From :ဖက်ဖူးရောင်
ခုတလော ဖြစ်ပျက်နေတဲ့ မီဒီယာလောကရဲ့ ဆူညံပွက်သံတွေကို နားထောင်ကြည့်မိတော့ ဒီစာကို မရေးချင်ဘဲနဲ့ ရေးဖြစ်သွားတယ်ဆို
တာကို ဦးစွာ ၀န်ခံရမှာပါ။ ဟိုးအရင်တုန်းက ဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်။ ခေါင်းစဉ်က ဘူဇွာမီဒီယာထူထောင်လိုသူများ ပါ။
အဲဒီဆောင်းပါးကို ဧရာဝတီဘလော့ဂ်က ကူးယူဖော်ပြခဲ့ပါတယ်။ သူတို့ကတော့ မီဒီယာကို အသေအချာ စောင့်ကြည့်တဲ့ သဘောရှိပါ
တယ်။ အခုလည်း ၂၇-၂-၂၀၁၃ ရက်နေ့မှာ သတင်းစာတွေမှာ ဖော်ပြလာတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို
အွန်လိုင်းပေါ်မှာ ELEVEN မီဒီယာက ခါးခါးသီးသီး ကန့်ကွက်လာတော့ ဘာကြောင့်လဲလို့ ဒီဥပဒေကြမ်းကို အသေအချာ သွားဖတ်မိ
ပါတယ်။ ELEVEN ကပြောသလို ၁၉၆၂ ဥပဒေကို ပြန်အသက်သွင်းထားသလားပေါ့။ လားလား ဖတ်ကြည့်တော့မှ အတော်ကို ရှင်း
သွားတယ်လို့ ပြောရမယ်ဗျို့။ အခု ထုတ်ပြန်လိုက်တဲ့ဥပဒေကြမ်းဟာ တကယ့်ကို လျော့ပေါ့ပြီး ပုံနှိပ်သူတွေနဲ့ ထုတ်ဝေသူတွေ အတွက်
ဦးတည်ပြီး စေတနာဗလဗွ ရှေ့ရှုရေးထားတယ်ဆိုတာ အောက်မှာ ဖော်ပြမယ့်အချက်တွေအရ အထင်အရှား သိနိုင်မြင်နိုင်ပါတယ်-
(၁) အခုဥပဒေကြမ်းဟာ ၁၉၆၂ က ဥပဒေလို ရဲအရေးမပိုင်တော့ခြင်း။
(၂) ငွေဒဏ်တွေကိုသာ အဓိကထားပြီး ငွေဒဏ်မဆောင်မှသာ ထောင်ဒဏ်အဖြစ်သတ်မှတ်ပေးထားခြင်း။
(၃) ပထမတန်း အာဏာရ ရာဇတ်တရားသူကြီးဆီမှာ ၀န်ခံချက်လက်မှတ်ထိုးရမယ် ဆိုတဲ့ အချက်မပါရှိတော့ခြင်း။
(၄) လျှောက်ထားသူအပေါ် စုံးစမ်းစစ်ဆေးမှုပြုရန် မပါရှိတော့ဘဲ ယာယီ/မြဲ ခွဲခြားသတ်မှတ်ခြင်းမရှိတော့လို့ One Stop Service
ဆောင်ရွက်နိုင်ခြင်း။
(၅) နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စတွေကို ကာကွယ်မှု ပေးထားခြင်း။
(၆) ရဲက ရှာဖွေခြင်း၊ သိမ်းဆည်းခြင်းဆိုတဲ့ ကိစ္စရပ်တွေ မပါဝင်တော့ခြင်း။
(၇) ပြည်ပမှထုတ်ဝေစာများတင်သွင်းခြင်း၊ ပြည်တွင်းမှ ထုတ်ဝေစာတွေကို တင်ပို့ခြင်းကို တည်ဆဲဥပဒေဖြင့် ဆောင်ရွက်နိုင်ခြင်း။
အဲဒီလို အချက်တွေကို ကြည့်မယ်ဆိုရင် အမျိုးသားအကျိုးစီးပွားအတွက် တကယ်ကို သိသာထင်ရှားစွာ ရှေ့ရှု ဦးတည် ရေးသား
ထားတဲ့ ဥပဒေကြမ်း တစ်ခုလို့ မြင်မိပါတယ်။ ဒီအချက်အလက်တွေကို အသေအချာ မဖတ်ပဲ ဘာကြောင့် ဇွတ်အတင်း ကန့်ကွက်
နေတာလဲလို့ ပြန်စဉ်းစား သုံးသပ်မိပါတယ်။ နောက်တစ်ချက်က ဒီဥပဒေကို ရေးဆွဲရာမှာ ပုံနှိပ်လုပ်ငန်းရှင်အသင်း၊ ထုတ်ဝေသူများ
အသင်း စတဲ့ အသင်းအဖွဲ့အသီးသီးက ဥက္ကဋ္ဌတွေ အသင်းသူ အသင်းသားတွေနဲ့ တိုင်ပင်ပြီးမှ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ
အကြံပေးမှုတွေကို ရယူပြီး ရေးဆွဲထားတယ်လို့ သိရပါတယ်။
တကယ်တမ်း ဥပဒေခေါင်းစဉ်နဲ့ လိုက်လျောညီထွေတဲ့ နယ်ပယ်က ပုဂ္ဂိုလ်များ တိုင်ပင်ညှိနှိုင်းပြီးမှ ပြည်သူတွေအတွက် အဓိက
ဦးတည်စဉ်းစားပေါ်ထွက်လာတဲ့ ဒီ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းဟာ ကျွန်တော်တို့ ပြည်သူတွေအတွက်
အမှန်တကယ် လိုအပ်နေတဲ့ အကာအကွယ်ဥပဒေတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါကို အတင်းကြီး မျက်လုံးစုံမှိတ်ကန့်ကွက်နေတဲ့ ELEVEN ရဲ့ ဦးတည်ချက်က ဘာလဲ။ ၁၉၆၂ ဥပဒေကိုပဲ ဆက်လက်ကျင့်သုံး
စေလိုတာလား။ အခုဥပဒေက ၁၉၆၂ ဥပဒေထက် နိမ့်ကျနေလို့လား။ ဒါမှမဟုတ် မီဒီယာနဲ့ ဆက်နွယ်တဲ့ သတ်မှတ်ချက်၊ ပြဋ္ဌာန်း
ချက် အားလုံး ELEVEN လုပ်မှ မျှတမယ် တရားမယ်လို့ ဆိုချင်တာလား။ မြန်မာနိုင်ငံမှာ ELEVEN သာလျှင် မီဒီယာ လုပ်ငန်း
အားလုံးရဲ့ ဧကရာစ် ဘုရင်တဆူ ဖြစ်ချင်လို့ ဒီလို အကွက်ထွင် ဂွင်ဆင်နေတာလား ဆိုတဲ့ မေးခွန်းပေါင်း များစွာ ခေါင်းထဲကို
တစ်သီတစ်တန်းကြီးဝင်လာပါတယ်။ ပြည်သူ့မျက်နှာနဲ့ ပြည်သူ့ အကျိုးစီးပွားကို ကြည့်ကြပါဗျာ။ ပြည်သူကို ခုတုံးလုပ်ပြီး
ကိုယ်ကျိုးစီးပွားကို ဇွတ်ကျုံးသွင်းပြီး မတည်ဆောက် မထူထောင်ကြပါနဲ့။ ဒီအချက်လေးတွေကိုတော့ ELEVEN သတိမူမိစေချင်
ပါတယ်။
www.MyanmarExpress.net

4 comments:
မင်္ဂလာဆောင် ဧည့်ခံပွဲတစ်ခုမှာ အလဗန်းရဲ့ အကြီးတန်းသတင်းထောက်
တစ်ယောက်နဲ့ တဝိုင်းထဲထိုင်ဖြစ်ခဲ့တယ် ။ငယ်သူငယ်ချင်းတွေနဲ့ အတူတူ
ပြန်ဆုံကြတော့ မင်္ဂလာပွဲကနေ ညဘက် ဝိုင်းဖြစ်ကြတယ် ။အဲဒီသတင်း
ထောက်လုပ်နေသူက ဘာပြောတယ်မှတ်တုန်းခင်ဗျ ။တကယ်ဆို မီဒီယာဆို
တာ ကိုယ်ရတဲ့သတင်းကို ကိုရေးမယ်ဗျာ ။ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး။
မကျေနပ်ရင်မဖတ်နဲ့ပေါ့ဗျာတဲ့..။ သူတို့လို အကြီးတန်းသတင်းထောက်တစ်
ယောက်ရဲ့စိတ်ထဲမှာ ဒီလိုဖြစ်နေမှတော့ မီဒီယာလောကကြီးတစ်ခုလုံးရဲ့
အနာဂတ်ကို စိုးရိမ်မိပါတယ် ။
he want wilislit or nicket freedom.i think he should do prosetitute in thailand.
This rough press law is for MEG only.
မီဒီယာ ဘုရင်မဟုတ်ဘူးဟေ့ ဖာဘုရင် ပါးစပ်ဖာသည်လေ မနေ့တစ်နေ့ကမှ မီဒီယာလောက ထဲ ဘောလုံးလောင်ကစားရင်းရောက်လာတဲ့ အူကြောင်ကြောင်ကောင်တွေ ..
မထူးပါဘူး ဒီကောင်တွေကို အာဖဂန်က တာလီဘန်နဲ့ ပဲပေးတွေ့ခိုင်းလိုက်မယ် နောင်ဝေေ၀ဆိုပီးတော့
သန်းထွဋ်အောင်နဲ့ဝေဖြိုးရေ အမျှ အမျှ အမျှ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်