လူသားတိုင်း လူသားတိုင်း ပေါ့လေ။ ဒီကမ္ဘာတစ်ခုလုံးက လူသားတိုင်းအကြောင်းအရာတစ်ခုဖြစ်လာတယ်။ ဒါပေမဲ့လည်းတော်တော်များများက။ ဒါကိုဂရုမစိုက်ကြတော့ဘူး။အခုကျွန်တော်တို့မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က နာဂစ်မုန်တိုင်းတွေ၊ ရာသီဥတုဖောက်ပြန်တာတွေ ပိုပြီးတော့ဖြစ်လာတယ်။ ဒါပေမဲ့ ခုချိန်ထိတိုင်အောင် သဘာဝဘေးဒဏ်ကို များများစားစားမခံရတဲ့အတွက်
ကျွန်တော်တို့ ကမ္ဘာ့မြောက်ခြမ်းဆိုရင် ကမ္ဘာကြီးပူနွေးလာတဲ့အတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်ဆိုး ရင်ဆိုင်စရာကိစ္စတွေကို ဦးစားပေး
စာရင်းမှာ နံပါတ်(၂၀)မှာပဲ ရှိသေးတယ်။ သိပ်ပြီးတော့အလေးမထားဘူးပေါ့နော်။ ကမ္ဘာကြီးက တကယ်ကိုပဲပူပူလာတယ်။ သိသိသာသာကို
လည်းခံစားရတယ်။ နွေရာသီကာလတွေပိုပြီးတော့ ပြင်းထန်လာတယ်။ ရှည်လျားလာတယ်။ မိုးရာသီအခါကျတော့ မိုးတွေဖောက်ပြန်လာတဲ့
အတွက် မုန်တိုင်းတွေအဖြစ်များပြီး ပိုပြီးပျက်စီးဆုံးရုံးမှု အများကြီးဖြစ်လာတယ်။ လူလုပ်တဲ့စိုက်ပျိုးရေး၊ ပြက္ခဒိန်ပေါ့နော်၊ ဘယ်အချိန်မှာ ဘာကိုစိုက်ရမလည်းဆိုတာ ကျွန်တော်တို့ရှေးအစဉ်အဆက်ကနေ တောင်သူလယ်သမားတွေမှတ်သားလာတာပေါ့။ ၀ါထပ်တယ်ဆိုရင်ဘာ
ဖြစ်မလဲဆိုတာမျိုးတွေ၊ ဒါမျိုးတွေကလဲ မမှန်တော့ပါဘူး။ ကမ္ဘာကြီးရဲ့ ပူနွေးလာမှု ယိုယွင်းလာမှုတွေကြောင့် သိသိသာသာအကျိုးသက်
ရောက်မှုတွေများလာတယ်. အရင်ကမပူခဲ့ဘူး..အခုပူခဲ့သလားဆိုတော့ ကမ္ဘာကြီးက ပူလိုက်အေးလိုက်တော့ရှိပါတယ်။ ရေခဲအဆင့်ကို
ရောက်လိုက်၊ ပြန်ပြီးနွေးလာလိုက် စသည်ဖြင့်ပါ။ သို့သော်ပညာရှင်တွေပြောတာကတော့ လေ့လာချက်တွေအရ အခုဟာက ကမ္ဘာကြီး
ပြန်ပြီးအေးလာရမဲ့အခြေအနေပါ၊ သဘာဝအလျှောက်ပြန်ပြီးအေးလာရမဲ့သက်တမ်းကာလကိုရောက်နေပါတယ်၊အေးလာရမယ့်သက်
တမ်းကာလမှာမအေးဘဲ ၁ ဒီဂရီစင်တီဂရိတ်လောက်ပိုပူလာတယ်။ ၁ ဒီဂရီးစင်တီဂရိတ်များဘာထူးခြားလဲဆိုတော့ စဉ်းစားစရာရှိ
တယ်။ ၁ဒီဂရီစင်တီဂရိတ်ဆိုတာကမ္ဘာကြီးရဲ့ ဒြပ်ထု ကြီးနဲ့ မြှောက်လိုက်မယ်ဆိုရင် သူ့ ရဲ့ အောင်းနေတဲ့အပူချိန်ကကြောက်ခမန်း
လိလိကိုများနေပါတယ်။တစ်ခုဘဲပြောရမယ်ဆိုရင်ကမ္ဘာကြီးရဲ့ ၇၀ရာခိုင်နှုန်းလောက် ဖုံးအုပ်ထားတဲ့သမုဒ္ဒရာကြီးကအပူချိန်တွေ
ကိုအများဆုံးစုပ်ပေးခဲ့တာ။သမုဒ္ဒရာကြီးက အပူချိန်တွေကိုအများဆုံးစုပ်မပေးရင် ၁ ဒီဂရီထက်မက ပူနွေးလာနိုင်တယ်။ အဲဒီတော့
သမုဒ္ဒရာကြီးတွေက ကမ္ဘာကြီးရဲ့ အပူကိုစုပ်လိုက်တိုင်းအောင်းနေတဲ့အပူတွေသည် ၁ မဂ္ဂါတန်ရှိတဲ့ အဏုမြူဗုံးပေါင်း သန်းပေါင်း
၁၄၀၀ လောက်ပေါက်ကွဲတဲ့အပူဒဏ်ရှိတယ်။ အဲဒီလောက်အပူကိုသမုဒ္ဒရာကြီးတွေက စုပ်ထားတယ်။ အဲဒီတော့သမုဒ္ဒရာကြီးတွေထဲမှာ
ဒီအဏုမြူဗုံးပေါင်းသန်း ၁၄၀၀လောက်မြုပ်နေတဲ့သဘောပေါ့။ အဲဒီမှာနှစ်ပေါင်း ၁၀၀တွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းတွေရဲ့ ကြိမ်နှုန်းတွေက ပိုပို ပြိးများလာတယ်။ ပူနွေးလာတဲ့အနေအထားကြောင့်ကမ္ဘာရဲ့ လေထုကလည်းပိုပြီးပူနွေးလာတယ်။ ပူပြင်းတဲ့နှစ်တွေကလဲပိုပြီးစိပ်လာတယ်ကမ္ဘာပေါ်မှာမိုးလေ၀သမှတ်တမ်းတင်ခဲ့တဲ့ နှစ်ကစပြီးတော့မှအပူနွေးဆုံးနှစ်ပေါင်း ၂၀မှာ ၁၉ကြိမ်ဟာ ၁၉၈၀ပြည့်နှစ်ဒီဘက်ပိုင်းမှာဖြစ်တယ်။ အပူတကာ့အပူဆုံး ၃နှစ်ကလွန်ခဲ့တဲ့ ၈နှစ်အတွင်းက ဖြစ်ခဲ့တယ်။
အဲဒီတော့ဘာဖြစ်လာလည်းဆိုတော့ ၊ရေကြီးတာတွေ၊ မုန်တိုင်းတိုက်တာတွေပေါ့။အမေရိကမှာဟာရီကိန်းကန်ထရီနာဆိုပြီးတော့ပေါ့။
အဲဒီမှာလူအများကြီးသေတယ်။ အဲဒီနှစ်အတွင်းမှာတရုတ် အိန္ဒိယမှာစသည်ဖြင့်ရေကြီးမှုတွေဖြစ်ခဲ့တယ်။သာမန်အားဖြင့်
ကမ္ဘာကြီးပူနွေးလာတာနဲ့ပတ်သက်ပြီးတော့ လူတွေဟာကိုယ်နဲ့ မဆိုင်ဘူးလို့ အခုချိန်ထိသတ်မှတ်နေကြတယ်။
အမှန်ကမဟုတ်ပါဘူ်း။ ဘာကြောင့်လဲဆိုတော့ကမ္ဘာကြီးကအ၇မ်းကြီးပါတယ်။ ထိန်းမယ်ဆိုရင်ခုတောင်တော်တော်နောက်ကျနေပြီ။
သင်္ဘောကြီးတွေမောင်းသလိုဘဲ ဆိပ်ကမ်းကပ်ချင်ရင်အဝေးကြီးကနေ ကြိုပြီးဘရိတ်အုပ်လာတယ်။ဒါတောင်တော်တော်နဲ့ ထိန်းမရဘူး။
အင်မတန်ပူနွေးနေတဲ့ရေနွေးအိုးကြီလိုဘဲ ဒီရေနွေးအိုးကြီးအေးဘို့ ခလုပ်ပိတ်လဲတော်တော်နဲ့ မအေးနိုင်ပါဘူး။
ဓါတ်ငွေ့ တွေမထုတ်တော့ရင်တောင်နှစ်ပေါင်းရာနဲ့ချီပြီးတော့ ပူနွေးနေအုံးမှာဖြစ်ပါတယ်။ အဏုမြူဗုံးတွေ ၁၄၀၀လောက်စုထားတဲ့သမုဒ္ဒရာကြီးကလည်း
ဒီဟာတွေပြန်ထုတ်တာပေါ့။ အဓိက ကတော့ဘာလဲဆိုတော့ လူကြောင့်ဆိုတာ သိပ္ပံပညာရှင်အ
ကုန်လုံးကသဘောတူလိုက်ပြီ။ ဘာလဲဆိုတော့စက်မှုတော်လှန်ရေးကြောင့်ပေါ့။ ဒါတွေကိုပြန်ပြီးဆက်စပ်ကြည့်မယ်ဆိုရင် (၁) အချက်
သည် ကဗွန်ဒိုင်အောက်ဆိုဒ်များလာတဲ့ အတွက်ကြောင့် ကမ္ဘာကြီးပူနွေးလာတယ်၊ (၂) ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတာဟာကမ္ဘာ့
မြောက်ခြမ်းချမ်းသာတဲ့နိုင်ငံတွေရဲ့ စက်မှုတော်လှန်ရေးကြောင့် ဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ လူလုပ်လို့ ဖြစ်လာတယ်၊ ဖြစ်လာ
တဲ့အကျိုးဆက်ကြောင့်လူတွေဟာ ပြန်ပြီးခံစားရတာပါပဲ။
(ဆက်လက်ဖော်ပြပါအုံးမည်) လူသားအားလုံးကြာရှည်စွာအသက်ရှင်ရပ်တည်နိုင်ရန်ကျွန်တော်တို့ ကမ္ဘာကြီးကိုထိန်းသိမ်းကြပါစို့)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်