From :Myit Makha Mediagroup
www.MyanmarExpress.net
၂၀၁၂-၂၀၁၃
ဘဏ္ဍာနှစ်အတွင်း နိင်ငံခြားသို့ သစ်သီး တင်ပို့မှု့မှ ရရှိသော ၀င်ငွေမှာ
လွန်ခဲ့သော နှစ်များကထက် ၂၅ %ကျော်အထိ တိုးလာကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“ပြီးခဲ့တဲ့
ဘဏ္ဍာနှစ် (၂) နှစ်လုံးထက်စာရင် ဒီနှစ်ကပိုရလာတယ်လို့ပြောလို့ရတယ်။
တရုတ်ကိုပို့တဲ့ နယ်စပ်ကုန်သွယ်ရေး စာရင်းအရဆို မနှစ်ကထက်ဒေါ်လာ ၄ သန်းလောက်
ဒီနှစ်ပိုရတယ်။” ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၁-၂၀၁၂
ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသို့ စုစုပေါင်း
တင်ပို့ရောင်းချသောသစ်သီးတန်ချိန်ထောင်ပေါင်း ၃၇၅.၆၀၅ ရှိပြီး စုစုပေါင်း
ရရှိသောဝင်ငွေမှာကန်ဒေါ်လာ ၆၈.၆၆၂ သန်း ရှိသည့် အနက် နယ်စပ်ကုန်သွယ်ရေးမှ
တင်ပို့သည့်သစ်သီး ကီလိုထောင်ပေါင်း ၂၉၉၂၆၅ ရှိပြီး ကန်ဒေါ်လာ ၅၄.၃၉ သန်း
ရှိခဲ့သည်။
ယခုဘဏ္ဍာနှစ်
ဖေဖော်ဝါရီလနောက်ဆုံးပတ် စာရင်းအရစုစုပေါင်း တင်ပို့ရောင်း ချသော
သစ်သီးတန်ချိန် ထောင်ပေါင်း ၃၆၇.၀၉၀ ခန့် ရှိကာ စုစုပေါင်း ရရှိသော
ဝင်ငွေမှာ ကန်ဒေါ်လာ ၈၅.၈၄၀ သန်း ရရှိနေသည့် အနက် နယ်စပ် ကုန်သွယ်ရေးမှ
တင်ပို့သည့် သစ်သီး ကီလိုထောင်ပေါင်း ၃၂၃၇၅၄ ရှိနေပြီး ကန်ဒေါ်လာ ၅၈.၈၀၅
သန်းရှိနေပြီ ဖြစ်ကြောင်းစီးပွားကူးသန်းမှ စာရင်းဇယားအရ သိရသည်။
မြန်မာနိုင်ငံမှ
တင်ပို့ရောင်းချနေသော သစ်သီးများကို
တရုတ်နိုင်ငံသို့အဓိကတင်ပို့နေခြင်းဖြစ်ပြီး စင်င်္ကာပူ နိုင်ငံနှင့်
မလေးရှားနိုင်ငံ တို့ကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
တင်ပို့သော
သစ်သီးများမှာ ဖရဲသီး၊ သခွားမွှေးနှင့် စပျစ်သီးများ
အဓိကထား၍တင်ပို့နေရကြောင်း ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊
ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့
ရောင်းချသူများအသင်းမှအထွေထွေအတွင်းရေးမှူး ဦးစိုးသန်းမင်းဒင်က ပြောသည်။
“ဘဏ္ဍာနှစ်က
ဧပရယ်လမှာမှ ကုန်မှာဆိုတော့
တက်လာတယ်လို့ပြောလို့ရတယ်။နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်နိုင်ငံ
ကိုအဓိကတင်ပို့ရောင်းချရတယ်။ Over Sea ကတော့ စင်္ကာပူနိုင်ငံနဲ့ မလေးရှားကို
တင်ပို့ရတယ်။” ဟု အထွေထွေ အတွင်းရေးမှူး ဦးစိုးသန်းမင်းဒင်က ပြောသည်။
ရာသီအလိုက်စိုက်ပျိုးရသော
သီးနှံများဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏သစ်သီးများပြည်ပသို့ တင်ပို့မှု့မှာ
ရာသီဥတု အကောင်းအဆိုးနှင့်တရုတ်နိုင်ငံ၏ ၀ယ်လိုအားပေါ်တွင် မှုတည်ကာ
ဈေးကွက်ဖြစ်နေကြောင်းကုန်သည်များတို့က ဆိုသည်။


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်