Subscribe to our RSS Feed

မျိုးစောင့်ဥပဒေကို ကန့်ကွက်မှု ထိရောက်မည်မဟုတ်ဟု ဦးဝီရသူမိန့်

From : .. mizzima


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ပြဋ္ဌာန်းစေလိုသော မျိုးစောင့်ဥပဒေများအပေါ် ကန့်ကွက်သူ တို့၏ လုပ်ဆောင်ချက် ထိရောက်မည်မဟုတ်ဟု မန္တလေးမစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူက မဇ္ဈိမကို မိန့်ကြားလိုက်သည်။


မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းလိုက်ပါက ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ပျက်ပြားနိုင် သည်ဟု အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ယခုလ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်လိုက်မှုအပေါ် ဦးဝီရသူက တုံ့ပြန် ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။


“မျိုးစောင့်ဥပဒေကို နှစ်ယောက်တစ်ပိုင်းဖွဲ့ထားတဲ့ အဖွဲ့သေးသေးလေးတွေက ဝိုင်းဝန်းပြီး ကန့်ကွက်တာ ကို ပြည်သူလူထုက အားမလျှော့နဲ့။ အဲဒီအဖွဲ့အစည်းတွေ အားလုံးပေါင်းလိုက်တော့မှ ဦးဇင်းရဲ့ တရားပွဲ တစ်ပွဲ စာလောက်တောင် လူဦးရေမရှိပါဘူး။ အဲ့ဒါကြောင့် ခွေးလေးခုန်လို့ ဖုန်မထပါဘူး” ဟု ဆရာတော်က မိန့်သည်။


သံဃာပေါင်း ၂၅၀၀ ကျော် တက်ရောက်သည့် မေလ ၁၂ ရက် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးအပြီး မဇ္ဈိမ၏ မေးမြန်းမှုကို အထက်ပါအတိုင်း မိန့်ခဲ့ခြင်းဖြစ်သည်။


မျိုးစောင့်ဥပဒေကို ကန့်ကွက်ကြသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကြေညာချက်၌ တိုင်းရင်းသားလူမျိုးစု အကြားတွင် ဘာသာရေးမတူညီမှုများ ရှိနေသည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် လက်ရှိငြိမ်း ချမ်းရေး တည်ဆောက်မှုဖြစ်စဉ်အား အဟန့်အတား ဖြစ်စေနိုင်သည်ဟု ဖော်ပြထားသည်။


သို့သော် ဦးဝီရသူကမူ “ဒီဥပဒေ ပေါ်ပေါက်လာရင် တိုင်းရင်းသူတွေအားလုံးဟာ ဘာသာခြားတွေရဲ့ နှိပ်စက်မှု ကိုမခံရတော့ဘူး။ အဲ့တော့ လက်ရှိ အမျိုးသမီး အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ တိုင်းရင်းသား မဟုတ်တဲ့ ဘာသာခြားနဲ့ ညားတဲ့ တိုင်းရင်းသူတွေလည်း ဒီအခွင့်အရေးတွေ ပြန်ရလာနိုင်တယ်။ ဘာသာခြားနဲ့ မညားသေးတဲ့ တိုင်းရင်းသူတွေလည်း ညားသွားရင်း ဒီလို ဒုက္ခမျိုး မခံရတော့ဘူး” ဟု ဆိုသည်။


၂၀၁၃ ခုနှစ်၊ ဇွန်၁၂ ရက် မှော်ဘီ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မျိုးစောင့်ဥပဒေမူကြမ်းကို စတင်ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။


ထိုဥပဒေကြမ်းအရ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဖြစ်ရမည် ဖြစ်ပြီး၊ ဘာသာခြားဖြစ်သူက ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာသို့ ဝင်ရောက်ရ မည်ဖြစ်ပြီး အသိအမှတ်ပြု လက်မှတ်ရရှိရန် လိုအပ်သည်။ ပြစ်ဒဏ်အနေဖြင့် ယင်းကို မလိုက်နာပါက ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။
ယင်းနောက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ) သည် မျိုးစောင့်ဥပဒေဟု လူသိများသော လူမှုရေး၊ ဘာသာရေး၊ လူဦးရေဆိုင်ရာ ဥပဒေလေးခု ပြဋ္ဌာန်းပေးရေး သမ္မတထံ တောင်းဆိုထားသည်။


သမ္မတကလည်း အဆိုပါ ဥပဒေတို့ကို ရေးဆွဲရန် ကော်မရှင်တစ်ရပ်ဖွဲ့စည်းလိုက်ပြီး ဇွန်လကုန်အပြီး ဆောင်ရွက်ရန် ညွှန်ကြားထားသည်။


 .. www.MyanmarExpress.net
 

1 comments:

မျိုး​စောင့်​ဥပ​ဒေကို ကန့်​ကွက်​​သောဖာ​ခေါင်းအဖွဲ့များ မင်းတို့သမီး​တွေ ညီမ​တွေကို မွတ်​ကုလား နဲ့ညားခိုင်းလိုက်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်