Subscribe to our RSS Feed

စစ်တွေအပါအ၀င် ၆ မြို့နယ်မှ ပြည်သူများ နိုင်ငံသားမဟုတ်သူများအား အခွင့်အရေးမပေးရန် ဆန္ဒထုတ်ဖော်

From :Myit Makha Mediagroup 
 


ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၆)မြို့နယ်မှ ရခိုင်တိုင်းရင်းသားပြည်သူများအနေဖြင့် နိုင်ငံသား မဟုတ်သူများအား   နိုင်ငံသားအခွင့်အရေး မပေးရန် အပါအ၀င် ဘင်္ဂလီအရေး ပွင့်လင်းစွာဆောင်ရွက်ရန်၊ တိုင်းရင်းသားဆန္ဒ မပါပဲ ဒေသအရေးမဆောင်ရွက်ရန်စသည့်အချက်များအတွက် မတ်လ(၇)ရက်နေ့က မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်ခဲ့သည်။
 
အဆိုပါဆန္ဒထုတ်ဖော်မှုမှာ၊ စစ်တွေမြို့နယ်၊ ကျောက်ဖြူ၊ သံတွဲ၊ မြေပုံ၊ တောင်ကုတ်၊ ကျောက်တော်မြို့နယ် များ၌ ယနေ့ မတ်လ(၇)ရက်နေ့တွင် မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
 
 နိုင်ငံသားမဟုတ်သူများအား နိုင်ငံသားအခွင့်အရေးမပေးရန်၊ ဘင်္ဂလီများအား အိမ်ဆောက်ပေးမည့်ကိစ္စအား လူသိသည့် အခါမှ မဟုတ်ပါလို့ ငြင်းချက်ထုတ်နေသည့် တာဝန်ရှိသူအားလုံးအား ကန့်ကွက်ကြောင်း၊ ဘင်္ဂလီမှာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် မစစ်ဆေးပဲ မြေပိုင်အိမ်ပိုင်လုပ်ပေးမည့်ကိစ္စအား အပြင်းအထန် ကန့်ကွက်ကြောင်း၊ တရားမ၀င်နေထိုင် သူများအား ဥပဒေကြောင်းအရ အမြန်ဆုံးအရေးယူပေးရန်၊ ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် စသည့်အချက်များအတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်းကိုလည်း စစ်တွေ မြို့ခံတို့က ဆိုသည်။
 
" အဓိကကတော့ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားကိုလေးစားဖို့ပါ၊ တိုင်းရင်းသားတွေရဲ့ဆန္ဒမပါပဲ ဒေသအရေးကို မဆုံးဖြတ်ဖို့လည်း ပါတယ်"ဟု ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သူ စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
 
၎င်းတို့အနေဖြင့် ဘင်္ဂလီအရေးကိုင်တွယ်ဖြေရှင်းသည့်အခါတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် လိုလားကြောင်းကိုလည်း သိရသည်။
 
ယနေ့တွင် မြိုနယ်(၆)မြို့နယ်မှ ပြည်သူများ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်းနှင့် မနက်ဖန်၌ ရသေ့တောင်မြို့နယ်မှ   ပြည်သူများကပါ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း စစ်တွေမြို့ခံများထံက သိရသည်။

  www.MyanmarExpress.net
 

2 comments:

All Myanmar and Rakhine people must protest in Yangon and other cities in Rakhine state and Myanmar.

ကောင်းတယ်ကွာ ရခိုင်ညီအစ်ကိုမောင်နှမတွေ အားပေးတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်