Subscribe to our RSS Feed

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း The Rt . Hon. Anthony Blair ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

From : ..သမ္မတရုံး


နေပြည်တော် မတ် ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း The Rt. Hon. Anthony Blair ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံသမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Richard Heyn လည်းတက်ရောက်သည်။

လက်ခံတွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မူဘောင် ၂၀၁၂-၂၀၁၅ အတွက် အဓိကကျသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်နှင့် အုပ်ချုပ်မှုနှင့် ပြည်သူလူထု စီမံခန့်ခွဲရေး ပိုမိုခိုင်မာ တောင့်တင်းလာစေရန်၊ ရေရှည် အစီအစဉ်တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်