Subscribe to our RSS Feed

အိန္ဒိယရေတပ်ရွက်သင်္ဘောတစ်စင်း စစ်တွေသို့ ဆိုက်ကပ်

From :Myit Makha Mediagroup 
 


အိန္ဒိယ-အာဆီယံ ပူးပေါင်းမှု  အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ ရေတပ်ရွက်သင်္ဘော STS Sudarshini  မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မတ်လ ၆ရက်နေ့  နေ့လည်ပိုင်းက  ဆိုက်ကပ်ခဲ့သည်။
 
 အဆိုပါ ရေတပ်သင်္ဘောတွင်  လူ(၆၀)ပါဝင်ပြီး   အကြိမ် (၂၀)မြောက် အိန္ဒိယနိုင်ငံ အာဆီယံဆွေးနွေးမှု အထိမ်းအမှတ်အဖြစ်    မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 
  ယနေ့  မတ်လ (၇)ရက် ညနေ ၃နာရီတွင်  စစ်တွေမြို့  စစ်တွေဟိုတယ် (Royal SittwayResort)တွင် အိန္ဒိယ  မြန်မာစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်  ပြုလုပ်မည်ဖြစ်သည်။
 
  “အိန္ဒိယ အာဆီယံ ပူးပေါင်းမှု အထိမ်းအမှတ်အဖြစ်လာတာလို့တော့  အကြမ်းအားဖြင့် သိထားတယ်၊ ဒီကနေ့မှာရခိုင်မှာ ရှိတဲ့လုပ်ငန်းရှင်တွေနဲ့စီးပွားရေး ကိစ္စရပ်တွေ ဆွေးနွေးကြမယ်ဟု ပြည်နယ်အစိုးရအဖွဲ့မှ အရာရှိတစ်ဦးက ဆိုသည်။
 
အိန္ဒိရေတပ် သင်္ဘောမှာ စစ်တွေမြို့တွင် မတ်လ ၆ရက်မှ ၉ရက်ထိ ၃ရက်တာ ဆိုက်ကပ်မည်ဖြစ်သည်။
 
 အဆိုပါ အိန္ဒိယ အာဆီယံ ပူးပေါင်းမှုအခမ်အနား အထိမ်းအမှတ်အဖြစ် Maker Event တွင် ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (RSCCI) မှလည်း တက်ရောက်ဆွေးနွေးကြမည်။
 
     ရခိုင်ပြည်နယ်၌  အိန္ဒိယနိုင်ငံ၏ရင်းနှီးမြှပ်နှံမှုဖြစ်သော ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းရှိပြီး အဆိုပါစီမံကိန်းမှာ ယခုနှစ်အတွင်း ပြီးစီးမည်ဖြစ်သည်။

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်