Subscribe to our RSS Feed

အာဏာရှင် စနစ်ကို ဖင်တုန်အောင် ကြောက်ကြသူများ

From : http://www.oppositeyes.info/2013/03/blog-post_1947.html



အာဏာရှင် စနစ် ဆိုသည်နှင့် စစ်တပ်က အုပ်ချုပ်သည့် စစ်အုပ်ချုပ်ရေးဟု ပင်ဆိုကြပေလိမ့်မည်။ သို့သော် ကမ္ဘာ့နိုင်ငံ များတွင် အာဏာရှင် အဖြစ် အုပ်ချုပ်သူတိုင်း စစ်သားများ မဟုတ်ကြ။ လူတော် တစ်ဦးမှ တိုင်ြး ပည် အာဏာကို ရရှိပြီး လက်မလွှတ်ချင်သည့်အခါ  စစ်တပ်နှင့် အာဏာပိုင်များကို ထိန်းချုပ်ပြီး အာဏာ ရ ယူခြင်း ကို အာဏာရှင် စနစ်ဟု အလွယ်ကူဆုံး အဓိပါယ် ဖွင့်လိုပါ ဖွင့်နိုင်ပေသည်။
စစ်အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ၂၀-၉-၁၉၄၆ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရေးသားသည့် စစ်အုပ် ချုပ်ေ ရး ဆိုတာ ခေါင်းစဉ်ဖြင့် ဆောင်းပါးမှ စာတစ်ပိုဒ်အား ဖော်ပြလိုသည်။ ထို ဆောင်းပါးတွင် စစ်အုပ် ချုပ်ေ ရး၊ စစ်အုပ် ချုပ်ရေး စသည်ဖြင့် ဂယောင်ဂတမ်း မြည်တမ်းသူများ သိနိုင်ရန်မှာ စစ်အုပ်ချုပ်ရေး ဆို တာ တိုင်းပြည်တပြည်က တခြားတိုင်းပြည် တပြည်ကို သွားတိုက်တဲ့အခါမှ စစ်တိုက်ပြီးခါစ လုပ်တဲ့ စစ် ဘက် က အကုန်အုပ်ချုပ်တာကို ဆိုတယ်ဆိုတာ သိစေချင်တာဘဲ။ ပြည်တွင်းရေးနှင့် မဆိုင်ဘူး။ ပြည်တွင်း လှုပ်ရှား မှုများတွင် ပြည်တွင်းရေးနှင့် မဆိုင်ဘူးဆိုတော့ ဘယ်လိုလဲ ဆိုတာ သိချင်ပေလိမ့်မည်။ ပြည် တွင်းေ ရး တွင် အကြီးကျယ်ဆုံး ရင်ဆိုင်ရမည့် အခြေအနေဟာ တည်ရှိနေတဲ့ အစိုးရကို လက်နက်ဖြင့် ပုန် ကန်ခြား နားခြင်းဘဲ။ ဒီအခြေအနေမျိုး သို့မဟုတ် ဒီအခြေအနေနဲ့ ညီအစ်ကိုဝမ်းကွဲ အခြေအနေမျိုး ပေါ်ေ ပါက် တဲ့အခါ ရှိနေတဲ့ အစိုးရဟာ မာရှယ်လော ခေါ်တဲ့ စစ်ဥပဒေကို ကြေငြာပြီး အုပ်ချုပ်မြဲ ထုံးစံဘဲ လို့ ဆို ထားပါတယ်။
အစိမ်းကို မုန်း၍ သခွားသီးကို ပြုတ်စားသူများကတော့ အာဏာရှင် စနစ်ဆိုသည်မှာ စစ်တပ်က အုပ်ချုပ် သည့် စနစ်၊ စစ်အုပ်ချုပ်ရေး၊ နောက်ပြန်လှည့်ပြီး နိုင်ငံကို စုတ်ပြတ်သတ်အောင် အုပ်ချုပ်မည့် စနစ်ဟူ၍ ၀ါဒဖြန့် ကြ သည်။ အဘယ်ကြောင့် ဆိုသော် ထိုသူများသည်ကား အာဏာရှင်စနစ်ကို ဖင်တုန်အောင် ကြောက် သည့်သူများ ဖြစ်သည့် အတွက်ပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မှ အာဏာလိုချင်လား မေးရင် လိုချင်တာပေါ့။ အာဏာရမှ ကျွန်မတို့ လိုချင်တဲ့ ဒီမိုက ရေစီ ကို အမြန်ဆုံး ဖော်ဆောင်နိုင်မှာပေါ့ ဟု ပြောခဲ့ဖူးသည်။ အာဏာရှင် စနစ်ကို ဖင်တုန်အောင် ကြောက် သည့် ထိုင်ခုံနေရာ ရထားသူများကတော့ အာဏာရှင် မုန်းကြောင်းပြောပြီး အာဏာရဖို့အတွက် ပြင် ဆင်ေ နကြ သည်။ ထိုသူများနှင့် မဆိုင်စွာ အာဏာရှင် စနစ်ကို ဖင်တုန်အောင် ကြောက်သည့် သူများ ကို သီးသန့် ဆွဲထုတ် ပြပါအုံးမည်။
မဆွဲထုတ်ခင် အာဏာရှင် စနစ်ကို ကြောက်သလားဟူသည့် မေးခွန်းအား ကျွန်တော့်ကို ကျွန်တော် ပြန်မေး ကြည့် သည်။ ကျွန်တော့်အတွက် ကြောက်စရာ မရှိ။ အာဏာရှင်နှင့် ပေါင်းပြီး စီးပွားရေး လုပ်စားသည့် စီးပွား ရေး သမားလည်း မဟုတ်သဖြင့် အာဏာရှင် စနစ်တွင် ကျွန်တော့်အတွက် အကျိုးအမြတ် ရစရာ ဘာ မှ မရှိ။ အာဏာ ရပြီး လုပ်ချင်ရာ လုပ်ခွင့် ရသည့် အာဏာပိုင်လည်း မဟုတ်သဖြင့် အာဏာရခြင်း မ ရခြင်း သည် လည်း ကျွန်တော်နှင့် မဆိုင်။ ၂၀၁၃ ဆိုသော ကာလတွင် အာဏာရှင် စနစ် မကလို့ ဘာစနစ် ဖြစ်ဖြစ် ကျွန်တော့်တွင် လာပြီး ထိခိုက်မှု မရှိ။ လူအများ ဆိုကြသည့် အာဏာရှင် စနစ်အတွင်း ကျွန်တော် ကြီးပြင်း ခဲ့သည်။ ကျွန်တော် ပညာတွေ သင်ခဲ့သည်။ ကျွန်တော် ကိုယ်ပိုင်စီးပွားရေး လုပ်ခဲ့သည်။ မည် သည့် အာဏာရှင်မှ ကျွန်တော်၏ ပညာရေး၊ ကျွန်တော်၏ ဘ၀ ရပ်တည်မှု၊ စီးပွားရေးများကို နှောက် ယှက်ခဲ့ခြင်း မရှိ။ သို့ပါဆိုလျှင် မည်သူတွေ က အာဏာရှင်စနစ်ကို ကြောက်ကြသနည်း။
အယူဝါဒစွဲများ အာဏာရှင် စနစ်ကို ကြောက်ကြသည်။ ကျောင်းချိန်တွင် စာမကြိုးစား၊ ကျောင်းသား အ လုပ် မလုပ်သည့် သူများ ထောင်ထဲအထည့်ခံ၊ အနှိမ်နှင်း ခံရသဖြင့် အာဏာရှင် စနစ်ကို ကြောက်ကြသည်။ ထိုင်ခုံ နေရာ ရဖို့ ကြိုးစားသူများ (အချို့ကတော့ အမှန်တကယ် တိုင်းပြည်အတွက် ဆောင်ရွက်လို စိတ်ရှိ သူ များ ဖြစ်ကြသည်) ကြောက်ကြသည်။ အာဏာရှင်စနစ်တွင် သူတို့အတွက် နေရာမရှိ။ သို့သော် တိုင်ြး ပည် ကောင်း ကျိုးကို ဥပဒေဘောင်အတွင်း ပညာရှိနည်းဖြင့် ဆောင်ရွက်ရသည်ကို နားမလည် သူများ ကသာ အာဏာရှင် စနစ်ကို ကြောက်ခြင်း လို့ ဆိုရပေမည်။ အာဏာရှင် စနစ်ကို ပုတ်ခတ်မည်။ ညှိနှိုင်းေ ဆွးနွေး မှုကို လက်မခံ။ ရလျှင်ရ မရလျှင်ချ၊ ပြီးရင် ထောင်ထဲကြွရသဖြင့် အာဏာရှင် စနစ်ကို ဖင်တုန်ေ အာင် ကြောက်သည့် ထိုင်ခုံ သမားများ ပါသည်။
ထိုသူများ၏ နောက်တွင်တော့ အပုပ်ချ မီဒီယာများ အာဏာရှင် စနစ်ကို ဖင်တုန်အောင် ကြောက်သည်။ အုပ် ချုပ် သူ အကြီးအကဲမှန်သမျှ အား အပုပ်ချမှ စောင်ရေတက်သော ဂျာနယ်များ အာဏာရှင်ကို လန့်ကြ သည်။ အလုပ်မရှိ လမ်းပေါ်ထွက်သူများကို လှုံ့ဆော် သတင်းလုပ်ရေး ရသည့်အတွက် အာဏာရှင်စနစ်မှ ထိန်း ကွပ်ခြင်းကို သေမလောက် ကြောက်သည်။ သွေးခွဲချင်တိုင်း သွေးခွဲ၍ မရ။ ဘက်လိုက်ရေး သားချင် တိုင်း ရေးသားခွင့် မရ။ အမှန်ကို အမှားလုပ်ချင်သော်လည်း အမှားလုပ်ခွင့်မရ။ ထိုအတွက် ဖင်တုန်အောင် ကြောက် သည်။
ထို့နောက်တွင်မှ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဂိုဏ်းစွဲ ပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ လက်နက်ကိုင်များ အာဏာရှင် စနစ် ကို ကြောက်သည်။ အာဏာရှင် စနစ်တွင် စေ့စပ်စကားပြောခြင်း မရှိ။ ငါနှင့် မတူပါက ငါ့ရန်သူသာ ဖြစ် သည်။ ယခင် အာဏာရှင် ဟု ပြောသည့် အစိုးရလက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စေ့စပ်ေ ဆွး နွေးခြင်း၊ ဒေါ်အောင် ဆန်းစုကြည်နှင့် ဆက်သွယ်ရန် ဆက်ဆံရေး ၀န်ကြီး ထားရှိခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံကဲ့သို့ အခြေခံ ဥပဒေ ရေးဆွဲကာ အကုန်လုံး လွှတ်တော်နိုင်ငံရေး လမ်းပေါ် လျှောက်ေ စခဲ့ခြင်းတို့အား အာဏာရှင် စနစ်ဟု သတ်မှတ် ပါက ငြင်းစရာ မရှိ။ စကားလုံး ရှားပါးမှုကြောင့် ရော ချခြင်း ဟု လက်ခံနိုင်စရာ ရှိသည်။
အလုပ်မရှိ လမ်းပေါ်ထွက်သူများ၊ ဆန္ဒပြ ဆူပူသူများ၊ ပါမုန့်နှင့် ချိစ် စားပြီး ဒုက္ခသည် လုပ်သူများလည်း အာ ဏာရှင်စနစ်ကို ကြောက်ကြသည်။ ဆန့်ကျင်ကြသည်။ မဆန့်ကျင်လျှင် အလုပ်လုပ်ပြီး ထမင်း စားရ မည် ဖြစ်သဖြင့် ငစိန် ထမင်းကြမ်းပင် အဖြစ်မရှိသည့်အတွက် နပ်မှန်ဖွယ်မရှိ။ ထိုသူ ထိုသူများ နောက် တွင် မှ အွန် လိုင်း သံယောင်များက အာဏာရှင် စနစ်ကို ကြောက်ကြသည်။ ဘာကြောင့်မှန်း မသိ။ သူ များေ ယာင် တိုင်း ယောင်မည့် ဗိုလ်ချုပ်ပြောသည့် ဂယောင်ဂတမ်းများ ဖြစ်သည့် အတွက် ဖြစ်သည်။
နိဂုံးချုပ်လျှင် စေ့စပ်ညှိုနှိုင်းပြီး ကောင်းရာမွန်ရာ လုပ်ဆောင်နိုင်မည့် သူအတွက် အာဏာရှင် စနစ်တွင် ဘယ် အရာကို ကြောက်မည်နည်း။ အာဏာရှင် စနစ်ကို ဖင်တုန်အောင် ကြောက်သူများတွင် ပါဖို့ ဆိုသည် မှာ ဦးနှောက် မရှိသူဖြစ်မှသာ လျှင် ဖြစ်ပေတော့မည်။

3 comments:

Very good. Begger politician, lazy politician,Blaming goverment but never done anything politician , all rubbish politician , Liar politician , 10 % brain politician should know this.

Stupid. In dictatorship every person life is not secure n safe.Even dictator men themselves have to live in non trust worthy conditions among them. For example General Khin Nyunt n his men.

Very good!we only authorities, cronies n their families must b richer n richer. No other person is as intelligent as us.So the public must b our servant. We must take bribe,rape models,sell all government offices n landings to cronies as these r ours.We will b the richest in the world.Let the public b poorer n poorer as they r dull.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်