Subscribe to our RSS Feed

အိန္ဒိယပညာရှင်များအဖွဲ့  မြန်မာသို့  တစ်ပတ်ကြာ ခရီးလာရောက်

From :myanma age




အိန္ဒိယပညာရှင်များ ပါဝင်သော ပညာရှင်အဖွဲ့ Think-tanks
များအဖွဲ့ တစ်ဖွဲ့ သည် မြန်မာနိုင်ငံသို့ ယနေ့ မတ်လ ၃ရက်နေ့မှ စတင် ရောက်ရှိကာ တစ်ပတ်ကြာနေထိုင်ပြီး မြန်မာ့မဟာဗျူဟာ
နှင့် နိုင်ငံတကာလေ့လာရေးအင်စတီကျု Myanmar Institute
of Strategic and Interna tional Studies (MISIS) က ပြု လုပ်သော ဆွေးနွေးပွဲကွန်ဖရန့်သို့ တက်ရောက်မည်ဖြစ်ကြောင်း
သိရသည်။

ယင်းအဖွဲ့သည် မြန်မာတွင် နေပြည်တော်၊ ရန်ကုန်၊မန္တလေး
တို့ တွင် နေထိုင်လေ့လာသွားမည်ဖြစ်ပြီး ဦးဆောင်သူဖြစ်သည့် အိန္ဒိယကမ္ဘာ့ရေး ရာကောင်စီ Indian Council of World
Affairs (ICWA)၏ အထွေထွေဒါရိုက်တာ မစ္စတာ ရာဂျစ်
ဘာတီယာအပြင် ယခင်နိုင်ငံခြားရေးဝန် ကြီးဟောင်း ရှီယန်
ဆာယန်လည်း လိုက်ပါလာမည်ဟု သိရသည်။

အိန္ဒိယပညာရှင်များအဖွဲ့ သည် မြန်မာတွင် ပြည်တွင်းမှ
ပညာရှင်အဖွဲ့များ၊ တက္ကသိုလ်များနှင့် အိန္ဒိယနွယ်ဖွားများ အပါအဝင် မြန်မာ့တိုင်းရင်းသား အဖွဲ့ များ၊ အစိုးရဝန်ကြီး များ၊အဆင့်မြင့်အရာရှိကြီးများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို လည်း တွေ့ ဆုံသွားမည်ဟု သိရသည်။

အိန္ဒိယသည် မြန်မာနှင့် နယ်စပ်အရှည် ကီလိုမီတာ ၁၆၄၃ ထိစပ်နေပြီး မြန်မာနှင့် စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများ ကောင်းမွန် အောင် ကြိုးစားနေသည်။

မြန်မာသည် အိန္ဒိယအတွက် အရှေ့ တောင်အာရှနှင့် ကုန်သွယ်ရေးလမ်းကြောင်း အဖြစ်တည်ရှိနေပြီး မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်ရေး ဒေသအဖွဲ့ မှတဆင့် ထိတွေ့ 
ဆက်ဆံမှုများ တိုးမြှင့်သွားရန်လိုအပ်နေကြောင်း မစ္စတာ ဘာတီယာက ပြောကြားသည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်