From : http://www.oppositeyes.info/2013/03/facebook-facebook.html
အဆိုပါ ဆောင်းပါး အား ဒီနေရာတွင် ဖတ်နိုင်သည်။ အောက်ကတော့ အဆိုပါ ဆောင်းပါးအတွက် ထွက်ပေါ်လာသည့် အသံများပင် ဖြစ်သည်။ ရီရသဖြင့် ထပ်ဆင့်ဖော်ပြလိုက်ပါသည်။
www.MyanmarExpress.net
မူကြိုကလေးမှ အစ ကားပွဲစား အဆုံး၊ ရှေ့နေများပါ မကျန် ဆန္ဒပြသည့်
မြန်မာနိုင်ငံ၊ အစိုးရ ဆိုသည်မှာ ဘာ ကို ဆိုလိုမှန်း မသိသည့်
မြန်မာနိုင်ငံ။ အစည်းအဝေးများတွင် အတင်းအကျပ်ထိုင်ခိုင်ပြီး ဥပဒေကို
ရှင်းပြမှ နားထောင် နားလည်သူများ ရှိသည့် မြန်မာနိုင်ငံ၊ ငါ့အဖွားရဲ့ အဖေ
လက်ထက်က လုပ်ခဲ့တာ၊ ဒီခေတ် မှာ လက်မခံဘူး ဆိုပြီး ဆန္ဒပြသည့် မြန်မာနိုင်ငံ။
နိုင်ငံတော် သမ္မတကို မြန်မာနိုင်ငံ မရောက် ဖူးသည့် ဒုက္ခသည်
မြန်မာလူမျိုးမှ နိုင်ငံမကောင်း၍ဟု နိုင်ငံခြားတွင် အပုပ်ချသည့်
မြန်မာနိုင်ငံ၊ စစ်ဖြစ်လျှင် အလံ ကို ခြေဖြင့် နင်းလဲ ကိစ္စ မရှိသည့်
မြန်မာနိုင်ငံ၊ ၀က်ဆိုဒ်များ တိုက်ခိုက်ခံရလျှင် အစိုးရ လက်ချက်ဟု စွပ်စွဲ
တတ်သော မြန်မာ နိုင်ငံ၊ နိုဘယ်ဆုရှင်မှ လွဲ၍ ကျန်သည့် အစိုးရအဖွဲ့မှ အစ
သမ္မတကြီး စိတ်တိုင်း ကျ အပုပ်ချခွင့် ရသော မြန်မာနိုင်ငံ၊ ဥပဒေကို
ဥပဒေအတိုင်း ဆောင်ရွက်ရမှာ ကြောက်သော မြန်မာနိုင်ငံ၊ ထောင် ထွက် ကျောင်းသား
အစိုးရ အပုပ်ချသည်ကို စာရေးဆရာကြီးများ ငုတ်တုပ်ထိုင်၍ ပြည်သူများ အားပေး
ရသော မြန်မာနိုင်ငံ၊ ၂ နေရာ လုံယုံ ၀တ်ပြီး ကမ္ဘာမှာ ပြရသည်ဟု
မြန်မာ့ဂုဏ်ဆောင်ဟု ကြွေးကြော် သည့် မြန်မာနိုင်ငံ၊ ရုပ်ရှင်ရုံတွင်
နိုင်ငံတော် အလံအလေးပြုခြင်းသည် အာဏာရှင် စနစ်ဖြစ်ကြောင်း စွပ်စွဲသူများ
ရှိသည့် မြန်မာနိုင်ငံ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ ဟူသော
စာတမ်းများသည် လူတွေကို ဘောင်ခတ်သည် ဆိုသူများ ဂျာနယ် ထုတ်သည့်
မြန်မာနိုင်ငံ၊ ဘယ်တော့မှ ညီညွတ်မှု မရှိသော မြန်မာနိုင်ငံ၊ မကောင်းသတင်း
ဂုဏ်ပုဒ်များ အထပ်ထပ်ရှိသည့် ဒီနိုင်ငံအတွက် အာဏာရှင် စနစ် မရှိမဖြစ်ကို
လိုအပ်နေပြီဟုသာ…
__________________________________________________
မြန်မာနိုင်ငံတွင် Facebook သည် ၀ါဒဖြန့်ချိရေး၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး
အာဏာရှင်စနစ်ကို ပြန်လည် အ သက် သွင်းလိုသူ ၀ါဒဖြန့်ချိရေးသမားများအား
Facebook လူမှုကွန်ရက် စာမျက်နှာတွင် အများအပြား မြင်ေ တွ့ လာရကြောင်း
သိရှိရသည်။ ထိုကဲ့သို့ ၀ါဒဖြန့်ချိသူများအနက် Opposit-eyes၊ ပလေတိုဒီမို၊
We Love True၊ Jing Hpaw Land၊ Nay Min၊ Ko John နှင့် Golden Land Myanmar
အစရှိသူတို့မှာ အာဏာ ရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ထင်ရှားသည့်
ဝါဒဖြန့်ချိရေး သမားများအဖြစ် မြင်ေ တွ့နေ ရကြောင်း သိရသည်။
အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ၀ါဒဖြန့်ချိရေးသမားများသည်
အများပြည်သူ အလွယ် တကူ မသိရှိနိုင်သော တပ်မတော်ဆိုင်ရာ
သတင်းအချက်အလက်များကို ရေးသားနေကြသူများ ဖြစ်သည့်
အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို ဝေဖန်မှုများအတွက်
နိုင်ငံတော်သမ္မတနှင့် အစိုးရ ဘက် မှ ကာကွယ်ရေးသားပြီး ပြည်သူ၊ လွှတ်တော်၊
မီဒီယာနှင့် နိုင်ငံရေး အင်အားစုများကို အပုပ်ချ တိုက် ခိုက်ခြင်းဖြင့်
နှပ်ကြောင်းပေး ၀ါဒဖြန့်ချိမှုများ ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။
အာရပ်နွေဦး၌ Facebook၊ Twitter အစရှိသော လူမှုကွန်ရက် ၀က်ဘ်ဆိုက်များကို
အသုံးပြုကာ လူ ထုေ တာ် လှန်ရေး တစ်ရပ်အား အောင်မြင်စွာ
ဆင်နွှဲနိုင်ခဲ့ခြင်းကို အာဏာရှင်စနစ် လိုလားသူများက သင်ခန်း စာယူ၍ Facebook
Account များစွာ ဖန်တီးပြီး လူမှုကွန်ရက် စာမျက်နှာများ၌ ဖြန့်ကျက်နေရာယူကာ
နှပ်ကြောင်းေ ပးဝါဒ ဖြန့်ချိမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် အဆိုပါ
ဝါဒဖြန့်ချိမှုများကို ပြည်သူလူထု၏ အသံအဖြစ် ထင်ယောင်ထင်မှား ရှိစေရန်
ဖန်တီးလုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် Facebook သုံးစွဲသူ မြန်မာအရေအတွက် စုစုပေါင်း၏
ထက်ဝက်ခန့်မှာ အမည်ရင်း မဖော်ပြဘဲ ပုံရိပ်ယောင်များဖြင့်
အသုံးပြုနေကြသူများဖြစ်ကာ ထိုသူများအနက် အများစုသည် အာ ဏာရှင် စနစ်ကို
ပြန်လည်အသက်သွင်းလိုသူများ ဖြစ်နေကြောင်း သိရှိရသည်။ ထိုသူများ၏
credibility (အများ ယုံကြည် လက်ခံနိုင်စွမ်း) မရှိသော အရေးအသားများကြောင့်
Facebook လူမှုကွန်ရက်အပေါ် မြန်မာအင် တာ နက် သုံးစွဲသူများ၏
ယုံကြည်မှုမှာလည်း လုံးဝကျဆင်းလျက် ရှိနေသည်ဟု သိရသည်။
သို့သော် နိုင်ငံရေး အတွေ့အကြုံမရှိဘဲ နိုင်ငံရေးမျိုးဆက် ဖြတ်ခံထားရသူ
လူငယ်များအတွက်မူ အဆို ပါနှပ်ကြောင်းေ ပး ၀ါဒဖြန့်ချိမှုများက
အမှန်တရားနှင့် ဝေးကွာစေရန် တွန်းပို့လျက်ရှိနေသည့်အတွက် နိုင် ငံရေး
မျိုးဆက်ဖြတ်ခံထားရသူ လူငယ်များ ၀ါဒမှိုင်းမမိစေရန် သတိပေးမှုများ ပြုလုပ်ရန်
လိုအပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က Oppositeyes ၏ Facebook စာမျက်နှာတွင်
"အာဏာရှင်စနစ် မရှိ မဖြစ် လိုအပ်နေသော တိုင်းပြည်" ဟူသည့်
ရေးသားချက်တစ်ခုကို ၀ါဒဖြန့်ချိရေး တစ်ခုအနေဖြင့် နှပ်ေ ကြာင်းေ ပး
ဖြန့်ချိခဲ့ပါသည်။
Oppositeyes ၏ ရေးသားမှုများသည် အာဏာရှင်စနစ်ကို တစ်ကျော့ပြန်လည်
ရောက်ရှိစေရန် နှပ်ေ ကြာင်းေ ပး ရေးသားခဲ့သည့် အရေးအသားတစ်ခုဖြစ်နေပြီး
ပြည်သူများသာမက မီဒီယာ၊ လွှတ်တော် အစ ရှိေ သာ နယ်ပယ်များတွင် ရှိနေသူများသည်
တပ်မတော်နှင့် အစိုးရကို အပြစ်ပြောပြီး မတည်ငြိမ်မှုများ ဖန်တီးေ နသည်ဟု
စွပ်စွဲခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် မရှိမဖြစ်
လိုအပ်နေပြီဖြစ်ကြောင်း ရေးသားခဲ့ခြင်းဖြစ်သည်။
"ယေဘုယျအားဖြင့်တော့ သူပြောတဲ့ ကောက်ချက်တွေကို ကြည့်ရင် တစ်ဖက်သတ်ဆန်နေတာ
တွေ့ရ တယ် ။ အာဏာရှင်စနစ်ကို ရွေးမလား။ ဒီမိုကရေစီစနစ်ကို ရွေးမလားဆိုတာက
ပြည်သူတွေက ဆုံးဖြတ် မှာဖြစ် တယ်။ ပြည်သူတွေက နှစ်ပေါင်း ၅၀ ကျော်လောက်
အာဏာရှင်စနစ်အောက်မှာ ခံစားခဲ့ရတဲ့ အတွက် သဘော မကျတော့ဘဲ ပါတီစုံစနစ်ကို
ဦးတည်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို အာဏာရှင်စနစ်နဲ့ တန် တယ်၊ မတန် ဘူးလို့
အလွယ်တကူ ဆုံးဖြတ်ချက် ချလို့မရဘူး။ နောက်ပြီး အခုဖြတ်သန်းနေတဲ့ ဒီမိုကရေ
စီခေတ်ဆိုတာ နုနယ်သေးတယ်။ အခုရေးသားချက်တွေဟာ ရယ်ဒီကယ် (radical) တွေရဲ့
ခြေလှမ်းပဲလို့ ယူ ဆတယ်။ ပြည်သူတွေက ဒီကောက်ချက်ကို လုံးဝလက်ခံမှာ
မဟုတ်ဘူး။ ဒါပေမယ့် သတိတော့ ထားရ မှာ ပဲ။ ဒီအချိန်မှာ ရယ်ဒီကယ်တွေရဲ့
လှုပ်ရှားမှုက အင်အားစုနည်းတယ်ဆိုပေမယ့် လှုံ့ဆော်နိုင်တယ်။ သူတို့ ရဲ့
လှုံ့ဆော်မှုကို သတိထားဖို့ ၀ိုင်းပြောရမယ်" ဟု နိုင်ငံရေး ဆောင်းပါးများ
ရေးသားနေသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
အကယ်၍ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားမယ်ဆိုရင်
မြန်မာနိုင်ငံဟာ လက်ရှိ အခြေ အနေလို မဟုတ်တော့ဘဲ တစ်ချိန်မှာ ယနေ့
ဆိုမာလီနိုင်ငံ၊ ဆီးရီးယားနိုင်ငံစတဲ့ failed state ဆိုတဲ့ နိုင်ငံေ တွလို
ဖြစ်သွားပြီး တိုင်းပြည်လည်းပျောက်၊ လူမျိုးလည်းပျောက်ဆိုတာမျိုး
ဖြစ်သွားမယ်ဆိုတာ မလွဲမသွေပဲ။ အခုေ တာင်မှ အချိန်မီလေး အရေးပေါ်ထွက်ပေါက်
(emergency exit) တစ်ခုရှိခဲ့လို့ ယနေ့အခြေအနေကို ရောက်ရှိလာခဲ့တာ ဖြစ်တယ် .
. .
"ကျွန်တော့်အမြင်ကတော့ အဲဒီလို ပြောတဲ့သူက တိုင်းပြည်ကို တိုးတက်စေချင်တယ်။
တကယ်ေ ကာင်းေ စချင်တယ်ဆိုရင် နာမည်ရင်းနဲ့ ထွက်ပြီး ပြောပါ။
ဆွေးနွေးချင်တယ်လို့ ဖိတ်ခေါ်ချင်တယ်။ အခုဟာက လက် သီးပုန်း နဲ့
တစ္ဆေလိုလုပ်ပြီး ပြောနေတာပါ" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် (စစ်တွေ) က
ပြော ပါသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်ရေးပိုင်းကို အသားပေးထားပြီး
အုပ်ချုပ်ရေးပိုင်း အသာရမှုကြောင့် တပ် မတော် အနေဖြင့်
နောက်ကြောင်းပြန်လှည့်ရန် မရှိသည့်အချိန်တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့်
အစိုးရ အဖွဲ့နှင့် လွှတ်တော်တို့အကြား အငြင်းပွားမှုအချို့ကို
အခွင့်ကောင်းယူ၍ နောက်ကြောင်းပြန်ရန် နှပ်ကြောင်းပေး ရေးသားနေမှုများကို
ပြည်သူလူထုအနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးကြည်မြင့်က ပြောကြားသည်။
"ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ထဲကနေ အုပ်ချုပ်ရေးပိုင်း အသာရမှုကြောင့်
တပ်မတော်အနေနဲ့ နောက်ကြောင်းပြန် လှည့်စရာ မရှိပါဘူး။ အခုချိန်မှာ
လွှတ်တော်ကသမ္မတနဲ့ အစိုးရအဖွဲ့ကို တည့်မတ်ပေး ပိုင် ခွင့် ရှိတယ်ဆိုတာကိုပဲ
လုပ်ဆောင်နေတာပါ။ ထိရောက်အောင် ကြိုးစားနေဆဲ ကာလပဲ ရှိပါသေး တယ်။ ဒါကို
ပုံကြီးချဲ့ပြီး အစိုးရအဖွဲ့ကို ပုတ်ခတ်နေတယ်လို့ပြော၊ နှပ်ကြောင်းပေးပြီး
နောက်ကြောင်းပြန် လှည့်ဖို့ လုပ်မယ်ဆိုရင် ပြည်သူတွေက လက်ခံမှာ
မဟုတ်တော့ပါဘူး။ ရေးသားချက်တွေရဲ့ နောက် ကွယ် မှာ ဘယ်သူတွေ ရှိနေတယ်။
ဘယ်သူတွေက ဖန်တီးနေလဲဆိုတာကို ပြည်သူတွေက သိနေပါတယ်။ ဘယ်လို လူတွေက
လုပ်နေသလဲဆိုတာကို မီဒီယာတွေက ထောက်ပြ၊ ပညာရှင်တွေ၊ လွှတ်တော် အမတ်ေ တွက
ပြောဆိုလာကြမယ်ဆိုရင် သူတို့ရဲ့ နှပ်ကြောင်းပေးမှုတွေက အလိုလို
ပျောက်သွားပါလိမ့်မယ်" ဟု လသာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကြည်မြင့်က ပြောပါသည်။
တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသူများသည် နေရာအနှံ့တွင်
ပုံသဏ္ဌာန်မျိုးစုံဖြင့် ရှိနေနိုင်ပြီး ထိုအခြေ အနေကို သတိထားကာ
ဖွံ့ဖြိုးတိုးတက်မှုဖြင့် တည်ငြိမ်မှုကို တည်ဆောက်ထားနိုင်ရန်လိုကြောင်း
စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။
"အကယ်၍ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားမယ်ဆိုရင်
မြန်မာနိုင်ငံဟာ လက်ရှိအခြေ အနေလို မဟုတ်တော့ဘဲ တစ်ချိန်မှာ ယနေ့
ဆိုမာလီနိုင်ငံ၊ ဆီးရီးယားနိုင်ငံ စတဲ့ failed state ဆိုတဲ့ နိုင်ငံတွေ လို
ဖြစ်သွားပြီး တိုင်းပြည်လည်းပျောက်၊ လူမျိုးလည်းပျောက် ဆိုတာမျိုး
ဖြစ်သွားမယ်ဆိုတာ မလွဲ မသွေပဲ။ အခုတောင်မှ အချိန်မီလေး အရေးပေါ်ထွက်ပေါက်
(emergency exit) တစ်ခုရှိခဲ့လို့ ယနေ့ အခြေအနေကို ရောက်ရှိလာခဲ့တာ
ဖြစ်တယ်။ အဲဒီလို emergency exit မရှိခဲ့ဘူးဆိုရင် စောစော ကပြောတဲ့
နိုင်ငံတွေလိုမျိုး ဖြစ်သွားနိုင်တယ်။ ဥပမာ ဆီးရီးယားနိုင်ငံကိုကြည့်ရင်
သမ္မတအာဆတ်ဟာ သူ့ကိုယ် သူ ကာကွယ်နေတာလား။ ဒါမှမဟုတ် သူ့ပြည်သူတွေကို
သူပြောသလို ကာကွယ်နေ တာလား ဆို တဲ့ အချက်နှစ်ချက်လုံးကို သူအာမ
မခံနိုင်တော့ဘူး။ ဆိုလိုတာက အခြေအနေတွေက evolution ဖြစ်စဉ်ေ တွကို
လျစ်လျူရှုခဲ့တဲ့ အာဏာရှင်စနစ်တွေကြောင့် ရုတ်ခြည်းပြောင်းလဲမှု (revolution)
တွေဆိုတာ ဖြစ်ပေါ် လာတာပဲ။ လွတ်ကျပြီး တစ်စစီကွဲသွားတဲ့ ဖန်ခွက်တစ်လုံးဟာ
အကောင်းပကတိအတိုင်း ပြန်ဖြစ်ဖို့ ဆို တာ မလွယ်ဘူး။ ဒါကြောင့်
အာဏာရှင်စနစ်တွေက တဖြည်းဖြည်းနဲ့ ကမ္ဘာပေါ်မှာ ချုပ်ငြိမ်းသွား တယ်ဆို တာကို
သတိထားဖို့ လိုတယ်" ဟု ဒေါက်တာအောင်ကိုကိုက ဆက်လက်ပြောသည်။
Oppositeyes အပါအ၀င် အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ပလေတိုဒီမို၊
We Love True၊ Jing Hpaw Land၊ Nay Min၊ Ko John၊ Golden Land Myanmar
အစရှိသဖြင့် ၀ါဒဖြန့်ချိရေး ရေးသားသူ အများ စုသည် အာဏာရှင်စနစ်
တစ်ကျော့ပြန်ရောက်ရှိစေရန် နှပ်ကြောင်းပေးမှုများ ရှိသည့်နည်းတူ ရိုဟင် ဂျာ
အရေးကို အကြောင်းပြုပြီး မွတ်စလင်ဆန့်ကျင်ရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန်ကိုပါ
လှုံ့ဆော်ေ နကြောင်း သိရသည်။
ရိုဟင်ဂျာအရေး ရေးသားထုတ်ဖော်နေကြသူများမှာ ရိုဟင်ဂျာသည်
မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း ပြောဆိုရေးသားမှုများသာ ရှိခဲ့ပြီး
ထိုသို့ပြောဆို ရေးသားခဲ့ခြင်းကို အာဏာရှင်စနစ်ကို ပြန်လည်အသက် သွင်းလို သူ
ဝါဒဖြန့်ချိရေးသမားများက အခွင့်ကောင်းယူ၍ မွတ်စလင်ဆန့်ကျင်ရေး အသွင်သို့
ရောက်ရှိပြီး မငြိမ်မသက်မှုများ ဖြစ်ပေါ်စေရန် ဖန်တီးနေကြခြင်း ဖြစ်ပါသည်။
အထူးသဖြင့် ရခိုင်ပဋိပက္ခဖြစ် ပွားခဲ့ပြီးနောက်ပိုင်း အာဏာရှင်စနစ်ကို
လိုလားသော ၀ါဒဖြန့်ချိသူများသည် အမျိုး သားရေးဟုဆိုကာ
မွတ်စလင်ဆန့်ကျင်ရေးနှင့် ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်စေရန် အရှိန်မြှင့်
လုပ်ဆောင် လာသည်ကို Facebook စာမျက်နှာများတွင် အများအပြား
တွေ့မြင်လာရပါသည်။ အနီးစပ်ဆုံး သာဓ ကအနေဖြင့် သာကေတမြို့နယ်အတွင်း
ဖြစ်ပွားခဲ့သော ကိစ္စတစ်ခုကို အကြောင်းပြုပြီး မွတ်စလင် ဆန့် ကျင်ေ ရး၊
ဘာသာရေးပဋိပက္ခ ဖြစ်ပေါ်စေရန် ၎င်းတို့က နှပ်ကြောင်းပေး လုပ်ဆောင်မှုများ
ပြုလုပ်ခဲ့ သည်ကို တွေ့ရှိရသည်။
"အမျိုးသားရေး ၀ါဒမှိုင်းတိုက်ပြီး မွတ်စလင်မုန်းတီးရေး ဖန်တီး၊
အဓိကရုဏ်းတွေ၊ ဆူပူမှုတွေဖြစ်အောင် သွေး ထိုးနေတယ်။ ဘာသာရေး ပဋိပက္ခတွေ
မဖြစ်ဖြစ်အောင် လုပ်နေတယ်။ အမျိုးသားရေးဆိုပြီး လူမျိုးေ ရး နဲ့ ဘာသာရေး
လှုံ့ဆော်မှုတွေ ပဋိပက္ခတွေဖြစ်အောင် ဖန်တီးနေတယ်။ ဒါက သာကေတကိစ္စ မပေါ်ခင်
ကတည်းကပါ။ ဒါကြောင့် သံဃာတော်တွေ၊ လူထုတွေအနေနဲ့ ဒီလှုံ့ဆော်မှုတွေအောက်မှာ
မျောပါမသွားဖို့ လိုပါ တယ်။ ဒါတွေဟာ နောက်ကွယ်က အာဏာရှင်တွေ၊
အာဏာရှင်စနစ်ကို ဖက်တွယ်နေသူတွေရဲ့ လုပ် ရပ်ပါ" ဟု Eleven Media Group ၏
CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။
"ဟိုတလောက ကိုမင်းကိုနိုင် ပြောသွားတယ်။ ကျွန်တော်တို့နိုင်ငံဟာ
ပြန်လည်တည်ဆောက်ရေးခေတ်ကို ရောက်ပြီတဲ့။ ကျွန်တော် သဘောမတူပါဘူး။
ဒီအာဏာရှင်ဝါဒ ဖြန့်ချိရေးတွေ၊ အင်အားကောင်းလာတဲ့ ထောက်လှမ်းရေး ကွန်ရက်တွေ
ရှိနေသေးသ၍ ကျွန်တော်တို့ ပြည်သူတွေ အိပ်ရေး၀၀ မအိပ်နိုင်သေး ပါဘူး။
ကျွန်တော်တို့ နိုင်ငံကိုလည်း ဒီမိုကရေစီနိုင်ငံလို့ မခေါ်ကြပါနဲ့ဦး" ဟု
ဒေါက်တာသန်းထွဋ်အောင်က ဆက် လက်ပြောကြားသည်။
___________________________________
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language
Via- Sa Maung
ခွန်ဒီးယမ်းဝက်ပေါဆီမှ ကူးလာသည်။
5 comments:
တစ်ယောက်ယောက်က ခိုင်းလို့ လုပ်နေတာမဟုတ်ရ
ပါဘူးဗျာ ကိုယ့်အမြင် ကိုယ့်အတွေး လွတ်လပ်စွာ
ပြောနိုင်တဲ့ခေတ်ရောက်ပြီ ဆိုလို့ ပြောလို့ရတဲ့နေရာက ပြောရတာပါဗျာ
ဘာ ထောက်လှမ်းရေးကွန်ရက်
ဟုတ်လား ဘယ်ဟာလဲ သေချာ ပြောစမ်းပါဦး
ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေရာကနေ သွားရင်းလာ
ရင်း လုပ်ရင်းကိုင်ရင်းကနေ ကိုယ့် friend ချင်း
ဟိုစပ်စပ်ဒီစပ်စပ် လုပ်မိကြတာပဲရှိတယ်
ဘာလဲ
ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်မလို့လား သူပုန်ကျင့်သူပုန်ကြံတွေ မကြံကြပါနဲ့ဗျာ
ဘယ်သူကမှကြိုးကိုင်စေခိုင်းတာကို လိုက်လုပ်နေတာ
မဟုတ်ဘူး ကိုယ့်ဟာနဲ့ကိုယ် လွတ်လွတ်လပ်လပ်
တွေး လွတ်လွတ်လပ်လပ် ရေးနေတာ
ဦးကြည်မြင့် ပြောသလို ပြည်သူဝေဖန်တာ ခံရဲရမှာ
ပေါ့ သူ့ဘာသာ ဘယ်နေရာမှာ ဘာကြီးဖြစ်နေနေ
Online ပေါ်မှာ အားလုံး တူတူပဲ ကြိုက်တာတွေ့ရင်
like တယ် မကြိုက်တာတွေ့ရင် ဖိုက်တယ် လူငယ်
တွေပီပီ ဒီလိုပဲနေတယ်
ခင်ဗျားတို့ ပြောပုံတွေက
ငါနဲ့မတူ ငါ့ရန်သူ တွေလို ဖြစ်နေတယ် ရေးရင်းနဲ့
ဒေါလှိမ့်ကန်လာပြီ တော်ပြီ တော်ပြီ ဒီလောက်ပဲ
မိုက်ရိုင်းရင်လည်း အာဏာရှင်စနစ်အသက်သွင်းချင်
လို့ ဖြစ်ဦးမယ်
မိုက်ယုတ်ကြီးတွေကိုတော့ကွာ
စိတ်ရှိလက်ရှိသာ တီးရလို့ကတော့ ဟင်း
ဒို့ကတော့ Myanmar Express တို့ OppositEyE တို့ ကိုကြိုက်တယ်ဟေ့
Myanmar Express တို့ OppositEyE တို့ လိုက် ထောက်ပြလို့ Media နဲ့ အချို့သူတွေ မလှုပ် ရဲတာ တိုင်းပြည်မှာဒါမျိုးလဲ ရှိအုံးမှဟ နို့မို့ဆို မလွယ်ဘူး________
ဒီမိုလုပ်စားမီဒီယာတွေက လုံးဝမေ၇းပဲဖုံးကွယ်ထားတဲ့ ဒီမိုလုပ်စားတွေ၇ဲ့ပြည်ဖျက်လုပ်၇ပ်အမျိုးမျိုးကို ထုတ်ဖေါ်ဖွင့်ချေ၇းသားပေးနေတဲ့ Myanmar Express တို့ OppositEyE တို့လိုဆိုဒ်တွေ မြန်မာတွေအတွက်မ၇ှိမဖြစ်လိုအပ်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်၇ဲ့ မသင့်လျော်တဲ့ အနေအထိုင် အပြောအဆို အပြုအမူ လုပ်၇ပ်တွေကို လမ်းမှန်ေ၇ာက်အောင် စေတနာနဲ့ထောက်ပြဝေဖန်ပေးလာတဲ့ ပြည်ချစ်သားကောင်းတခိျု့ဟာ အ၇င်ကလိုသေသေချာချာမထောက်ပြတော့ပဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ့်ဟာကိုယ်ပြုပြင်လာလေမလားဆိုပီး ပြုပြင်နိုင်ဖို့အချိန်နဲ့ အခွင့်အေ၇းပေးခဲ့ပါတယ် ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မပြုပြင်ပဲပိုပိုဆိုးလာပီး မြန်မာ့ယဉ်ကျေးမှုကို ထပ်တလဲလဲ၇ုပ်ပျက်ဆင်းပျက်ဖျက်ဆီးပြကာ မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးကို ကဘာ့အလယ်မှာအ၇ှက်၇အောင်လုပ်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အ၇င်ကလို ထိထိေ၇ာက်ေ၇ာက်ထောက်ပြဝေဖန်မှုတွေ ပြန်လုပ်သင့်တယ်လို့ ပြည်သူတွေက ပြည်ချစ်သားကောင်းတွေကိုအကြံပြုထားကြပါပီ
ဒေါ်စု မ ထိ ပါ နဲ့ ။ ခင် များ တို့  ကို ဦး ဝင် တင်NLD က ကိုက် လိမ့် မယ် ။စေ တ နာ နဲ့ ပြော တာပါ ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်