From : myanma age
ထိုင်းကုန်သည်ကြီးများအသင်းက မြန်မာသည် အာဆီယံ
နိုင်ငံများအတွင်း ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်သင့်သည့် နိုင်ငံ
တစ်ခုဖြစ်ပြီး ထိုင်းအစိုးရ အနေဖြင့်လည်း ပြည်တွင်းမှ ရင်းနှီးမြှပ်နှံသူများအတွက် မြန်မာရှိ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ
ဥပဒေ စည်းမျဉ်းများကို အသိပေးတင်ပြနေသင့်ကြောင်း အကြုံပြုပြောကြားလိုက်သည်။
ထိုင်းကုန်သည်ကြီးများအသင်း၏တက္ကသိုလ်မှ Center of
Economic and Business Forecasting၏ ဒါရိုက်တာ
မစ္စတာ သာနာဝတ် ပိုဝီလ် ချိုင်းက ထိုင်းစီးပွားရေးလုပ်ငန်း
ရှင်များသည် မြန်မာကို အာဆီယံဒေသအတွင်း ရင်းနှီးမြှပ်နှံ
ရန် အကောင်ဆုံး နေရာတစ်ခုအဖြစ် စဉ်းစားသင့်ကြောင်း၊
မြန်မာသည် တည်နေရာ၊ စိုက်ပျိုးရေးကဏ္ဍရင်းမြစ်များနှင့် အခြားထုတ်ကုန်များစွာအတွက် ထုတ်လုပ်ရေးအခြေခံများ ရှိနေသည့် နေရာကောင်းတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းပြင်၎င်းက မြန်မာသည် ၎င်း၏ လုပ်သားဈေးကွက်
ဈေးနှုန်းချိုသာမှုနှင့် ပြည်တွင်းတွင်လည်း ထိုင်းပစ္စည်း
များကို လူကြိုက်များမှုတို့ကြောင့် ထိုင်းရင်းနှီးမြှပ်နှံမှုများ
အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ၎င်းက ပြော
ကြားသည်။
၎င်းက မြန်မာသည် ထိုင်းအတွက် အခြားနိုင်ငံများနှင့် ဆက်ဆံကုန်သွယ်ရာတွင်လည်း ဒေသတွင်းလမ်းကြောင်း
များ ရှိထား၍ ထိုင်းအတွက် အရေးပါကြောင်းဆိုသည်။
သတင်းက ထိုင်း၏ အလှကုန်ပစ္စည်းများ၊ ဝန်ဆောင်မှု
များနှင့် အဖျော်ယမကာလုပ်ငန်းများသည် မြန်မာတွင်
အောင်မြင်မှုရနိုင်သည့်လုပ်ငန်းများဖြစ်ကြောင်း ဖေါ်ပြ
ခဲ့သည်။
ယင်းကြောင့် မစ္စတာ ပိုလ်ဝီချိုင်းက ထိုင်းအစိုးရအနေဖြင့်
မြန်မာတွင် မိမိ၏ လုပ်ငန်းရှင်များရင်းနှီးမြှပ်နှံနိုင်ရန် မြန်မာ့ ရင်းနှီးမြှပ်နှံမှုဥပဒေများ အကြောင်း သိရှိနိုင်အောင် အစိုးရက အသိပေးသင့်ကြောင်း ပြောကြားသည်။
. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်