Subscribe to our RSS Feed

ရုရှားက မြန်မာနှင့် စစ်ရေး ပူးပေါင်းမှု ပိုမိုလုပ်ဆောင်လို

From :mizzima



ရုရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergei Shoigu က မြန်မာနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်း   ဆောင်ရွက်မှုများ ပိုမိုတိုးတက် လုပ်ဆောင်နိုင်ရေး အတွက် ၎င်း၏ မြန်မာပြည် ခရီးစဉ်အတွင်း အနီးကပ် ကြိုးစားနေကြောင်း အိန္ဒိယနိုင်ငံထုတ် Deccan Herald သတင်းစာက ရေးသားသည်။

“စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားမှုနှင့် ပါတ်သက်ပြီး ကျနော်တို့ ကာကွယ်ရေးဝန်ကြီး ဌာနမှာ ပူးပေါင်း   ဆောင်ရွက်မှုများအတွက် အခွင့်အလမ်းသစ်များ ဖြစ်ပေါ်လာလိမ့်မယ်လို့ စဉ်းစားမိပါတယ်” ဟု ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် တွေ့ဆုံပြီးနောက် ဗိုလ်ချုပ်ကြီး Sergei Shoigu ပြောဆိုသည်။

မြန်မာ အစိုးရ တပ်ဖွဲ့များမှာ ဆိုဗီယက်နှင့် တရုတ်လုပ် စစ်လက်နက် ပစ္စည်းများကို တပ်ဆင် အသုံးပြု ခဲ့ကြပြီး အများစုမှာ ခေတ်မမီတော့ပေ။

 


ရုရှား အပါအဝင် ဥရောပနှင့် အမေရိကန်တို့မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများကို လက်နက် တင်သွင်း မှုမှ လွဲ၍ အားလုံးကို ဖယ်ရှားခဲ့ပြီး ဖြစ်သည်။

နှစ်နိုင်ငံအနေဖြင့် ရှေ့လျှောက် ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများတွင်ပါ ဆက် လက်ပူးပေါင်း လုပ်ဆောင် သွားနိုင်မည်ဟုလည်း ရုရှား ဝန်ကြီးက ဆက်ပြောသည်။

ဇန်နဝါရီလအတွင်းက ရှရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrovနေပြည်တော်သို့ လာရောက်စဉ် ကလည်း   မြန်မာအပေါ်ကျန်ရှိသည့် စီးပွားရေးပိတ်ဆို့မှု အားလုံး ဖယ်ရှားပေး ရန် နှိုးဆော်ခဲ့သေးသည်။

မတ်လ ၄ ရက်နေ့က နေပြည်တော်၌ ရုရှား ကာကွယ်ရေး ဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာ ရေတပ် ဦးစီးချုပ်ဟောင်း ဦးဉာဏ်ထွန်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးဇင်ယော်၊ သမ္မတရုံးမှ ညွှန်ကြားရေး မှူးချုပ်နှင့် အခြား တာဝန်ရှိသူများ တက်ရောက်ကြကြောင်း မြန်မာ့အလင်း သတင်းစာ တွင်   ဖော်ပြ ထားသည်။

 

မြန်မာကျောင်းသားများ မော်စကို တက္ကသိုလ်တွင်ပညာသင်ကြားခွင့်ပြုမည့် အစီအစဉ်များရှိကြောင်း လည်း   ဖော်ပြပါရှိသည်။

ထိုနေ့တွင်ပင် ရုရှား ကာကွယ်ရေးဝန်ကြီးသည် နေပြည်တော်တွင်မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ခင်အောင်မြင့် တို့နှင့်အတူ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ သီးခြား တွေ့ ဆုံခဲ့ကြသေး သည်။

  www.MyanmarExpress.net
 

1 comments:

Dart pon hte ka sitt tha mee tway nalt pal paung chin del.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်