Subscribe to our RSS Feed

၈၈ တို့ ချီးကျူးခဲ့သည့် ဖိလစ်ပိုင် သူပုန်များအား မလေးရှား နိုင်ငံမှ ရာဇသံပေးခဲ့

From :http://www.oppositeyes.info/2013/03/blog-post_8352.html

၈၈ မျိုးဆက်ဟု ဆိုသည့် ကျောင်းမပြီး ကျောင်းသားများ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်လည်ပတ်အပြီး အ လွန် အမင်းချီးမွမ်းခဲ့ကြသည့် ဖိလစ်ပိုင် သူပုန်များမှ မလေးရှားနိုင်ငံပိုင် နယ်နိမိတ်များကို တိုက်ခိုက် သိမ်း ပိုက်ခဲ့ ကြသည်။ ထိုဖြစ်စဉ်တွင် မလေးရှားဘက်မှ ၁၄ ဦး သေဆုံးခဲ့ရသည့်အတွက် မလေးရှားနိုင်ငံမှ ချက် ချင်း လက်နက်ချရန် အမိန့်ပေးခဲ့ရသည်။
================

ဖိလစ်ပိုင်စော်ဘွား နောက်လိုက်များနှင့် မလေးရှားတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၄ ဦး သေဆုံး
ဖိလစ်ပိုင်အခြေစိုက် အစ္စလာမ္မစ်ဝါဒီ စော်ဘွားတစ်ဦး၏ နောက်လိုက်များဟုဆိုကာ မလေးရှားနိုင်ငံ ဆာ ဘာပြည် နယ်သို့ ကျူးကျော်ဝင်ရောက်ခဲ့သူများနှင့် မလေးရှားလုံခြုံရေး တပ်ဖွဲ့များအကြား တင်းမာမှု အြေ ခ အနေ ၁၇ ရက်ကြာအထိရှိလာခဲ့သော မတ် ၁ ရက်တွင် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ယင်းနောက် လိုက် ၁၂ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယင်းဖြစ်စဉ်အတွက် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ၀မ်းနည်းကြောင်း ပြောကြားခဲ့သော်လည်း ယင်း တင်းမာမှုကို အဆုံးသတ်ရန် လိုအပ်သော မည်သည့်လုပ်ဆောင်ချက်မဆို ဆောင်ရွက်ရန် ရဲတပ် ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့များကို ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။
မတ် ၁ ရက်က ယင်းဒေသအား ပိတ်ဆို့ထားသည့် လုံခြုံရေးတပ်ဖွဲ့များကို ခန့်မှန်းခြေအရေအတွက် ၁၀၀ မှ ၃၀၀ ဦး အကြားရှိ ယင်းလက်နက်ကိုင်များက စတင်ပစ်ခတ်ခဲ့သဖြင့် ယင်းပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ဆာဘာပြည်နယ်ရဲ တပ်ဖွဲ့အကြီးအကဲ ဟမ်ဇာက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နှင့် ထိစပ်နေသော ဆာဘာပြည်နယ်ရှိ လာဟတ်ဒါတူ မြို့အနီး ယင်းတံငါရွာသို့ ဖေဖော်ဝါရီ ၁၂ ရက် တွင် စော်ဘွား ဂျမာလူကီရမ်၏ နောက်လိုက်များက လှေများဖြင့် ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။
အသက် ၇၄ နှစ်ရှိ ဂျမာလူကီရမ်က သူသည် ယင်းဝင်ရောက်ခဲ့ ရာနေရာနှင့် ဖိလစ်ပိုင်တောင်ပိုင်း ကျွန်းများ အပါအ၀င် ဘော်နီယိုကျွန်း အစိတ်အပိုင်းများကို တစ်ချိန်က ထိန်းချုပ်ခဲ့သော ဆူလူအစ္စလာမ္မစ် စော်ဘွားနယ်မြေ၏ ဆက်ခံသူ အကြီးအကဲဖြစ်သည်ဟု ဆိုသည်။      
ကီရမ်က ယင်းနယ်မြေသည် မလေးရှားပိုင်နက် မဟုတ်ဘဲ သူတို့ပိုင်ဆိုင်သည်ဖြစ်ရာ သူ၏နောက် လိုက် များ သည် ဆာဘာပြည်နယ်တွင် ဆက်လက်ရှိနေရန် အခွင့်အရေး ရှိသည်ဟုလည်း ပြောကြားခဲ့သည်။
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်