Subscribe to our RSS Feed

မြန်မာကို အဓိကစားသောက်ကုန်တင်ပို့သည့် ရင်းမြစ် ဖြစ်လာရန် မျှော်မှန်းကြောင်း စင်ကာပူဝန်ကြီး ပြောကြား

From : myanma age


စင်ကာပူသည် မြန်မာမှ ဟင်းသီးဟင်းရွက်နှင့် ပင်လယ်စာ အစားအသောက်များကို ပိုမိုတင်သွင်းရန်ရှိနေပြီး စင်ကာပူ
အတွက် အဓိက စားသောက်ကုန်တင်ပို့သည့် ရင်းမြစ်ဖြစ် လာရန် မျှော်မှန်းနေကြောင်း အမျိုးသားဖွံ့ ဖြိုးရေးဝန်ကြီး
ခေါ်ဘွန်းဝမ်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စင်ကာပူပါလီမန်တွင် မိန့်ခွန်းပြော
ကြားရာ၌ ဝန်ကြီး ခေါ်ဘွန်းဝမ်က စင်ကာပူသည် ဗီယက်နမ်၊
မြန်မာနှင့် တောင် အမေရိကဒေသနိုင်ငံများကဲ့သို့သော
ဒေသများသို့ ပုံမှန်ကုန်သွယ်ရေးမစ်ရှင်များ စေလွှတ်ကာ သွင်းကုန်ရင်းမြစ် ဖြစ်လာမည့် အလား အလာများကို စူးစမ်း
ခဲ့ကြောင်း၊ ယင်းမှ ကိုယ်စားလှယ်အဖွဲ့ တစ်ခုကို မြန်မာသို့ ယမန်နှစ်က စေလွှတ်ခဲ့ကြောင်း ဆိုသည် ။

ယင်းအပြင် ၎င်းက မြန်မာမှ စင်ကာပူသို့ တင်သွင်းရန်
အလားအလာရှိသည့် သွင်းကုန်စားသောက်ကုန်မှာ အသီး အနှံများ ဖြစ်နိုင်ကြောင်း၊ အချို့ ကုန်သည်များက မြန်မာ
ငရုတ်သီးများကို ဈေးကွက်တင်သွင်းလိုကြောင်း ပြော
ကြားသည်။ ၎င်းက မြန်မာသည် စင်ကာပူအတွက် အသီး အနှံပို့ ကုန်တင်သွင်းရာရင်းမြစ်ဖြစ်လာနိုင်ပြီး ပင်လယ်စာ
များလည်း တင်သွင်းနိုင်ကြောင်း ဆိုသည်။

စင်ကာပူတွင် ယမန်နှစ်က ထုတ်ပြန်သောစာရင်းများ အရ နိုင်ငံတွင်းစာသုံးသော ဟင်းသီးဟင်းရွက်များကို
မလေးရှား၊ တရုတ်တို့မှ အများဆုံး တင်သွင်းပြီး၊ အင်ဒို၊
ထိုင်းနှင့် ဖိလစ်ပိုင်တို့မှလည်း တင်သွင်းကြောင်း သိရသည်။

ဝန်ကြီးမစ္စတာခေါ်က “မြန်မာရဲ့ ပင်လယ်စာထုတ်လုပ်မှု
ဈေးကွက်ဟာ ဖွံ့ ဖြိုးနေပါတယ်။ ဈေးနှုန်းတွေက ယှဉ်ပြိုင်မှု
ရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကုန်သည်တွေက တင်သွင်းဖို့ စိတ်အားထက်သန်မှာပါ ” ဟု ပြောကြားခဲ့သည်။




 www.MyanmarExpress.net

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်