် တွန်းထားပါတယ်။ ဒါမှသာ မြန်မာနိုင်ငံသားအားလုံးဟာ နိုင်ငံလွတ်
လပ်ရေး ရကတည်းက ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းရေးကို ရရှိ
နိုင်မှာ ဖြစ်ပါတယ် ”ဟု ပြောကြားသည်။
မြန်မာအာဏာပိုင်များသည် ပြီးခဲ့သည့် ဇန်နဝါရီတွင် ကချင်တပ်
များအား သုံးပတ်ဆက်တိုက် ထိုးစစ်ဆင်ခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲ ကြောင်း ကြေငြာခဲ့သည်။
ကချင်တွင် ၂၀၁၁ ဇွန်တွင် အစိုးရတပ်များနှင့် ကချင်တပ်များ
အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဒုက္ခသည် ၇၅,၀၀၀ ခန့်
နေအိမ်များမှ စွန့် ခွာထွက်ပြေးခဲ့ရသည်။
ယမန်နေ့ ကထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ ကြေငြာချက်
ထဲတွင် အထွေထွေအတွင်းရေးမှူးက မြန်မာအစိုးရနှင့်
ကချင်တို့၏ဆွေးနွေးမှုများ ပြုလုပ်ရေး အားထုတ်ချက်များကို
ကြိုဆိုကြောင်း၊ ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင်လည်း နှစ်ဖက်လုံးကို မိမိတို့က ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်