Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဖင်လန်သမ္မတနိုင်ငံ ဟယ်လ်စင်ကီမြို့ရှိ Vuosaari ဆိပ်ကမ်းနှင့် Geological Survey တို့ကို လှည့်လည်ကြည့်ရှုလေ့လာပြီး ဖင်လန်သမ္မတနိုင်ငံတွင် အခြေချနေထိုင်ကြသည့် မြန်မာ တိုင်းရင်းသား မိသားစုများနှင့် တွေ့ဆုံအမှာစကားပြောကြား

From : သမ္မတရုံး


နေပြည်တော် မတ် ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မတ် (၂) ရက် ဒေသ စံတော်ချိန် နံနက် (၁၀)နာရီခွဲတွင် ဖင်လန်သမ္မတနိုင်ငံ ဟယ်လ်စင်ကီမြို့ရှိ Vuosaari ဆိပ်ကမ်းကို သွားရောက် ကြည့်ရှု လေ့လာသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား Vuosaari ဆိပ်ကမ်းမှ ဒါရိုက်တာ Mr. Jukka Kallio က ဆိပ်ကမ်းကို ၂၀၀၃ ခုနှစ် ဇန်နဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့မှု၊ မြို့တွင်းရှိ West Harbour နှင့် North Harbour  တို့ကို မြို့ပြသစ် စီမံကိန်းအတွက် ဖျက်သိမ်းခဲ့ပြီး ယခု ဆိပ်ကမ်းကို တည်ဆောက်ခဲ့မှု၊ တည်ဆောက်ရာတွင် ဆိပ်ကမ်းအနီးဝန်းကျင်ရှိ သဘာဝ ကျေးဌက်များ နေထိုင်သည့် ဘေးမဲ့ဇုန်ကို မထိခိုက်အောင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများဖြင့် လုပ်ဆောင်ခဲ့မှု၊ သင်္ဘောဆိပ်ကမ်းနှင့် Business Park ကို ဆက်လက် တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ရေနက်ဆိပ်ကမ်း သုံးခု ဆောက်လုပ်ရန် စီမံ ဆောင်ရွက်နေ ပါကြောင်း၊ ယင်း ဆိပ်ကမ်းများတွင် ကုန်ပစ္စည်း တင်ချမှု လုပ်ငန်းများ ကိုင်တွယ် ဆောင်ရွက်နေမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်မှုတို့နှင့် ပတ်သက်၍ ဖင်လန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် လိုပါကြောင်း ပြောကြားခဲ့ပြီး ဆိပ်ကမ်းအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို မော်တော်ယာဉ် ဖြင့် လှည့်လည်ကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် Geological Survey of Finland သို့ သွားရောက် လေ့လာရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ Mr. Elias Dkdahl က Geological Survey မှာ ၁၈၈၅ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ လက်ရှိ အခြေအနေတွင် ဖင်လန်နိုင်ငံ၌ တွင်းထွက် သယံဇာတ ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် မထိခိုက်စေဘဲ ထုတ်လုပ်နိုင်သည့် Green Mining နည်း ပညာများကို လေ့လာဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖင်လန်နိုင်ငံတွင် သဘာဝ သယံဇာတများ တည်ရှိနေမှု မြေပုံကို ရေးဆွဲရေးလုပ်ငန်းကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက Geological Survey သို့ လာရောက် လေ့လာခွင့် ရရှိသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝ တွင်းထွက် သယံဇာတများ ကြွယ်ဝသော်လည်း စနစ်တကျ လေ့လာ သုံးသပ် ပြုစုထားခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ သယံဇာတ ကြွယ်ဝမှု အခြေအနေကို မှန်ကန်စွာ သိရှိပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် ဖင်လန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် လိုပါကြောင်းဖြင့် ပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ဘူမိဗေဒဆိုင်ရာ ပြခန်းကို လှည့်လည် ကြည့်ရှုလေ့လာပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ Mr. Elias Dkdahl က နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတအား ဖင်လန်နိုင်ငံသမ္မတနိုင်ငံတွင် အခြေချ နေထိုင်နေကြသော ကယန်း၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင် စသည့် မြန်မာတိုင်းရင်းသား မိသားစုများက ခေတ္တတည်းခိုသည့် ဟယ်လ်စင်ကီမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာသို့ လာရောက်၍ ဂါရဝပြု တွေ့ဆုံကြသည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မြန်မာတိုင်းရင်းသား မိသားစုများအား ရင်းနှီး ခင်မင်စွာ နှုတ်ဆက်၍ ၄င်းတို့နှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။

ထို့နောက် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် လက်ရှိကာလ၌ နိုင်ငံကို တည်ဆောက်နေချိန် ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက်လာသည်နှင့် အမျှ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ တိုးတက်လာမှာ ဖြစ်ကြောင်း၊ ထိုအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး နိုင်ငံနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ မည်သည့် နိုင်ငံတွင် နေထိုင်သည် ဖြစ်စေ မိမိတို့ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်ပြီး မိမိတို့ ဘဝဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် စေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မြန်မာတိုင်းရင်းသားများက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ နိုင်ငံတော်သမ္မတက အသေးစိတ် ပြန်လည်ဖြေကြား ခဲ့ကြ သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဟယ်စင်ကီမြို့ ဖွံ့ဖြိုးတိုးတက်မှုကို မော်တော်ယာဉ်ဖြင့် လှည့်လည် လေ့လာပြီး ကျောက်တုံးများဖြင့် တည်ဆောက်ထားသော Teamppeliaukio ဘုရားကျောင်းကိုလည်း သွားရောက် လေ့လာခဲ့သည်။

နိုင်ငံတော်သမ္မတသည် ညနေ (၆)နာရီခွဲတွင် နိုင်ငံတော်ဧည့်ဂေဟာ၌ ဟယ်လ်စင်ကီမြို့ရှိ Suomen Kuvalehti အပတ်စဉ်ထုတ် သတင်းစာမှ Ms. Katri Merikallio အား လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
 www.MyanmarExpress.net
 

1 comments:

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ဖင်လန်နိုင်ငံမှာေ၇ာက်၇ှိနေစဉ် မတ်လ ၂ ၇က်မှာ ဖင်လန်နိုင်ငံေ၇ာက်တိုင်းချစ်ပြည်ချစ်များ ဆိုတဲ့ မြန်မာဒုက္ခသည်ဆိုသူတွေက NLD အလံတွေ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေကို ကိုင်ဆောင်ပီး ဦးသိန်းစိန်အစိုး၇ကိုအလိုမ၇ှိ ဆိုပီး ဆန္ဒပြပီး မြန်မာနိုင်ငံကိုသိက္ခာချခဲ့ပါတယ်

အဲ့ဒီ ဖင်လန်နိုင်ငံေ၇ာက်တိုင်းချစ်ပြည်ချစ်များ ဆိုတဲ့ မြန်မာဒုက္ခသည်ဆိုသူတွေဟာ နိုင်ငံရေးအကြောင်းပြပီးလုပ်စားသွားတဲ့ ဒုက္ခသည်အယောင်ဆောင် လူလိမ်တွေပါ တခိျု့က မြန်မာနိုင်ငံသားတွေမဟုတ်တော့ပါဘူး ဒုက္ခသည်အယောင်ဆောင် ဒုက္ခသည်အဖြစ်ခံယူပီး ဖင်လန်နိုင်ငံသားခံယူထားသူတွေပါ

ဖင်လန် နော်ဝေး အစ၇ှိတဲ့ အနောက်နိုင်ငံတွေကမြန်မာဒုက္ခသည်တွေဟာ မျိုးချစ်စိတ်တကယ်၇ှိတာ မြန်မာနိုင်ငံကောင်းစားေ၇းကိုတကယ်လိုလားတာ မဟုတ်ပဲ နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းတွေဆီကနေ ဒီမိုကေ၇စီေ၇းဘန်းပြပီးတောင်းစားလို့ကောင်းအောင် လူမြင်ကွင်းမှာလမ်းပေါ်ထွက် ဆိုင်းဘုတ်ထောင်ပြပီး ဆန္ဒပြနေတဲ့ လူလိမ်တွေပါ မြန်မာပြည်တိုးတက်သွား၇င် သူတို့တစ်သက်လုံး လုပ်စားတောင်းစားလာသလို လွယ်လွယ်နဲ့လုပ်စားတောင်းစားလို့မရတော့မှာကို စိုး၇ိမ်နေတဲ့အကောင်တွေပါ ဒီမိုလုပ်စားတွေပါ

အဲ့ဒီအနောက်နိုင်ငံတွေကမြန်မာဒုက္ခသည်တွေဟာ အဲ့ဒီအနောက်နိုင်ငံတွေကကုမ္ပဏီတွေမှာ အလုပ်လျှောက်၇ာကတဆင့် သူတို့၇ဲ့အသိပညာ အတတ်ပညာ ကိုယ်စွမ်းကိုယ်စက ကုမ္ပဏီကလိုချင်တဲ့အဆင့်နဲ့ကိုက်ညီလို့ အလုပ်၇၇ှိပီးေ၇ာက်၇ှိအလုပ်လုပ်ကိုင်နေသူတွေ မဟုတ်ပါ

အဲ့ဒီ မြန်မာဒုက္ခသည်တခိျု့က ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းဝင်ပီး ဒုက္ခသည်လျှောက်ပီး ဖင်လန် နော်ဝေး အစ၇ှိတဲ့ အနောက်နိုင်ငံတွေကိုေ၇ာက်လာတဲ့ကောင်တွေပါ တခိျု့က ABSDFကနေ ဒုက္ခသည်လျှောက်ပီး ဖင်လန် နော်ဝေး အစ၇ှိတဲ့ အနောက်နိုင်ငံတွေကိုေ၇ာက်လာတာပါ

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် နော်ဝေးနိုင်ငံ အော်စလိုမြို့ကိုေ၇ာက်၇ှိစဉ် ဖေဖေါ်ဝါ၇ီ ၂၇ ၇က်ကလဲ အော်စလိုမြို့လယ် နေရှင်နယ်သီယေတာေ၇ှ့မှာ အဆိုတော် မွန်းအောင် အပါအဝင် ဒုက္ခသည်အမည်ခံ နော်ဝေးနိုင်ငံေ၇ာက် မြန်မာ ၃၀-၄၀ လောက်က သမ္မတကြီးအား ရွှေပန်းဖြင့်ကြိုဆိုပါသည် ဆိုတဲ့ဆိုင်းဘုတ်ထောင်ပီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ရိုင်းစိုင်းစွာဆန္ဒပြခဲ့ပါတယ် လူစည်ကား၇ာ အော်စလိုမြို့လယ်ခေါင်မှာ မြန်မာနိုင်ငံကိုသိက္ခာချခဲ့ပါတယ်

ဖင်လန် နော်ဝေးနိုင်ငံက ဒုက္ခသည်အမည်ခံဒီမိုလုပ်စားတွေထက် အဆပေါင်းများစွာ ပိုဆိုးတဲ့ ပြည်ဖျက်ကောင်တွေက ထိုင်းနိုင်ငံ မဲဆောက်မြို့က အဖွဲ့ပေါင်းစုံကဒီမိုလုပ်စားတွေဘဲ့ အဲ့ဒီ ဒီမိုသူတောင်းစားတွေက မြန်မာပြည်မကောင်းကြောင်း မြန်မာအစိုး၇မကောင်းကြောင်း ပြောပီး နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ တောင်းစား၇င်းချမ်းသာနေကြတာ ဒီမိုကေ၇စီေ၇းကိုဘန်းပြပီး တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားတွေပေါ့

မြောက်ပိုင်းABSDF ကချင် ပါဂျောင်မှာ ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကို ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ဆို၇င် မြန်မာအစိုး၇က လူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး လုပ်စားတောင်းစားလာတာဘဲ့ သူခိုးကလူပြန်ဟစ်လာတာဘဲ့

ဒီမိုလုပ်စား လူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့မိန်းမ ခင်ဥမ္မာ ကလဲ ဒီမိုလုပ်စားဘဲ့ အ၇င်အပတ်က တောင်ကြီးNLDညီလာခံမှာ စာပေခွင့်ပြုချက်မ၇ှိတဲ့ ဆင်ဆာမဲ့စာအုပ်တွေေ၇ာင်းသွားတဲ့ဖြစ်စဉ်၇ဲ့ နောက်ကွယ်ကတ၇ားခံက အဲ့ဒီ ခင်ဥမ္မာ ဆိုတဲ့ ပြည်ဖျက် NDDအဖွဲ့ကကောင်မပေါ့

ABSDFလူသတ်သမား နိုင်အောင် နဲ့ NDDအဖွဲ့က ပြည်ဖျက်မ ခင်ဥမ္မာ လင်မယားက တောင်းစားထားတဲ့ထောက်ပံ့ငွေတွေနဲ့ မဲဆောက်နဲ့ဘန်ကောက်မှာ အိမ်တွေကားတွေဝယ်ပီးချမ်းသာနေတာ ဒါမျိုးကို (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့ကအားကျနေတာ

ABSDFလူသတ်သမားနိုင်အောင် ခင်ဥမ္မာ လင်မယားနဲ့ တခြားထိုင်းနယ်စပ်ကဒီမိုလုပ်စားအဖွဲ့ပေါင်းစုံ၇ဲ့ တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ဒီမိုလုပ်စားလမ်းစဉ်အတိုင်း (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့လဲလိုက်နေကြလို့ ပြည်သူတွေကစိတ်ပျက်နေကြပါပီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်