Subscribe to our RSS Feed

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အကြံပြုချက် က လိုရာမရောက်ပဲ ဝေ့နေကြောင်း Eleven Media မှ CEO ဒေါက်တာသန်းထွဋ်အောင် ပြောကြား

From : ..eleven

''ကော်မရှင်ရဲ့ ဒီစီမံကိန်းအပေါ် အကြံပြုချက်တွေဟာ တစ်ခါတလေ လိုရာမရောက်ဘဲ ဝေ့နေပေမယ့် ရည်ရွယ်ချက်က ကောင်းပါတယ်။ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုပြီးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေ၊ ဒေသခံနစ်နာမှုရှိတာတွေကို ဒေသခံတွေနဲ့ ညှိနှိုင်းပြီးမှ ဒီစီမံကိန်းကို ဆက်လုပ်သင့်ပါတယ်။ဒါပေမဲ့ အကောင်အထည်ဖော်ရေး ကော်မတီမှာ ဒေသခံတွေ သို့မဟုတ် လူထုကိုယ်စားလှယ်တွေ မပါဘဲ အစိုးရကိုယ်စားလှယ်တွေပဲ ပါဝင်တာကြောင့် မကျေလည်မှုတွေ အကြမ်းဖက်မှုတွေ ပေါ်လာရင်တော့ အစိုးရမှာပဲ တာဝန်ရှိသွားပါလိမ့်မယ်။ တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး လွန် ကျွံသွားတဲ့ ကိစ္စတွေမှာ အရာရာအားလုံး U - Turn  ပြန်လှည့်လို့ မရပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံရဲ့ အနာဂတ် အစစအရာရာကို ချိန်ဆရပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အစိုးရက လိုက်လုပ်ပေးရင် ကျေနပ်စရာလို့ မြင်ပါတယ်'' ဟု Eleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။




w1-12-3-12

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာပါ ကော်မရှင်၏ တွေ့ရှိအကြံပေးချက်များအတိုင်း လုပ်ဆောင်ပါက အကျိုးရှိသည့် အချက်များပါဝင်သော်လည်း ဒေသခံများနှင့် အငြင်းပွားစရာအချက်များ ပါဝင်နေဆဲဖြစ်ကြောင်း ပညာရှင်အချို့က သုံးသပ်သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကြေးနီမိုင်းလုပ်ငန်း ဆက်လက် လုပ်ဆောင်ခွင့်ပြုရန် သင့်/မသင့်နှင့် ပတ်သက်၍ ဆက်စပ်လုပ်ငန်းများနှင့် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်အတွက်လည်းကောင်း၊ ဥပဒေစိုးမိုးရေးနှင့် နိုင်ငံ၏အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း၊ အစဉ်အလာများ ပေါ်ထွန်းစေရေးအ တွက်လည်းကောင်း သုံးသပ်ချက်များနှင့် အကြံပြုချက်များ တင်ပြနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးချက်များနှင့် လုပ်ဆောင်ချက်များ၊ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ လေ့လာတွေ့ရှိချက်များအား ဖော်ပြထားပြီး မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ့အား တာဝန်ပေးအပ်ခြင်း၊ မြန်မာ့ဝန်းကျင်အဖွဲ့၏ လေ့လာတွေ့ရှိချက်များ၊ ဘာသာရပ်နှင့် ဥပဒေကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက်များ၊ စီးပွားရေးပညာရှင်များ၏ တွေ့ရှိအကြံပြုချက်များကို ထည့်သွင်းဖော်ပြခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိန်းသိမ်းခြင်းအတွက် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ ဆောင် ရွက်သင့်သည့် နည်းပညာများကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းမရှိကြောင်း၊ သို့မဟုတ် လွန်စွာအားနည်းလျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်ခြင်း ရှိ /မရှိ သုံးသပ်မှုတွင် ဖော်ပြခဲ့သည်။

အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေမှာ တော်တော်များများ လက်ခံနိုင်တဲ့ အချက်တွေ ပါဝင်ပါတယ်။သို့သော် ဘ၀င်မကျဖြစ်တာကတော့ ဆက်လုပ်သင့်ပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျွန်တော့်အနေနဲ့ သိပ်သဘောမကျပါဘူး။ ဒီစီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် ဒေသခံ တွေအားလုံးနဲ့ ညှိနှိုင်းပြီး သဘောတူညီချက်ရမှ အကောင်အထည် ဖော်သင့်တယ်လို့ ထင်တယ်။ အခုဆက်လုပ်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ လောလွန်းအားကြီးနေတယ်လို့ မြင်တယ်။ အချိန်ကတော့ အတိုင်းအတာတစ်ခုအထိ ယူရမှာပါပဲ။ ဘယ်စီမံကိန်းမဆို သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ စီမံကိန်းရယ်လို့တော့ မရှိပါဘူး။ အနည်းနဲ့အများ ထိခိုက်တာတွေချည်းပါပဲ။ အခြားနိုင်ငံက စီမံကိန်းတွေဆိုရင် နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ နိုင်ငံတော်အဆင့်နဲ့ လုပ်ကြပေမယ့် ဒီစီမံကိန်းမှာက နှစ်ဖက်နိုင်ငံက ကုမ္ပဏီနှစ်ခုကပဲ ကုမ္ပဏီအဆင့်နဲ့ လုပ်နေကြတာပါ...

ယင်းကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူခဲ့ပြီး ကြေးနီစီမံကိန်းအား နိုင်ငံတော် နှင့် ပြည်သူလူထုအတွက် ရေရှည်အကျိုးစီးပွား၊ အပြုသဘောဆောင်သည့်အမြင် စသည့်မူဝါဒများအပေါ် အခြေခံ၍ ကော်မရှင်၏ အထွေထွေ သုံးသပ်ချက်နှင့် အကြံပြုချက်များကို တင်ပြခဲ့ခြင်းဖြစ်သည်။
''အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေမှာ တော်တော်များများ လက်ခံနိုင်တဲ့ အချက်တွေ ပါဝင်ပါတယ်။သို့သော် ဘ၀င်မကျဖြစ်တာကတော့ ဆက်လုပ်သင့်ပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျွန်တော့်အနေနဲ့ သိပ်သဘောမကျပါဘူး။ ဒီစီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် ဒေသခံ တွေအားလုံးနဲ့ ညှိနှိုင်းပြီး သဘောတူညီချက်ရမှ အကောင်အထည် ဖော်သင့်တယ်လို့ ထင်တယ်။ အခုဆက်လုပ်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ လောလွန်းအားကြီးနေတယ်လို့ မြင်တယ်။ အချိန်ကတော့ အတိုင်းအတာတစ်ခုအထိ ယူရမှာပါပဲ။ ဘယ်စီမံကိန်းမဆို သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ စီမံကိန်းရယ်လို့တော့ မရှိပါဘူး။ အနည်းနဲ့အများ ထိခိုက်တာတွေချည်းပါပဲ။ အခြားနိုင်ငံက စီမံကိန်းတွေဆိုရင် နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ နိုင်ငံတော်အဆင့်နဲ့ လုပ်ကြပေမယ့် ဒီစီမံကိန်းမှာက နှစ်ဖက်နိုင်ငံက ကုမ္ပဏီနှစ်ခုကပဲ ကုမ္ပဏီအဆင့်နဲ့ လုပ်နေကြတာပါ။ ဒေသခံတွေကို ရစရာရှိတဲ့ ရပိုင်ခွင့်တွေကို ပေးရမယ်။ ဒေသခံတွေမှာ လုပ်ကွင်း လုပ်ကွက်တွေ ပျက်ရတယ်။သောက်စရာရေတောင် စိမ့်ဝင်နေတဲ့ ရေထဲမှာ သောက်ဖို့ မသင့်တော်အောင် အဆိပ်ဓာတ်တွေ ပါဝင်နေတယ်။ ပြောရရင် ဒေသခံတွေ ကျေနပ်အောင် အငြင်းပွားမှုမရှိတဲ့ အခြေအနေရောက်မှ ဆက်လုပ်သင့်တယ်။ဒါကိုကျွန်တော်ကတော့ စီးပွားရေးကို ဇောင်းပေးပြီး လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို သိပ်အလေးမပေးတဲ့ဟာလို့ မြင်ပါတယ်'' သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးအုန်း(FREDA)က ပြောပါသည်။

ဒီစီမံကိန်းက ရာသီဥတုဒဏ်ရော၊ သဘာဝ ပတ်ဝန်းကျင်ရော၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးရော အားလုံး ထိခိုက်လို့ ကျွန်မတို့က ဒီစီမံကိန်း ဖျက်သိမ်းရေးကို တောင်းဆိုတာ။ အခုက ကော်မရှင်ရဲ့အဖြေက ကျွန်မတို့အတွက် မကျေနပ်စရာ အဖြေထွက်လာတာ။ ကျွန်မတို့ မကျေနပ်တာက မီးလောင်ဗုံးမှန်းသိရဲ့နဲ့ မီးခိုးဗုံးလို့ ပြောတာကိုလည်း မကျေနပ်ဘူး...

'' ဒီစီမံကိန်းကြီးကို ဘယ်လိုပြောရမလဲဆိုရင် ဒေသခံတွေ ဒီလောက်နစ်မွန်းတာတောင်မှ ပေါ့ပေါ့တန်တန် အလုပ်လုပ်သွားတာ။ သူတို့ဘက်က စကားထွက်တာက ကလေးဆန်တယ်။ ကျွန်မတို့ကတော့ မကြိုက်ဘူး။ သူတို့ လက်ခံထားတာက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကြီးကို လက်ခံထားတာ။ ဒေသခံတွေက တကယ်ကို နစ်နာနေလို့ ကျွန်မတို့က ဒါကို မလုပ်စေချင်တာ။ ကျွန်မတို့ မြန်မာပြည်အလယ်ပိုင်းက နဂိုကတည်းက မိုးနည်းတာ။ အဲဒီတောင် ၃၃ လုံးသာ မရှိရင် ပိုပြီးတော့ မိုးနည်းသွားမှာပေါ့။ ကျွန်မတို့ ဒီစီမံကိန်းက ရာသီဥတုဒဏ်ရော၊ သဘာဝ ပတ်ဝန်းကျင်ရော၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးရော အားလုံး ထိခိုက်လို့ ကျွန်မတို့က ဒီစီမံကိန်း ဖျက်သိမ်းရေးကို တောင်းဆိုတာ။ အခုက ကော်မရှင်ရဲ့အဖြေက ကျွန်မတို့အတွက် မကျေနပ်စရာ အဖြေထွက်လာတာ။ ကျွန်မတို့ မကျေနပ်တာက မီးလောင်ဗုံးမှန်းသိရဲ့နဲ့ မီးခိုးဗုံးလို့ ပြောတာကိုလည်း မကျေနပ်ဘူး။ ကျွန်မအခု ထိုင်းက ပြန်လာတာ။ ဦးတိက္ခဥာဏနဲ့ တွေ့ခဲ့တယ်။ သူက သူ့တစ်ကိုယ်လုံး မီးတွေလောင်နေလို့ လူးလှိမ့်ပြီး ငြှိမ်းခဲ့ရတာပါတဲ့။ ရဲတွေရှေ့မှာ ငြှိမ်းခဲ့ရတာပါတဲ့။ ရဲတွေကို မင်းတို့လုပ်ရပ်တွေကို ကြည့်ကြစမ်းပါကွာ ဆိုတော့ သူတို့က သူတို့ မျက်နှာကို ဒိုင်းတွေနဲ့ ကာထားတယ်တဲ့။ အဲဒါက မီးခိုးဗုံးဖြစ်နိုင်ပါ့မလားတဲ့။ ဒေသခံတွေက လျော်ကြေးနည်းလို့ ဆန္ဒပြတာပါတဲ့။ ကျွန်မတို့က လျော်ကြေးနည်းလို့ မဟုတ်ဘူး။ သူတို့ ပိုက်ဆံကို နည်းနည်းလေးတောင် မလိုချင်ဘူး။ သူတို့ ကျွန်မတို့ကို ပြောခဲ့တာက ၁၂ ရက် ၁၂လ ၂၀၁၀ တုန်းက ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ပြောခဲ့တာက ညည်းတို့ လယ်တွေကို အပိုင်သိမ်းတာမဟုတ်ဘူးတဲ့။ ယန္တရားကားတွေ ဘာတွေ မောင်းတဲ့အခါ သီးနှံတွေ ပျက်စီးနိုင်လို့ သီးနှံလျော်ကြေး ပေးတာပါလို့ ပြောပြီး ပေးသွားတာ။ အခုကျမှ သူတို့က နည်းလို့လား ဘာလား ထပြောတာ။ အဲဒီတုန်းက သီးနှံလျော်ကြေးမယူတဲ့ လယ်သမားတစ်ယောက်ကိုတောင် ထောင်ချခဲ့သေးတာပဲ။ အဲဒါကို သူတို့က မလှိမ့်တပတ်နဲ့ ပြောတာမျိုးကို ကျွန်မတို့ လုံးဝမကြိုက်ဘူး။ သူတို့က ဒေသခံတွေနဲ့ ညှိနှိုင်းတာမျိုး ဘာမျိုး ဘာတစ်ခုမှ ပွင့်လင်းမြင်သာမှု မရှိဘူး။ သဘာဝပတ်ဝန်းကျင်၊ မိုးလေ၀သတွေနဲ့တွက်ရင် ဒီစီမံကိန်းက လုံးဝ မလုပ်သင့်ဘူး။ ကျွန်မတို့ ဒေသ ခံတွေအတွက် လူမှုရေး၊ စီးပွားရေး လုံးဝပျက်သွားမှာ။ အဲဒါမျိုးတော့ ကျွန်မတို့ လုံးဝ မခံနိုင်ဘူး။ ကျွန်မတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင်တော့ သူက ဒီစီမံကိန်းကြီးနဲ့ ပတ်သက်ပြီး အမိန့်ထုတ်လို့ရတဲ့ သူမဟုတ်တော့ အစီရင်ခံစာ တင်သွင်းတာပဲ ရှိတာ။ ဖျက်သိမ်းပေးနိုင်မှာ မဟုတ်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဘာမှ မပြောလိုဘူး'' လက်ပံတောင်းတောင်အနီးရှိ ၀က်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းက ပြောပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတ္တုတွင်းနယ်မြေတွင် ဖြစ်ပွားခဲ့သော လူမှုဝန်းကျင် ပြဿနာများသည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွေ့နေရာ ချထားမှုအပေါ်တွင် အဓိကအားဖြင့် အခြေပြုခဲ့သည်ဟု သုံးသပ်ရကြောင်း၊ ကြေးနီသတ္တု တွင်း လုပ်ငန်းအဆင့်ဆင့်အား ပွင့်လင်းမြင်သာစေမှု (Transparency)၊ သတ္တုတူးဖော်ထုတ်လုပ်ရန်အတွက် မြေလိုအပ်ချက်အား စနစ်တကျ သိရှိနားလည်စေမှုနှင့် အဆိုပါလုပ်ငန်းများကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာအရပ်ဒေသအတွက် အကျိုးကျေး ဇူး ရှိနိုင်ပုံများအား သိသာသော အထောက်အထား၊အချက်အလက်များ ပြသမှု၊ ထိုက်တန်သော ပေးလျော်မှု၊ အစားထိုးတည်ဆောက်ပေးမှုနှင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းဘ၀အတွက် ထိရောက်သော စီမံဆောင် ရွက်ပေးမှုများ လိုအပ်သည်ဟု အကြံပြုကြောင်း ဖော်ပြထားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကြေးနီစီမံကိန်း တစ်ခုဖြစ်ပြီး ယင်းသို့ ကြီးမားသော လုပ်ငန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူး ရှိ သည်မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူးမှာ နည်းပါးသည်ဟု ကော်မရှင်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဤအချက်ကိုသုံးသပ်၍ အလေးထား ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။ ကော်မရှင် စီးပွားရေးပညာရှင်၏ အကျိုးရှိမှုတွက်ချက်ခြင်း (Benefit Calculation)  အရ ယခုလုပ်ငန်းတွင် နိုင်ငံတော်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ရရှိသည့် အကျိုးစီးပွားသည် ၀မ်ပေါင်ကုမ္ပဏီရရှိသည့် အကျိုးစီးပွားထက် ပိုမိုကြောင်း တွက်ချက်ဖော်ပြထားသည်။ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိသော်လည်း အနာဂတ်မျိုးဆက်များအတွက် အကျိုးကျေးဇူးရှိရန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများကို လိုအပ်ကြောင်း တိုက်တွန်းထားသည်။

စောင့်ကြည့်တာ ဘယ်သူက စောင့်ကြည့်မှာလဲ။ အခုသတင်းစာထဲမှာ ပါတယ်။ အဖွဲ့ဖွဲ့တယ်ဆိုပြီး။ အဲဒီလူတွေက တပ်ကလူတွေဗျ။ သေချာ စောင့်ကြည့်ရင်တော့ ကောင်းတာပေါ့။ စောင့်ကြည့်နိုင်ပါ့မလားပေါ့။ စာရွက်ထဲမှာရော ဟိုလိုလုပ်ရမယ်၊ ဒီလိုလုပ်ရမယ် ပါတာပေါ့။ တကယ်ရော ဦးပိုင်တို့၊ ၀မ်ပေါင်တို့က လိုက်လုပ်နိုင်ပါ့မလား။ စောင့်ထိန်းပါ့မလားပေါ့။ အဲဒါက တော်တော်အရေးကြီးတယ်ဗျ။ သူတို့ထဲက အကြံပေးချက်အတိုင်း ဘယ်သူကလုပ်မှာလဲ။ သေချာလုပ်မှာလား။ အဲဒါကိုဘယ်သူက Enfore လုပ်မှာလဲပေါ့။ အဲဒါက အဓိကအချက်ပဲ...

''မုံရွာကလူတွေက ဒီစီမံကိန်းကြောင့် ချင်းတွင်းမြစ်ကြီးများ ညစ်ညမ်းကုန်မလားဆိုပြီး စိုးရိမ်ပူပန်တာတွေ ရှိတယ်။ အဲဒီ စိုးရိမ်ပူပန်မှုတွေက ဒီအစီရင်ခံစာကြောင့်တော့ လျော့ပါးသွားဖို့ မရှိဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီထဲမှာ ဖတ်ကြည့်ရင် စွန့်ပစ်တဲ့ကန် ရှိတယ်လေ။ အဲဒါက သိပ်ပြီး ဟန်မကျဘူး။ ရေကြီးလို့ရှိရင်၊ ဒါမှမဟုတ် မိုးတွင်းကျလို့ရှိရင် ရုတ်တရက်ပေါ့။ အဲဒါမျိုးဖြစ်ရင် အဲဒါတွေက မြစ်ထဲရောက်မှာဗျ။ နောက်တစ်ခုကလည်း သူတို့သေချာ လုပ်မှပေါ့။ EIA,SIA အဲဒါတွေလည်း သေချာပြန်လုပ်ရမယ်ဆိုတာ မျိုးလည်း ပါတယ်လေ။ အကြံပြုချက်ထဲမှာ။အဲဒါတွေကို တကယ့်ကို မှန်မှန်ကန်ကန် လုပ်ဖို့ပေါ့လေ။ အဲဒါကို စောင့်ကြည့်တဲ့ အဖွဲ့အစည်း၊ စောင့်ကြည့်တာ ဘယ်သူက စောင့်ကြည့်မှာလဲ။ အခုသတင်းစာထဲမှာ ပါတယ်။ အဖွဲ့ဖွဲ့တယ်ဆိုပြီး။ အဲဒီလူတွေက တပ်ကလူတွေဗျ။ သေချာ စောင့်ကြည့်ရင်တော့ ကောင်းတာပေါ့။ စောင့်ကြည့်နိုင်ပါ့မလားပေါ့။ စာရွက်ထဲမှာရော ဟိုလိုလုပ်ရမယ်၊ ဒီလိုလုပ်ရမယ် ပါတာပေါ့။ တကယ်ရော ဦးပိုင်တို့၊ ၀မ်ပေါင်တို့က လိုက်လုပ်နိုင်ပါ့မလား။ စောင့်ထိန်းပါ့မလားပေါ့။ အဲဒါက တော်တော်အရေးကြီးတယ်ဗျ။ သူတို့ထဲက အကြံပေးချက်အတိုင်း ဘယ်သူကလုပ်မှာလဲ။ သေချာလုပ်မှာလား။ အဲဒါကိုဘယ်သူက Enfore လုပ်မှာလဲပေါ့။ အဲဒါက အဓိကအချက်ပဲ။ အခုကတော့ သူတို့ မဟုတ်တာတွေက ပေါ်လွင်လာပြီလေ။ နံပါတ်တစ်က လျော်ကြေးပေးတာ အင်မတန်နည်းတယ်။ ပေါက်ကြေးနဲ့ ဘာမှမဆိုင်ဘူး။ နောက်တစ်ခုက EIA,SIA မလုပ်ဘူးပေါ့။ နောက်တချို့ဟာတွေမှာ ISO တွေ ဘာတွေ လုပ်မထားဘူးပေါ့။ အဲဒါတွေ ပါတယ်လေ။ နောက်တစ်ခုက နိုင်ငံတော်အကျိုးအတွက် ပြန်ပြီး ပြင်ဖို့တို့ ဘာတို့ပါတယ်။ အဲဒါကို တကယ်လုပ် မလုပ်ကတော့ အရေးကြီးတယ်။ အဲဒါမျိုး လုပ်ပါတယ်လို့ သေချာမှသာ ဒေသခံတွေက စိတ်ချမ်းသာနိုင်မှာဗျ။ ကော်မရှင်က တော့ထွက်တယ်။ ဟိုဟာတွေကတော့ လက်ခံသလားပေါ့လေ။ နောက်တစ်ခုက ကော်မရှင်ထဲမှာ တစ်ခုပါစေချင်တယ်။ သူတို့ကြည့်တာက သုံးခုပဲကြည့်တယ်။ နိုင်ငံတော်အကျိုးတို့၊ တရုတ်-မြန်မာ ဆက်ဆံရေးတို့ အဲဒါမျိုးတွေပါတယ်။ တစ်ချိန်တည်းမှာ အဲဒီဒေသခံတွေ စိုးရိမ်ကြောင့်ကြနေကြတာမျိုးတွေ၊
အဲဒါမျိုး သိပ်မပါဘူး။ အဲဒါမျိုး ပါစေချင်တာပေါ့ဗျာ''ဟု မုံရွာဒေသခံဖြစ်သည့် စာရေးဆရာ ကိုတာက ပြောပါသည်။

သဘာဝပတ်ဝန်းကျင်တွေကိုလည်း မပျက်စီးအောင်ဆိုရင် ကျွန်မတို့ ဒေသခံတွေနဲ့ ကုမ္ပဏီနဲ့ တွေ့ဆုံညှိနှိုင်းဖို့က အကောင်းဆုံး အကြံဥာဏ်ပါပဲ။ ဒေသခံတွေကတော့ ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်။ တွေ့ဆိုရင်တွေ့ပါမယ်။ ဘာဖြစ်ချင်တယ်။ ဘာလုပ်ချင်တယ်ဆိုတာကို သူတို့နဲ့ ညှိနှိုင်းချင်ပါတယ်။ ကျွန်မတို့ လိုချင်တဲ့ အချက်အလက်တွေကိုလည်း သူတို့ပေးနိုင်မယ်၊ သူတို့ လိုချင်တာကို လည်း ရမယ်ဆိုရင် နှစ်ဦးသဘောတူ လုပ်လို့ရပါတယ်။ သူတို့တစ်ဘက်တည်း သဘောနဲ့ လုပ်မယ်ဆိုရင်တော့ ကျွန်မတို့က လက်မခံပါဘူး...

''ကျွန်မတို့ ဒီအစီရင်ခံစာ အပြည့်အစုံတော့ မဖတ်ရသေးပါဘူး။ ကျွန်မတို့ ဖြစ်စေချင်တာက စီမံကိန်းကို မပျက်စေချင်ဘူး၊ သဘာဝပတ်ဝန်းကျင်တွေကိုလည်း မပျက်စီးအောင်ဆိုရင် ကျွန်မတို့ ဒေသခံတွေနဲ့ ကုမ္ပဏီနဲ့ တွေ့ဆုံညှိနှိုင်းဖို့က အကောင်းဆုံး အကြံဥာဏ်ပါပဲ။ ဒေသခံတွေကတော့ ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်။ တွေ့ဆိုရင်တွေ့ပါမယ်။ ဘာဖြစ်ချင်တယ်။ ဘာလုပ်ချင်တယ်ဆိုတာကို သူတို့နဲ့ ညှိနှိုင်းချင်ပါတယ်။ ကျွန်မတို့ လိုချင်တဲ့ အချက်အလက်တွေကိုလည်း သူတို့ပေးနိုင်မယ်၊ သူတို့ လိုချင်တာကို လည်း ရမယ်ဆိုရင် နှစ်ဦးသဘောတူ လုပ်လို့ရပါတယ်။ သူတို့တစ်ဘက်တည်း သဘောနဲ့ လုပ်မယ်ဆိုရင်တော့ ကျွန်မတို့က လက်မခံပါဘူး။ လက်ရှိအခြေအနေမှာ သူတို့ဘက်ကရော ကျွန်မတို့ဘက်ကပါ လိုချင်တဲ့ အချက်အလက်တွေကို မညှိနှိုင်းနိုင် သေးရင် အဆင်မပြေသေးပါဘူး။  မီးလောင်ဗုံးကိစ္စကိုလည်း တစ်ချိန်မှာ တာဝန်ရှိသူ တစ်ယောက်ယောက်ကနေ ဖြေရှင်းပေးပါ၊ ဖြေရှင်းပေးနိုင်မယ်လို့လဲ မျှော်လင့်ပါတယ် ''ဟု လက်ပံတောင်း ဒေသခံ မအေးနက်က ပြောပါသည်။
လက်ပံတောင်းတောင် သပိတ်စခန်းအား ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့်ဖြစ်စဉ်ကို ကြည့်ပါလျင် ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ ကျင့်သင်ကြားမှုများ ပြုလုပ်ပေးရန် လိုအပ်သည်ဟု ထင်မြင်ယူဆကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ယင်းမီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်းမရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်းမရှိကြောင်း၊ ထိုသို့ သိရှိခြင်းမရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နောင်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်သည့်အခါ လူစုခွဲရန် လိုအပ်သည့်အချိန်တွင် ထင်သာမြင်သာရှိသည့် အချိန်မျိုးတွင်သာ ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့သည်။
ယင်းအစီရင်ခံစာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှ မီးလောင် ဒဏ်ရာရသည့် လူနာများအား ဆေးကုသမှုကို တာဝန်ယူလျက်ရှိရာ ကော်မရှင်အနေဖြင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မန္တလေးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူအားလုံး ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သော သံဃာတော် ၄ ပါးကိုလည်း ကော်မရှင်အနေဖြင့် သွားရောက်ကြည့်ရှုပြီး နှစ်သိမ့်စကားများကို လျောက်ထားခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေသည့် အရှင်သဇ္ဇန၏ ကျန်းမာရေးအခြေအ နေ တိုးတက်လာပြီဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း၊ ထို့ပြင် သံဃာတော်ဦး တိက္ခဉာဏ၏ အခြေအနေ တိုးတက်လာနေပြီး ဆက်လက်၍ ကုသမှုခံယူရန် လိုအပ်သေးသည်ဟု ကော်မရှင်အနေဖြင့် သိရှိရကြောင်း အစီရင်ခံခဲ့သည်။
လက်ရှိအတိုင်းပင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ကိုင်စေမည့် နည်းလမ်းအား စီမံကိန်း ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်ချက်များ စနစ်တကျ ပြုလုပ်ထားခြင်းမရှိကြောင်း၊
စီမံကိန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာချိန်တွင် ပတ်ဝန်းကျင်ထိခိုက်မှုများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ဤစီမံကိန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူးအချို့ ရရှိသော်လည်း ဤမျှကြီးမားသော စီးပွားရေးလုပ်ငန်းမှ ယခုထက် ပိုမို၍ အကျိုးကျေးဇူးရရှိသင့်ကြောင်း၊ ထို့ကြောင့် ဤနည်းလမ်းကို ရွေးချယ်ရန် မသင့်ဟု ယူဆကြောင်း ဖော်ပြခဲ့သည်။
ကြေးနီစီမံကိန်းအား ဆက်လက် လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့် နည်းလမ်းတွင် ယင်းစီမံကိန်းသည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီနှင့် မြန်မာနိုင်ငံဘက်မှ ကာကွယ်ရေးဝန်ကြီးဌာနမှ ရှယ်ရာ ၄၀ ရာခိုင်နှုန်း ပါဝင်သည့် ကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ထားသည့် လုပ်ငန်းဖြစ်ရာ ယင်းလုပ်ငန်းကို ဖျက်သိမ်းမည်ဆိုပါက မြန်မာနိုင်ငံသည် ခွင့်ပြုထားသော စာချုပ်ကို လေးစားလိုက်နာခြင်းမရှိဟု ယူဆမှုများ ပေါ်လာနိုင်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးရှုထောင့်မှ ကြည့်လျင် နှစ်နိုင်ငံဆက်ဆံရေး ပြေလည်မှုမရှိသည့် အခြေအနေများ ပေါ်ပေါက်လာနိုင်သောကြောင့် အခက်အခဲများစွာ ရှိလာနိုင်သည်ဟု သုံးသပ်ထားသည်။

ကော်မရှင်ရဲ့ ဒီစီမံကိန်းအပေါ် အကြံပြုချက်တွေဟာ တစ်ခါတလေ လိုရာမရောက်ဘဲ ဝေ့နေပေမယ့် ရည်ရွယ်ချက်က ကောင်းပါတယ်။ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုပြီးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေ၊ ဒေသခံနစ်နာမှုရှိတာတွေကို ဒေသခံတွေနဲ့ ညှိနှိုင်းပြီးမှ ဒီစီမံကိန်းကို ဆက်လုပ်သင့်ပါတယ်။ဒါပေမဲ့ အကောင်အထည်ဖော်ရေး ကော်မတီမှာ ဒေသခံတွေ သို့မဟုတ် လူထုကိုယ်စားလှယ်တွေ မပါဘဲ အစိုးရကိုယ်စားလှယ်တွေပဲ ပါဝင်တာကြောင့် မကျေလည်မှုတွေ အကြမ်းဖက်မှုတွေ ပေါ်လာရင်တော့ အစိုးရမှာပဲ တာဝန်ရှိသွားပါလိမ့်မယ်။ တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး လွန် ကျွံသွားတဲ့ ကိစ္စတွေမှာ အရာရာအားလုံး U - Turn  ပြန်လှည့်လို့ မရပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံရဲ့ အနာဂတ် အစစအရာရာကို ချိန်ဆရပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အစိုးရက လိုက်လုပ်ပေးရင် ကျေနပ်စရာလို့ မြင်ပါတယ်...

ထို့ကြောင့် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာ ရရှိစေရန်အစီအမံများ ချမှတ်ပြီး ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်းတွင် မြေသိမ်းဆည်းခံဒေသခံများအား ပေးအပ်ထားသည့် မြေလျော်ကြေးအား ကာလတန်ဖိုးအတိုင်း ပြင်ဆင်၍ ထပ်မံတိုးမြင့်ပေးရန်၊ အချို့နေရာများကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သုံးစွဲနိုင်ရေးအတွက် စဉ်းစားလုပ်ဆောင်ပေးရန် စသည့် အချက်များပါဝင်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့၏ စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုစေပြီး ကြေးနီစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း စိစစ်တင်ပြထားသည်။



.. www.MyanmarExpress.net
 

12 comments:

Where is U Thein Sein n authorities concerned?Obviously twist!

သန်းထွှဋ်အောင် က တော့အာချောင်ပြန် ပြီ ကိုယ် လည်းမလုပ်နိုင် လုပ်တဲ့သူကြတော့အပြစ် လိုက်ရေး ဒါလား နံပတ်၁ မီဒီယာ

နားမလည် တဲ့သူတွေနဲ့စကားပြောရရင် လေကုန်မယ် အချိန် ကုန်မယ် မီးလောင် ဗုန်းသာသုံးရင် ဘုန်းကြီးမ ပြောနဲ့ ကြွက် တောင် ဖုတ်ပြီးသားဖြစ်သွားမယ် တွေ့ရှိတဲ့ ကျည်ခွံ အဆိုင်း အတွဲ ထုတ်လုပ်နိုင် ငံ အမှတ်တွေက မီးခိုးဗူံး ပါဆိုမှ ဆင် စပ် ပတ် အနာလုပ် ပုံကြီး ချဲ့ တဲ့ ကောင် ကောင် တွေ သူများ နိုင် ငံက ဘာမှမတတ်တဲ့ မြန်မာငတုံးတွေ လို့ ပြော ကုန်မယ် ဘာမှပညာမရှိ တဲ့ ကောင်တွေအင် တာဗျူး ထည့်ရေး တတ်တဲ့လူ ပြောတာ အမှန်ကျ ထည့် မ ရေး ၁ပူးခွေးတွေတွေ ကတစ် မှောင့် မင်းတို့ကို စိတ်ကုန်တယ်

If so,u should lead n strike at lapadaung,than hut aung.

မအေလိုးသန်းထွဋ်အောင် ဆရာကြီးဝင်လုပ်ပြန်ပြီ မင်းကပဲ အကုန်သိ အကုန်တတ် ငါလိုးမသား မင်းစကား ဆိုရင် လီးမှအထင်မကြီးဘူးကွာ မအေလိုး မင်းနဲ့ဝေးနေလို့ နီးလို့ကတော့ မင်းစောက်ခွက်ကိုဖြတ်ရိုက် လူသတ်ပြီးထောင်ထဲသွားနေ လိုက်မယ် တိုင်းပြည်သန့်သွားအောင် မင်းလိုကောင်မျိုးကို သတ်ပစ်ရမှာ အပါတ်စဉ်ယူနေကျ weekly eleven ကို ဒီအပါတ်ကစပြီး မယူတော့ဘူးကွာ အစကမသိလို့ယူခဲ့မိတာ

စောက်ရူး 11/THA

သန်းထွဋ်အောင်က ပထမမဏ္ဍိုင် လုပ်ချင်နေတာ မင်းကိုယ်မင်း အဲဒီလောက်တော်တဲ့ကောင်လို့ထင်နေရင် သမ္မတအကြံပေးလုပ်လိုက်ပါလား အဲဒီလိုတော့မရဘူး သူများဘာလုပ်လုပ်မကောင်းမြင်နေတဲ့ကောင် ငါကလည်း မင်းဘာပြောပြော တစ်ခုမှအကောင်းမမြင်ဘူး ကောင်းတာမှမဟုတ်တာ သူများမကောင်း ကိုယ်ပဲကောင်းကြောင်း ကိုယ်ရည်သွေးနေတဲ့စောက်ရူး

သန်းထွဋ်အောင်က ပထမမဏ္ဍိုင် လုပ်ချင်နေတာ မင်းကိုယ်မင်း အဲဒီလောက်တော်တဲ့ကောင်လို့ထင်နေရင် သမ္မတအကြံပေးလုပ်လိုက်ပါလား အဲဒီလိုတော့မရဘူး သူများဘာလုပ်လုပ်မကောင်းမြင်နေတဲ့ကောင် ငါကလည်း မင်းဘာပြောပြော တစ်ခုမှအကောင်းမမြင်ဘူး ကောင်းတာမှမဟုတ်တာ သူများမကောင်း ကိုယ်ပဲကောင်းကြောင်း ကိုယ်ရည်သွေးနေတဲ့စောက်ရူး

စောက်ရူးပုဆိုးခြုံထဲကလက်သီးပြနေတယ်

သန်းထွဋ်အောင် မင်းသိပ်တော်တယ်။ဒေါ်စုကဝေ့နေတယ်ဆိုတော့မင်းမှာ
ဘာအကြံကောင်းတွေများရှိလဲ။မင်းမှာတိုင်းပြည်အတွက်ယုံကြည်လောက်
အောင်ဘာသမိုင်းတွေရှိခဲ့လဲ။အဓိက ကလူထုအကျိုးစီးပွားဖြစ်ထွန်းဖို့ကအဓိ
ကပဲ။လူထုအတွက်တကယ်အကျိုးစီးပွားဖြစ်ထွန်းရင်တရုတ်နဲ့လုပ်လုပ် ကု
လားနဲ့ပဲလုပ်လုပ်ထောက်ခံရမယ်။အရင်ကလိုမောင်ပိုင်စီး စီးပွားရေးကို
နိုင်ငံကလက်မခံတော့ဘူး။

fuck သန်းထွဋ် အောင်

သန်းထွဋ်အောင် ကိုဝေဖန်ရအောင်မင်းတို့ ကကောအဆင့်ရှိလို့ လား သေချာဖတ်ပါဦးသူကကောင်းပါတယ်လို့ ပြောနေတာကို..............

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်