Subscribe to our RSS Feed

ဒီမိုကရေစီ ထိုင်းနိုင်ငံတွင် စည်းမဲ့ကမ်းမဲ့ ဆန္ဒပြမှု များလာလျှင် စစ်တပ်မှ ပစ်ခတ်ဖြေရှင်းမည်ဟု စစ်တပ်သတိပေး၊ အိမ်နီးချင်းမြန်မာနိုင်ငံတွင်လည်း စည်းကမ်းမဲ့ဆန္ဒပြသူ များလာ

From : .. planet

နိုင်ငံရေးအကြမ်းဖက်မှုများ အရှိန်မြင့် ဖြစ်ပွားနေမည်ဆိုပါက စစ်တပ်အနေဖြင့် အင်အားသုံးဖြိုးခွင်းရလိမ့်မည်ဖြစ်ကြောင်း ထိုင်းစစ်တပ် အကြီးအကဲက သတိပေး ပြောကြားလိုက်ပြီဖြစ်သည်။ ဝန်ကြီးချုပ်ယင်လတ်အား ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအမိန့်ဖြင့် ရာထူးမှဖယ်ရှားခဲ့ပြီးနောက်ပိုင်းတွင်လည်း ဆန္ဒပြမှုများ ဆက်လက် ပေါ်ပေါက်နေဆဲဖြစ်သည်။ 


(ဘန်ကောက်မြို့ရှိ ထို်င်းလေတပ်သင်တန်းကျောင်း အပြင်ဘက်တွင် ဆန္ဒပြနေသည့် အစိုးရအတိုက်အခံများ)


လတ်တလော ဆန္ဒပြမှုအတွင်း  ၃ ဦးသေဆုံးခဲ့ပြီးနောက် စစ်တပ်အနေဖြင့် အင်အားသုံး ဖြိုခွင်းမှုများ ပြုလုပ်နိုင်ကြောင်း ယနေ့ သတိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းနှင့်အတူ ဆန္ဒပြမှုများ ဆက်တိုက် ပေါ်ပေါက်နေခဲ့ခြင်းမှာ ၆ လမျှ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အဆိုပါ ဆန္ဒပြမှုများအတွင်း လူ ၂၈ ဦး သေဆုံးကာ ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


.. www.MyanmarExpress.net
 

1 comments:

u can say like this words only.don't know how to solve smoothly. Fucking guy

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်