From :Myit Makha Mediagroup
www.MyanmarExpress.net
ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ
ကျောင်းလခတိုးမြှင့်ကောက်ခံခြင်းအပေါ်တွင်ကျေနပ်မှုမရှိသောကြောင့်
ကျောင်းသားမိဘများမှ စုပေါင်း၍သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ
နိုင်ငံတော်အဆင့်အထိ တိုင်ကြားသွားမည်ဟုသိရသည်။
အဆိုပါရှင်းလင်းပွဲအားရွှေတိဂုံဘုရားမြောက်ဖက်မှဒ် အနီးရှိ M3 ခန်းမ၌ မတ်လ (၅) ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ Horizon
ကျောင်းမှတာဝန်ရှိသူများနှင့်ကျောင်းသားမိဘများ တွေ့ဆုံညှိနှိုင်းမှုကို
ပြီးခဲ့သည့် မတ်လ(၃)ရက်နေ့ကပြုလုပ်ခဲ့သော်လည်းပြေလည်မှုမရရှိခဲ့ကြောင်း
ကျောင်းသားမိဘများထံမှ သိရသည်။
“အဲဒီ့နေ့တွေ့ဆုံတာက
မိဘတွေကိုခေါ်ပြီး သက်သက်အချိန်ဖြုန်းတာပဲ။တစ်ခုမှ အဆင်မပြေခဲ့ဘူး။ ”ဟု
ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဦးလှရွှေကပြောသည်။
ကျောင်းသားမိဘများဘက်မှ
တောင်းဆိုထားသောအဓိကအချက်များမှာကျောင်းလခများအား အဆမတန်တိုးမြှင့်ခြင်း
မပြုရန်နှင့်တိုးမြှင့်မည်ဆိုပါက
ကျောင်းသားမိဘများအားကြိုတင်ခေါ်ယူရှင်းပြရန်၊ ကျောင်းသား/သူများအား
ခွဲခြားဆက်ဆံခြင်း မပြုရန်၊ ခန့်အပ်ထားသော ဆရာ/မ များ၏အရည်
အချင်းနှင့်ပတ်သက်၍ ပွင်းလင်းမြင်သာစွာထုတ်ဖော်ပြောဆိုပေးရန်
တို့ဖြစ်ကြောင်း သိရသည်။
“၂၀၁၁
ခုနှစ်မှာ ကျောင်းလခက (၄၃)သိန်း၊ ၂၀၁၂ ခုနှစ်မှာ (၅၃)သိန်း၊ အခု၂၀၁၃ မှာ
၆၅ သိန်း ဖြစ်သွားတယ်။ ရှိသမျှ Horizon
ကျောင်းအကုန်လုံးမှာကျောင်းသားပေါင်း ၂၀၀၀(နှစ်ထောင်)လောက်ရှိတယ်။ အဲဒီတော့
ပိုက်ဆံကနည်နည်းမှ မဟုတ်တာ။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တော့
ပေးသင့်တယ်”ဟု၉တန်း ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူ ဦးလှရွှေကပြောသည်။
Horizon
ကျောင်းသည် ယခင်က ကျောင်းလခများအား ဒေါ်လာဖြင့်သာလက်ခံခဲ့ခြင်းဖြစ်ပြီး
မြန်မာငွေဈေး ပြန်လည်ခိုင်မာ လာသောအခါ ၂၀၁၂ခုနှစ်ပညာသင်နှစ်မှစတင်ကာ
မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံကြောင်းကျောင်းလခများ
တက်တော့မည်ဆိုပါကလည်း ကျောင်းသားမိဘများအား ကြိုတင်ခေါ်ယူအသိပေးသင့်ကြောင်း
ကျောင်းသားမိဘတို့က ဆိုသည်။
“ကျွန်တော်ထင်ပါတယ်
ဘယ်အဖွဲ့အစည်းကမှ သူတို့ရဲ့ Customerတွေကို ဈေးဘယ်လောက်တက်မယ်၊
မတက်ဘူးဆိုပြီး ညှိတာတော့ ထုံးစံမရှိပါဘူး။ကျွန်တော်တို့ဘက်က
လိုအပ်ချက်တွေကို ကျွန်တော်တို့ အသိဆုံးပါ။ မိဘတွေဘက်ကဈေးတက်တာ တစ်ခုပဲ
သိပါတယ်”ဟု Horizon (An IB World School) မှ ကျောင်းအုပ်ကြီးMr.Vugar Babayev ကပြောသည်။
Horizon
ကျောင်းအနေဖြင့် ကျောင်းလခများတိုးမြှင့်ကောက်ခံမည်ကိုဇန်န၀ါရီလမှ စတင်
အကြောင်း ကြားကြောင်း ၊ မြန်မာတစ်နိုင်ငံလုံးရှိ Horizonကျောင်းတိုင်းကို
ဈေးနှုန်းတိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ကြီး Mr.Vugar Babayev ကပြောသည်။
Horizon
ကျောင်းကို ၂၀၀၁ ခုနှစ်တွင်
စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင် Horizon ကျောင်း(၇)ကျောင်း
ရှိပြီးရန်ကုန်မြို့တွင် (၅)ကျောင်းနှင့် မန္တလေးမြို့တွင်
(၂)ကျောင်းရှိပြီးကျောင်းသား/သူ ပေါင်း (၁၅၀၀)ကျော် ရှိကြောင်းသိရသည်။
Horizonကျောင်းတွင် ကျောင်းသားတစ်ဦး၏ တစ်နှစ်ကျောင်းစရိတ်မှာ ပျမ်းမျှ ငွေကျပ်သိန်း(၅၀)၀န်းကျင် ကျသင့်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။


2 comments:
Horizon school is own by Turkish 786 school. So Myanmar parents must must boycott the school. They done that with specific reason. To not let them do business in Myanmar.
ha ha nonsences
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်