Subscribe to our RSS Feed

ခေတ်သစ်ဆင်ဖြူမရှင်မိဖုရားကြီးရဲ့ NLD အတွင်းက ဖြုတ်/ထုတ်/သတ် လမ်းစဉ်


From : http://shwenaingan.blogspot.com/2013/03/nld_10.html 


 NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကိုမနေ့ကစပြီး တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာကျင်း ပနေ ပါပြီ။ပါတီညီလာခံဖွင့်ပွဲကိုပါတီဥက္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်မယ် လို့ ကြိုတင်ကြေငြာထားပေမယ့် တစ်ကယ်တမ်းတက်ရောက်လာခြင်းမရှိပါဘူး။ NLD ပါတီအနေနဲ့ ညီ လာ ခံ မကျင်းပမီ (၃)ရက်အလိုမှာ ပါတီဝင်တွေဖြစ်တဲ့- - ဦးခင်မောင်ဝင်း(ဥက္ကဌ၊အလုပ်အမှုဆောင်အဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လမ်းမတော်မြို့နယ်) - ဦးသန့်ဇင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ်) - ဦးခင်မောင်ရှိန် (ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး) - ဒေါ်မိမိကြီး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကောလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး) တို့ (၄) ဦးကို ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ခဲ့ပါတယ်။ NLD ညီလာခံကျင်းပရေးကော်မရှင်ရဲ့ကြေငြာချက်မှာ အထက်ပါပုဂ္ဂိုလ် ၄ ဦးဟာ အဖွဲ့ချုပ်အတွင်း ညီညွတ်ရေး ကိုပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆိုလှုပ်ရှားမှုများရှိသည်ဟု ခိုင်လုံသောသက်သေ များရရှိ ထား၍ နိုင်ငံလုံးဆိုင်ရာညီလာခံကိုယ်စားလှယ်အဖြစ်တက်ရောက်ခွင့်ကိုရပ်စဲခြင်းဖြစ်ေ ကြာင်း ယေ ဘူယျဆန်ဆန်ဖော်ပြထားပါတယ်။ထုတ်ပယ်ခံရသူများအနေနဲ့၎င်းတို့ကိုကြိုတင်အသိပေးခြင်းတစ်စုံတစ်ရာမရှိ ဘဲဒီမိုကရေစီနည်းလမ်းမကျစွာဆောင်ရွက်ခဲ့ခြင်းအပေါ်အသီးသီးထုချေလွှာများဖြန့်ဝေထားကြောင်းသိရှိ ရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပါတီနာယကကြီးဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာသဘောထား ကွဲလွဲမှုတွေရှိနေပါတယ်။ ``ဒီလို ပါတီဝင်တွေကိုထုတ်ပယ်လိုက်တာဟာ ပါတီပြိုကွဲရေးကိုဦးတည်နေတယ်၊ ပါတီရဲ့ညီညွတ် မှု ကို ပျက်စီး စေတယ်၊ မဆလခေတ် တစ်ပါတီစနစ်ကြီးစိုးစဉ်အချိန်တုန်းက အဓိပတိကြီး ဦးနေ၀င်းက ပါတီသန့်ရှင်းရေး၊ပါတီသန့်စင်ရေးလုပ်တယ်ဆိုပြီးပါတီအတွင်းမှာသူ့ကိုယှဉ်ပြိုင်လာနိုင်တဲ့လူ၊သူ့ကိုဆန့်ကျင် လာနိုင်တဲ့သူတွေကို ဖြုတ်၊ထုတ်၊သတ်လုပ်ခဲ့တာတွေကိုအားလုံးမှတ်မိကြမယ်ထင်တယ်။ဒါတွေကမဆလခေတ် ကဖြစ်ခဲ့တာ။ ဒါပေမယ့်ဒီနေ့ဒီချိန်ခါမှာအခုလိုပါတီဝင်တွေကို ပြင်းပြင်း ထန်ထန် အရေး ယူပြီး ထုတ်ပစ်တာ ကိုသဘောမတူဘူး။ ဒါဟာကောင်းတဲ့ အလားအလာမ ဟုတ်သလို ဖြစ်သင့်တဲ့ ကိစ္စလည်းမဟုတ်ဘူး``လို့ ဦးဝင်းတင်က ပြောကြားခဲ့ပါတယ်။ အခု ဒီမိုကရေစီခေတ်ကို ရောက်နေပါပြီ။ ဒီမိုကရေစီပါတီတစ်ခုအနေနဲ့ ပါတီတွင်းမှာ မျိုးဆက်သစ် လူငယ်တွေ ထဲက နောင်တစ်ချိန်ပါတီကို ဦးဆောင်နိုင်လောက်တဲ့လူတွေ၊ တော်တဲ့သူတွေ၊ ပါတီဝင် အ ချင်း ချင်း ထောက်ခံမှုရရှိ နေသူတွေ၊ နေရာရလာနိုင်တဲ့သူတွေကို ထုတ်ပစ်နေတာတွေဟာ လက်ခံနိုင် စရာ ကိစ္စမဟုတ်ပါဘူး။ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုပြီး အကြိမ်ကြိမ်အခါခါပြောနေတဲ့ ကျွန်တော် တို့ပါတီ အနေနဲ့ ပါတီဝင်တွေကို ဘာတစ်ခုမှရှင်းလင်းချပြတာ မရှိဘဲနဲ့ ပါတီဝင်တွေကိုထုတ်ပစ်တာဟာ အပြော တစ်မျိုး၊ အလုပ်တစ်မျိုးမို့ ပွင့်လင်းမြင်သာမှုဆိုတာဘာလဲလို့ မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။ ပါတီခေါင်းဆောင်ကြီးများ အမြဲပြောပြောနေတဲ့ အစိုးရနဲ့ တပ်မတော်အပေါ်မှာ ကိုယ့်ဘက်က မှန် တယ် လို့ ထင်ရင် ပြောရဲဆိုရဲရှိရမယ်ဆိုပြီး၊ အခုအခြေအနေမှာ သူတို့ကိုယ်တိုင်ကရောမှန်ရဲ့လား၊ ဒီမို ကရေ စီ နိုင်ငံတော်ကြီး ဖြစ်ရမယ်လို့ကြွေးကြော်နေပေမယ့် ကိုယ့်ပါတီအတွင်းမှာတောင် ဒီမိုကရေစီ ရှိရဲ့ လား ပြန်လည်သုံးသပ်ကြည့်ဖို့လိုနေပါပြီ။မဆလပါတီလမ်းစဉ်ကို ပုံဖော်လာမှာကိုတော့ ဘယ်သူမှ လို လား မှာမဟုတ်ပါဘူး။ ဦးခင်မောင်ရှိန်က NLD ဗဟိုအလုပ်အမှုဆောင်ရာထူးရယူရေး၊၂၀၁၅ ဒေါ်အောင်ဆန်းစုကြည် သမ္မ တဖြစ် လာပါက ပါတီဥက္ကဌရာထူးမှ ဖယ်ရှားရေး စီမံနေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေကြောင့် သူထုတ်ပယ်ခံရခြင်းဖြစ်ကြောင်း၊ သူ့အနေနဲ့ နှစ် ၂၀ ကျော် NLD ပါတီမှာစိတ်ရောကိုယ်ပါ နှစ်မြှပ်ပြီး တက် တက်ကြွကြွလုပ်ဆောင်ပေးခဲ့မိတဲ့အတွက်အလွန်နောင်တရမိကြောင်း၊ ကျွန်တော်တို့ ပါတီဝင် ညီအကိုတွေ ကို နှုတ်ဆက်ရင်းပြောကြားခဲ့ပါတယ်။ ဒီနေရာမှာ ပုံပြင်မဟုတ်တဲ့ ဥပမာလေးတစ်ခုကို ကျွန်တော်သတိရမိတယ်။ ကျွန်တော် တို့နိုင်ငံ ရဲ့ နောက်ဆုံး မင်းဆက်ဖြစ်တဲ့ သီပေါမင်းကို ဘုရင်ဖြစ်အောင်လို့ သူ့မိန်းမစုဖုရားလတ်ရဲ့အမေ ဆင်ဖြူမ ရှင်မိဖုရားကြီးက သားမက်နဲ့အပြိုင် ဘုရင်ဖြစ်လာနိုင်သူ မင်းတုန်းမင်းရဲ့ သားတော်တွေအားလုံးကို အပြတ် ရှင်း ခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ကို ယှဉ်ပြိုင်လာ တဲ့ သူတွေ၊ သူ့ကိုပြန်ပြီး အန္တရာယ်ပြုနိုင်တဲ့ သူတွေကို ရှင်းထုတ်နေတာကြောင့် ကျွန်တော်တို့ဥက္ကဌကိုလည်း ခေတ်သစ်ဆင်ဖြူမရှင်မိဖုရားကြီး လို့သာ အမည်ပေး လိုက်ရပါကြောင်း။

 www.MyanmarExpress.net 

3 comments:

အခုအချိန်က အားလုံးပွင့်လင်း မြင်သာလာပြီ ဖြစ်တဲ့အတွက် အသိဥာဏ်နည်းတဲ့ လူတစ်ချို့ လောက်ပဲ ပါတီစွဲ ပဂ္ဂိုစွဲတွေ ထားတော့တယ်။ အသိဥာဏ်မြင့်မားတဲ့ သူတွေကတော့ ဘယ်သူဟာ နိုင်ငံတော် ကောင်းဖို့ အတွက် ဘယ်လိုဆောင်ရွက် နေတယ် ဆိုတာကိုပဲ ကြည့်နေတယ်။ ဒါမှလည်း အသိဥာဏ် မနည်းတဲ့ လူတစ်ယောက် အနေနဲ့ ၂၀၁၅ မှာ နိုင်ငံတော် ကောင်းဖို့အတွက် အမှန်တကယ် အကျိုးပြုနိုင်တဲ့ သူတွေကို ရွေးချယ်ပြီး မဲပေးနိုင်မှာပေါ့လေဗျာ။ x

မာန် တက် နေ တာ။ ဦး ၀င်း တင် နဲ့ တည် တော့ မယ်။

မူဆလင်ဆိုင်တွေမှာဈေးမဝယ်နဲ့
မူဆလင်တွေကိုလူရာသွင်းမဆက်ဆံနဲ့
ကိုယ့်ဗုဒ္ဓဘာသာမြန်မာလူမျိုးနဲ့မူဆလင်တွေအမှုအခင်းဖြစ်လာရင်မူဆလင်တွေကိုဝိုင်းတီးကြမယ်...အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ညီညီညွတ်ညွတ်ဆောင်ရွက်ကြပါစို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်