From :mrtv4
www.MyanmarExpress.net
ရန်ကုန်
အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို လေဆိပ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်
နိုင်ရေးနဲ့ Business Airport အဖြစ် ဆောင်ရွက်ဖို့ အတွက် ပဏာမ
အရည်အချင်း စစ်ဆေးခြင်း လုပ်ငန်းကို နိုင်ငံတကာ စံချိန်စံညွှန်းရ အဖွဲ့နဲ့ စိစစ်ခဲ့ပြီး လုပ်ငန်းရှင် များအား တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်း လုပ်ငန်း များကို ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
ဒီလို ပြုလုပ်ရာမှာ ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များကို ဖိတ်ခေါ် ရှင်းလင်းခြင်း၊ ရွေးချယ်ရေး အဖွဲ့ ဖွဲ့စည်းခြင်း၊ လေဆိပ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် အကြို အရည်အချင်း ဆန်းစစ်ရန် ကုမ္ပဏီများ ခေါ်ယူခြင်းနဲ့ အကြို အရည်အချင်း အောင်မြင်တဲ့ အဖွဲ့အစည်း အမည် ကြေညာခြင်း အစရှိတဲ့ လုပ်ငန်း တွေကို ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးရေး လုပ်ငန်း အတွက် ၂၀၁၃ ခုနှစ် မတ်လ ၄ ရက်နေ့မှာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနဲ့ တင်ဒါရှင်များ Pre-Bid Conference ပြုလုပ်ခြင်းတို့ကို ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် တင်ဒါ တင်သွင်းမယ့် နောက်ဆုံး ရက်ကို ၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထိ သတ်မှတ် ထားပြီး အဆိုပြုလွှာများ အကဲဖြတ်မှုကို ၆ လပိုင်း ၅ ရက်နေ့ အထိ သတ်မှတ်ကာ ရွေးချယ်ခံ ရတဲ့ တင်ဒါရှင်နဲ့ လုပ်ငန်း ညှိနှိုင်း ဆွေးနွေးမှု စတင်ခြင်း တို့ကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်