From :
.dvb
နိုင်ငံရေးပါတီ ထူထောင်ဖို့ ကိစ္စရပ်ဟာ အဖွဲ့ရဲ့ စဉ်းစားချက်တွေထဲက တခု အပါအ၀င်ဖြစ်ပေမယ့် အဖွဲ့ဝင်အားလုံးရဲ့ သဘောတူညီချက် ရယူတာ မရှိသေးဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးအဖွဲ့မှူး ဦးဇော်မင်းက ပြောပါတယ်။
“ကျနော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး မကြာခဏ အစည်းအဝေးထိုင်ဖြစ်တယ်။ ဘာတွေဖြစ်နိုင်တယ်
ဆိုတဲ့ ရှေ့သွားမယ့် ပုံသဏ္ဌာန်တွေကို စကားပြောဖြစ်ကြတယ်။ ပါတီထောင်မယ့်သူက
ပါတီထောင်ပေါ့။ ဒီအတိုင်း ဆက်သွားမယ့်သူက သွားပေါ့ ပုံစံမျိုးပြောကြတယ်။
ဒါပေမယ့် အစည်းအဝေးဆုံးဖြတ်ချက်လိုမျိုး ကျနော်တို့က ပါတီထောင်ပါမယ်လို့
မရှိသေးပါဘူး။ ဘယ်သူမဆို၊ ဘယ်အဖွဲ့အစည်းမဆို စဉ်းစားချက်တွေတော့ ရှိတယ်။
ရှေ့အလားအလာအတွက်လေ။ စဉ်းစားချက်အနေနဲ့ပဲ စကားပြောတာ ရှိပါတယ်။
ဆုံးဖြတ်ချက်တခုအနေနဲ့ ဒါလုပ်ပါမယ်လို့ ဆုံးဖြတ်တာတော့ မရှိသေးဘူး။”
နိုင်ငံရေးပါတီ ထူထောင်ပါက နိုင်ငံရေးဘက်ကို ဘယ်သူတွေက ကူးပြောင်းမလဲဆိုတာ ကိုလည်း ပြောလို့မရသေးဘူးလို့ သူက ပြောပါတယ်။
အစည်းအဝေးဆုံးဖြတ်ချက်အရ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းအနေနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး၊ နိုင်ငံသားတန်ဖိုးမြင့်တင်ရေး၊ တရားမျှတမှု ပေါ်ပေါက်ရေးတွေကို ဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ်မှာ ရပ်တည်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေနဲ့ လိုအပ်ချက်တွေ အားလုံးကို ဆက်လုပ်သွားမယ် လို့လည်း ဦးဇော်မင်းက ပြောပါတယ်။
“၈၈ ကတည်းကနေ အခုထိ နိုင်ငံရေးလုပ်ခဲ့ကြတယ်။ လိုအပ်တဲ့ကိစ္စတွေကို ၀င်ဖြည့်ကြတာပါ။ နိုင်ငံရေးအရဖြစ်စေ၊ အမျိုးသားရေးလိုအပ်ချက်အရဖြစ်စေ ၊ နိုင်ငံသားတန်ဖိုးမြှင့်တင်ရေးအ ရဖြစ်စေ၊
ဒီမိုကရေစီပုံဖော်မှု သို့မဟုတ် စစ်မှန်ရေးအရဖြစ်စေ
လိုအပ်ရင်လိုအပ်တဲ့အလုပ်တွေကို လိုအပ်တယ်လို့ ယူဆရင်
အချိန်မီလုပ်ဆောင်သွားမှာပါ။ ကျနော်တို့အားလုံးဟာ လိုအပ်တဲ့ ကွက်လပ်တွေကို
ဝင်ဖြည့်နေတာပါ။ အခုထိက ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်းနိုင်ငံရေးမှာ
လှုပ်ရှားနေချိန်မှာ ကျနော်တို့တွေက နိုင်ငံသားတန်ဖိုးမြှင့်တင်ရေး။
ဒီမိုကရေစီအပြောင်းအလဲမှာ နိုင်ငံသားတွေအားလုံး လိုက်ပါနိုင်ရမယ်။
နိုင်ငံသားတွေအတွက် အခွင့်အရေးရှိရမယ်။ တာဝန်ရှိရမယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့သွားနေတာ။ ပြောင်းလဲလာတဲ့ နိုင်ငံရေးလိုအပ်ချက်အရ
လိုက်လံဖြည့်ဆည်းမှုအားလုံးက အဆင်သင့်ရှိနေတယ်။ ဒါတွေကတော့
ဆက်လုပ်သွားမှာပါ။”
၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဌေးကြွယ်ကတော့ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံရေးပါတီ ထူထောင်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
.. www.MyanmarExpress.net
နိုင်ငံရေးပါတီ ထူထောင်ဖို့ ကိစ္စရပ်ဟာ အဖွဲ့ရဲ့ စဉ်းစားချက်တွေထဲက တခု အပါအ၀င်ဖြစ်ပေမယ့် အဖွဲ့ဝင်အားလုံးရဲ့ သဘောတူညီချက် ရယူတာ မရှိသေးဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးအဖွဲ့မှူး ဦးဇော်မင်းက ပြောပါတယ်။
“ကျနော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီ
နိုင်ငံရေးပါတီ ထူထောင်ပါက နိုင်ငံရေးဘက်ကို ဘယ်သူတွေက ကူးပြောင်းမလဲဆိုတာ ကိုလည်း ပြောလို့မရသေးဘူးလို့ သူက ပြောပါတယ်။
အစည်းအဝေးဆုံးဖြတ်ချက်အရ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းအနေနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး၊ နိုင်ငံသားတန်ဖိုးမြင့်တင်ရေး၊ တရားမျှတမှု ပေါ်ပေါက်ရေးတွေကို ဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ်မှာ ရပ်တည်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေနဲ့ လိုအပ်ချက်တွေ အားလုံးကို ဆက်လုပ်သွားမယ် လို့လည်း ဦးဇော်မင်းက ပြောပါတယ်။
“၈၈ ကတည်းကနေ အခုထိ နိုင်ငံရေးလုပ်ခဲ့ကြတယ်။ လိုအပ်တဲ့ကိစ္စတွေကို ၀င်ဖြည့်ကြတာပါ။ နိုင်ငံရေးအရဖြစ်စေ၊ အမျိုးသားရေးလိုအပ်ချက်အရဖြစ်စေ
၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဌေးကြွယ်ကတော့ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံရေးပါတီ ထူထောင်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
.. www.MyanmarExpress.net

.jpg)

2 comments:
ကိုယ့်အချင်းချင်းတောင် မညီညွတ်ပဲ ဖာသယ်မပါးစပ်လို
လျှောက်ပြောနေတဲ့ ၈၈ နွားများးး
ပါတီထောင်ပီး ပြည်သူအချင်းချင်း သွေးလိုက်ခွဲကြမယ်ဟေ့ မင်းကိုနိုင် ရေ ပုံ ကိုကိုကြီး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်