From : hot news
ကမ္ဘာကျော်အမေရိကန်ကား ကုမ္ပဏီတစ်ခုဖြစ်သော ဖို့ဒ်သည် မေလအတွင်းမြန်မာနိုင်ငံ၌၎င်း၏ ကားများစတင်ရောင်းချနိုင်ရန် အတွက် မြန်မာ့တွဲဖက်တစ်ဦးနှင့် လက်မှတ်ရေးထိုးသဘောတူလိုက် ပြီဟု သိရသည်။
ဇိမ်ခံကားများနှင့် ပစ်ကတ် ကားများတင်သွင်းရန်အတွက် စီစဉ်ထားပြီး ရန်ကုန်မြို့၌ အရောင်းပြခန်းများဖွင့်လှစ်မည်ဟုလည်း သိရသည်။ ကတ်ပီတယ် ကားအရောင်းဌာနမှ အုပ်ချုပ်ရေး မူဖြစ်သူဦးခင်ထွန်းက “ဖိုဒ့်နဲ့ ကျွန်တော်တို့သဘောတူညီမူတွေ ရေးထိုးမူပြုနေပါတယ်။ အသေး စိတ်ကိုတော့ သတင်းမထုတ်ပြန် သေးပါဘူး”ဟုဆိုသည်။ ဖို့ဒ်မှ ပြောခွင့်ရပုဂ်္ဂိုလ်မက်မကာပီကမူ “ဈေးကွက်အတွင်းကို ၀င်လာနိုင်ဖို့ အရှိန်မြှင့်လှုပ်ရှားနေပါတယ်”ဟု ဆိုသည်။
အမေရိကန်ကုန်ပစ္စည်းများ ဖြစ်သော ပက်ပ်ဆီ၊ ကိုကာကိုလာ၊ လှီအီး၊ ကတ်တာပလာနှင့် ဒိန်းမတ် ဘီယာဖြစ်သောကားစ်ဘာ့ဂ်တို့သည် မြန်မာနိုင်ငံသို့အသစ် ၀င်ရောက်လာသောကုမ္ပဏီများ ဖြစ်ကြောင်း သိရသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်