Subscribe to our RSS Feed

ခြိမ့်ခြိမ့်သဲသဲ..ရွေးချယ်ပွဲတွေလာဦးမယ်

From :hot news



အစိုးရဌာနအဖွဲ့အစည်းများရဲ့ စီမံ အုပ်ချုပ်မှုစနစ်တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ရေးနဲ့ပတ်သက် ပြီး နိုင်ငံတော်သမ္မတက (၂၆-၁၂-၂၀၁၂)ရက်တုန်းက မိန့်ခွန်းပြောကြားခဲ့ ပါတယ်။ သူ့ရဲ့မိန့်ခွန်းထဲမှာ မြို့နယ်အုပ် ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တွေ၊ မြို့မိမြို့ဖ၊ လူမှုရေး၊ စီးပွားရေး၊ လူထုလူတန်းစားကိုယ်စားလှယ်တွေ ပါဝင်တဲ့ မြို့နယ်ကော်မတီဖွဲ့စည်းပြီး မြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အရေးအရာကိစ္စရပ်တွေ တွက် မြို့နယ်ကော်မတီအောက်မှာ ဆပ်ကော်မတီတွေဖွဲ့ပြီး ဆောင်ရွက်ရ မယ်။ မြို့နယ်ရဲ့ အရေးအရာကိစ္စအားလုံး ကို မြို့နယ်ကော်မတီအစည်းအဝေးမှာ စုပေါင်းဆွေးနွေးဆုံးဖြတ်ပြီး ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်တဲ့ စနစ်နဲ့ ဖွဲ့စည်းပြင်ဆင်ဆောင်ရွက်သွား မယ်၊ ရပ်ကွက်၊ ကျေးရွာကော်မတီဖွဲ့ စည်းပြီး ဆောင်ရွက်မှသာ အရင်တုန်းက တစ်ယောက်တည်းဆုံးဖြတ်လို့ မလိုလား အပ်တဲ့ ပြဿနာတွေ လျော့နည်းသွား မယ်၊ စည်ပင်သာယာရေးကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ် တွေနဲ့ ဖွဲ့စည်းပြီး သီးခြားရပ်တည်ပြုပြင် ပြောင်းလဲဆောင်ရွက်သွားမယ်လို့ ပြော ခဲ့ပါတယ်။

သမ္မတပြောခဲ့တဲ့အတိုင်း (၂၆-၂-၂၀၀၃)ရက်မှာ အမိန့်ကြော်ငြာစာ အမှတ်-၂၇/၂၀၁၃ နဲ့ မြို့နယ်နှင့်ရပ် ကွက်(သို့)ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြုကော်မတီများ ဖွဲ့စည်းရန် တာဝန်ပေးအပ်ခြင်းဆိုပြီး သမ္မတလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါ တယ်။

အဲဒီထုတ်ပြန်ချက်မှာ တိုင်းဒေသ ကြီး(သို့)ပြည်နယ်အစိုးရ၊ နေပြည်တော် ကောင်စီနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၊ ပုဒ်မခွဲ(က)နဲ့ (ဂ)အရ အမျိုး သားစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိ ကအင်အားစုတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရယူပြီး ပြည်သူတွေရဲ့ လူမှုစီးပွားရေးနဲ့ နေထိုင်မှုအဆင့်အတန်း မြှင့်တင်ရေးကို ရှေးရှုဆောင်ရွက်ဖို့ ကော်မတီတွေ ဖွဲ့ စည်းဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါ တယ်။
အဲဒီကော်မတီတွေကတော့ (၁) ဒေသခံပြည်သူတွေနဲ့ လူမှုရေး၊ စီးပွား ရေး အဖွဲ့အစည်းအသီးသီးက အများ ဆန္ဒနဲ့ ညှိနှိုင်းရွေးချယ်တဲ့ ပုဂိ္ဂုလ်တွေ အပါအ၀င် မြို့နယ်အဆင့်ဌာနဆိုင်ရာ ၀န်ထမ်းနှစ်ဦးပါဝင်တဲ့ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးအထောက်အကူပြု ကော်မတီ။
(၂)ဒေသခံပြည်သူတွေ၊ မြို့မိမြို့ဖ ကိုယ်စားလှယ်တွေထဲက အများဆန္ဒနဲ့ ရွေးချယ်သူတွေပါဝင်တဲ့ မြို့နယ်စည်ပင် သာယာရေးကော်မတီ အဲဒီကော်မတီ ဖွဲ့စည်းနိုင်ဖို့ စည်ပင်သာယာရေးဥပဒေ သစ် ပြင်ဆင်ရေးဆွဲပြီး တိုင်းဒေသကြီး (သို့)ပြည်နယ်လွှတ်တော်ထံ တင်ပြ ဆောင်ရွက်ရပါမယ်။
(၃)ရပ်ကွက် (သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အထောက်အကူပြုဖို့၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရပ်ကွက် (သို့)ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ။

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနဲ့ ရပ်ကွက် (သို့)ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဖွဲ့စည်းရာ မှာ တိုင်းဒေသကြီး(သို့)ပြည်နယ်၊ နေ ပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း(သို့)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက် မတိုင်မီအပြီး တစ်ပြေးညီဖွဲ့စည်း သွားရမှာဖြစ်ပါတယ်။ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ ပူးပေါင်းပါဝင်တဲ့ မြို့ နယ်စီမံခန့်ခွဲမှုကော်မတီဟာ မြို့နယ်ဖွံ့ ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့နဲ့ အနည်းဆုံး တစ်လမှာ တစ်ကြိမ်တွေ့ဆုံဆွေးနွေးညှိနှိုင်းအကြံ ဉာဏ်ရယူပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများ ဆောင်ရွက်နိုင်ရေး တာဝန်ပေး ရပါမယ်။ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဆင့်နဲ့ ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိ တဲ့ကိစ္စရပ်တွေကို အထက်အဆင့်ဆင့် ထံ တင်ပြရပါမယ်။
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီကို အနည်း ဆုံး ၇ ဦးကနေ အများဆုံး ၉ ဦးအထိ ဖွဲ့စည်းရမယ်လို့ သိရပါတယ်။

ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ကတော့ မြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားရေး တိုးတက် ရေးအတွက် ဆောင်ရွက်သင့်တဲ့ ကိစ္စရပ် တွေကို ၀ိုင်းဝန်းဆွေးနွေးအဖြေရှာပြီး၊ ရပ်မိရပ်ဖဒေသခံတွေနဲ့ ပူးပေါင်းပြီး မြို့ ပြကျေးရွာဖွံ့ဖြိုးမှုလုပ်ငန်းတွေ ဆောင် ရွက်ရမှာဖြစ်ပြီး မြို့နယ် ဌာနဆိုင်ရာတွေ ကို ဥပဒေ၊ နည်းဥပဒေနဲ့အညီ အပ်နှင်း ထားတဲ့ လုပ်ငန်းတာဝန်တွေကို မထိခိုက် စေဘဲ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည် သူတွေရဲ့ လူမှုစီးပွားရေးလိုအပ်ချက်တွေ ကို ဆွေးနွေးညှိနှိုင်းအကြံပြုပြီး၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာ မှာ အထောက်အကူပြု ပူးပေါင်းဆောင် ရွက်ရမှာဖြစ်ပါတယ်။ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုက လူထုလူတန်းစား အလွှာအသီးသီးကတင်ပြလာတဲ့ လူမှု စီးပွားရေးတိုးတက်ရန် လိုအပ်ချက်တွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရပ်တွေကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီနဲ့ တွေ့ဆုံ ညှိနှိုင်းတဲ့အစည်းအဝေးမှာ ဆွေးနွေး ညှိနှိုင်းပြီး ပူးပေါင်းဖြေရှင်းဆောင်ရွက် ကာ မြို့ပြဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းရေးဆွဲရာမှာ လို အပ်ချက်တွေ ဆွေးနွေးအကြံပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ့်နေရာတွေ ရှိပါက လူမှုစီးပွားရေးနဲ့ သဘာဝပတ် ၀န်းကျင်ထိခိုက်နိုင်မှု ရှိ/မရှိ စိစစ်ရာမှာ ဆွေးနွေးညှိနှိုင်းအကြံပြုပြီးတော့ မြို့နယ် ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ပုဂ္ဂလိ ကကဏ္ဍရဲ့ စွမ်းဆောင်မှုဟာ အဓိကဖြစ် တဲ့အတွက် စီးပွားရေးကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုး တက်စေဖို့ တီထွင်ကြံဆပူးပေါင်းဆောင် ရွက်ပြီး သမ၀ါယမအသင်းတွေ၊ ကုမ္ပဏီ တွေ၊ အများပိုင်ကုမ္ပဏီတွေ၊ စီးပွားရေး အသင်းအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းကာ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေတိုးတက်စေဖို့အတွက် အား ပေးမြှင့်တင်ပူးပေါင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့ကော်မတီအတွင်း ညှိနှိုင်း ပြီး ဆောင်ရွက်ပေးနိုင်တဲ့ ကိစ္စရပ်တွေကို မြို့နယ်အဆင့် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း အကြံပြုညှိနှိုင်းဆောင်ရွက် ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲ မှုလျှော့ချရေးလုပ်ငန်းစဉ်တွေ အကောင် အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြို့နယ်အတွင်း နိုင်ငံ တကာအထောက်အပံ့နဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းများမှာ ပြည်သူတွေရဲ့ လူမှု အကျိုးစီးပွားကို ထိရောက်မှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ မြို့နယ်အတွင်းရှိ ပြည်သူတွေ အမှန် တကယ် နစ်နာဆုံးရှုံးမှုရှိလာရင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံ တင်ပြပြီး ၀ိုင်းဝန်းကူညီဖြေရှင်းဆောင်ရွက်ပေးရပါမယ်။

ရပ်ကွက်(သို့) ကျေးရွာအုပ်စုဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြု ကော် မတီကို ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အရွယ်အစား၊ ကျေးရွာခွဲများ တည်ရှိမှု အပေါ် မူတည်ပြီး အနည်းဆုံး ၅ ဦး ကနေ အများဆုံး ၇ ဦးအထိ ဖွဲ့စည်းရ မယ်လို့ သိရပါတယ်။

ကော်မတီရဲ့လုပ်ငန်းတာဝန်တွေ ကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ လုပ်ငန်းတာဝန်တွေကို အထောက်အကူ ပြု ကူညီခြင်း၊ အကြံဉာဏ်ပြုခြင်း၊ ပူး ပေါင်းဆောင်ရွက်ခြင်း၊ ရပ်ကွက်(သို့) ကျေးရွာအုပ်စုနေ ပြည်သူတွေရဲ့ လူမှု စီးပွားရေးလိုအပ်ချက်တွေ၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ဖို့ ဆောင်ရွက်သင့်တဲ့ ကိစ္စရပ် တွေကို ညှိနှိုင်းဆွေးနွေးပြီး ကျေးရွာ အဆင့်နဲ့ ဆောင်ရွက်တဲ့ ကိစ်္စရပ်တွေကို စုပေါင်းဆောင်ရွက်ခြင်း၊ ရပ်ကွက်(သို့) ကျေးရွာအုပ်စုအဆင့်နဲ့ ဖြေရှင်းဆောင် ရွက်နိုင်ခြင်းမရှိတဲ့ ကိစ္စတွေကို မြို့နယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးထံ တင်ပြခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နဲ့ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းတွေမှာ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သောက် သုံးရေ၊ စိုက်ပျိုးရေတွေ ခန်းခြောက် ရှား ပါးခြင်းမရှိစေရန်အတွက် သီးနှံသစ်တော ရောနှောစိုက်ခင်း၊ ထင်းစိုက်ခင်း ထူ ထောင်ရန် လိုအပ်တဲ့ ကျေးရွာအုပ်စု တွေမှာ သစ်တောဦးစီးဌာနရဲ့ လုပ်ထုံး လုပ်နည်းနဲ့အညီ မြို့နယ်စီမံခန့်ခွဲမှုကော် မတီအစည်းအဝေးထံ အကြံပြုတင်ပြ ခြင်း။ လူတိုင်း စာတတ်မြောက်ရေး၊ ကျောင်းနေအရွယ် ကလေးတွေ ကျောင်း နေရေး၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ ဘွဲ့ရပညာတတ်တွေ တိုး ပွားအောင် ဆောင်ရွက်ခြင်းနဲ့ ကျန်းမာ ရေးအသိပညာဖြန့်ဖြူးပြီး ကြံ့ခိုင်ကျန်း မာတဲ့ လူသားအရင်းအမြစ်တွေ လေ့ ကျင့်ပျိုးထောင်ခြင်း၊ မျိုးဆက်သစ် လူငယ်တွေကို စာပေယဉ်ကျေးမှု ဓလေ့ ထုံးစံတွေ လေးစားလိုက်နာ ထိန်းသိမ်း စောင့်ရှောက်ရန် ဆောင်ရွက်ခြင်း၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စုနေ ပြည်သူ တွေ တရားဥပဒေကိုလေးစားလိုက်နာ ပြီး ဥပဒေနဲ့အညီပြုမူကျင့်ကြံနေထိုင်နိုင် ဖို့ စည်းရုံးပညာပေးခြင်းနဲ့ လက်တွေ့ ပါဝင်ဆောင်ရွက်စေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များဟာ အများပြည်သူက ရွေးချယ်တင်မြှောက် ထားတဲ့ ကိုယ်စားလှယ်များဖြစ်တာ ကြောင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဟာ မြို့ နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ လူမှု စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိ ခိုက်စေနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ နဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တွေရဲ့ သဘောထားမှတ်ချက် အကြံဉာဏ်တွေ ကို ရယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ လိုအပ်ရင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးသို့ မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြု ကော်မတီနဲ့ အတူ ဖိတ်ကြားတက်ရောက်စေပြီး အကြံဉာဏ်ရယူဆောင်ရွက်ရမှာဖြစ်ပါ တယ်။ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေး အထောက်အကူပြုကော်မတီနဲ့ မြို့ နယ်စည်ပင်သာယာရေးကော်မတီတို့ကို ဖိတ်ကြားပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ၊ လမ်း၊ တံတား၊ ရေ၊ မီး၊ အခြေခံ အဆောက်အအုံတွေကို အစိုးရဘဏ္ဍာ ငွေနဲ့ဖြစ်စေ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ ဖြစ်စေ ဆောင်ရွက်မယ့်အစီအစဉ်တွေ ကို ချပြဆွေးနွေးညှိနှိုင်းအကြံဉာဏ် ရယူရမှာဖြစ်ပါတယ်။ အဲဒီကော်မတီ တွေဟာ အများပြည်သူ သိရှိစေရန် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြု ကော်မတီတွေ ကို ထပ်ဆင့်ဖိတ်ကြားရှင်းလင်းပြော ကြားပြီးတဲ့အခါက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးသို့ ထပ်မံညှိနှိုင်း ဖို့ရှိရင် အကြံပြု အပြန်အလှန်ဆွေးနွေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားစေဖို့ စီမံရမှာဖြစ်ပါတယ်။ အထက်ပါအချက် တွေကို အကောင်အထည်ဖော်ဆောင် ရွက်ရာမှာ၊ ညှိနှိုင်းဆွေးနွေးရာမှာ အဓိပ္ပာယ်ကောက်ယူရာမှာ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြား ချက်တွေ၊ အစိုးရဌာနဆိုင်ရာ အသီးသီးနဲ့ ဌာနဆိုင်ရာအကြီးအမှူးတွေကို ဥပဒေ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေ၊ ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေး၊ ဘဏ္ဍာရေးတို့ နဲ့ စပ်လျဉ်းပြီး ချမှတ်ထားတဲ့ နိုင်ငံတော် ရဲ့ မူတွေနဲ့ ဆောင်ရွက်မှုတွေကို ထိခိုက် မှုမရှိအောင် အလေးထားလိုက်နာရမယ် လို့ဆိုပါတယ်။

မကြာခင်မှာကော်မတီရွေးချယ်ပွဲ တွေကျင်းပတော့မှာဖြစ်တာကြောင့် တိုက်ရိုက်အမည်စာရင်းပါဝင်မယ့် အစိုးရ ၀န်ထမ်းတွေကလွဲရင် ပြည်သူလူထု အများဆန္ဒနဲ့ ရွေးချယ်ခံမယ့်ပွဲဖြစ်တာ ကြောင့် မကြာခင်က ပြုလုပ်ခဲ့တဲ့ ကြီး ကြပ်ရေးမှူးရွေးပွဲတွေ၊ ရပ်၊ ကျေး အုပ် ချုပ်ရေးမှူးရွေးပွဲတွေလို့ ဖြစ်လာနိုင်တဲ့ ခြိမ့်ခြိမ့်သဲသဲ ရွေးချယ်ပွဲတွေ လာဦးမယ် လို့ ထင်မိကြောင်း ရေးသားလိုက်ရပါ တယ်။



  www.MyanmarExpress.net
 

1 comments:

The Hot News သ တ င်း ဂျာ န ယ် မှ စာ ေ ရ း ဆ ရ ာ ေ န ာ င် တ င် စိုး ရဲ့ေ ဆာ င်း ပါး ဖြ စ် ပါ တ ယ် ။ ကေ လာ င် နာ မ ည်ေ ဖာ် ပြ ေ ပ း ေ စ ခ် င် ပါ တ ယ် ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်