စတုတ္တအကြိမ်မြောက်မဟာမဲခေါင် ဒေသခွဲနိုင်ငံများ ( Great-Mekong Sub-Regions) ) ထိပ်သီးအစည်းအဝေးကို မြန် မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး ဒီဇင် ဘာလ ၁၉ ရက်မှ ၂၀ ရက်အထိကျင်းပ ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို နိုင်ငံ တော်သမ္မတဦးသိန်းစိန်အပါအ၀င် မဟာ မဲခေါင်ဒေသခွဲ နိုင်ငံများဖြစ်ကြတဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆင်၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်မစ္စတာ ထိုက်ပင်ကော်၊ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဘောင်၊ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စရင်လက်ရှင်နာဝပ်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီး ချုပ် မစ္စတာငုယင်တန်ဇွန်း၊ အာရှဖွံ့ဖြိုး ရေးဘဏ်ဥက္ကဋ္ဌမစ္စတာဟာရူဟီကိုကူရောဒါ တို့တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ ဒီဇင်ဘာ ၂၀ရက် နေ့ နေ့လည် ၂ နာရီ၊ မိနစ် ၄၀ မှာထိုင်း နိုင်ငံဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်အဖွဲ့ ကို အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင် တာမှာ တွေ့ဆုံခဲ့ပြီး မြ၀တီ-ကော့ကရိတ် မော်တော်ကားလမ်းဖောက်လုပ်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက် ရေး၊ ၂ နိုင်ငံအကြားစွမ်းအင်ကဏ္ဍနှင့် ရေအားလျှပ်စစ်ကဏ္ဍများပူးပေါင်းဆောင် ရွက်ရေးကိစ်္စများကိုဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးမှုရဲ့ရလာဒ်တစ်ခုအဖြစ် ၂၀၁၁၊ ဇန်န၀ါရီလ ၇ ရက်နေ့မှာ ထိုင်း နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၊ ကုန်သွယ်ရေး၊ စက်မှုစီးပွားနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ဟာ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် ထားဝယ်ရေနက်ဆိပ် ကမ်းကို ရောက်ရှိလာတယ်လို့ သိရပါ တယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းတည် ဆောက်ရေးလုပ်ငန်းဟာ နှစ်နိုင်ငံအကျိုး စီးပွားအတွက်သာမက ဒေသတွင်း နိုင်ငံများ အတွင်း ကုန်သွယ်စီးပွား လုပ်ငန်းများ အတွက်ပါ မဟာဗျူဟာအရအထူး အရေးပါတဲ့ စီမံကိန်းတစ်ရပ်လည်းဖြစ် ကြောင်း ထိုင်းနိုင်ငံကဆိုပါတယ်။ ထိုင်း နိုင်ငံရဲ့ အီတလီ-ထိုင်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (အိုင်တီဒီ)တို့ဟာမြန် မာနိုင်ငံနဲ့ အကျိုးတူပူပေါင်းဆောင်ရွက် ရေးအတွက် စတုရန်းကီလိုမီတာ ၂၅၀ ခန့်ထိကျယ်ဝန်းတဲ့ ထားဝယ်ရေနက်ဆိပ် ကမ်းတည်ဆောက်ရေးစီမံချက်ကို ၇၅ နှစ်မြေငှားဂရန်နဲ့ မြန်မာနိုင်ငံက လုပ်ကိုင် ခွင့်ပြုထားပြီးဖြစ်တယ်လို့လည်း ထိုင်း သတင်းစာမျက်နှာများမှာ ဖော်ပြထားပါ တယ်။ အခုတည်ဆောက်မယ့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ ထိုင်းနိုင်ငံရှိ အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ချုံဘူရီ ပြည်နယ်၊ လိမ်ချာဘန်(Laem Chabang) ဆိပ်ကမ်းထက် ၅ ဆမျှကြီးတယ်လို့သိရ ပါတယ်။
ထိုင်းနိုင်ငံပို့ဆောင်ရေးဝန်ကြီးဆူကာ ပိုဆူဝါနာထက ဒီစီမံကိန်းကို အမြန်အ ကောင်အထည်ဖော်ဆောင်ရွက်သွားမည်။ လိုအပ်တာတွေဖြည့်ဆည်း ပံ့ပိုးကူညီ သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင်ထိုင်းနှင့်မြန်မာအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး စွမ်းအင်ကဏ္ဍ၊ ရေအားလျှပ်စစ်စီမံကိန်းများ ပူးပေါင်း ဆောင်ရွက်ရေးတို့နဲ့ပတ်သက်တဲ့အခြား စီမံကိန်း ၅ ခုကိုလည်း ဆက်လက်ပြု လုပ်သွားမှာဖြစ်ပါတယ်လို့ပြောကြားခဲ့ ကြောင်း ဇန်န၀ါရီလ ၇ ရက်နေ့ထုတ် ဗန်ကောက်ပို့စ်သတင်းတစ်ရပ်မှာဖော်ပြ ထားပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းဟာ ထိုင်းနိုင်ငံကန်ချာနဘူရီပြည်နယ်မှ ကီလို မီတာ ၃၀၀ မျှသာဝေးပြီး ထိုင်းနှင့်မြန်မာ အပါအ၀င် အိမ်နီးချင်းအရှေ့တောင် အာရှနိုင်ငံများအတွက်မဟာဗျူဟာလမ်း မကြီးတစ်ခုဖြစ်ပြီး ဒေသတွင်းစီးပွား-ကုန် သွယ်လုပ်ငန်းများအတွက် အချက်အချာ ဆိပ်ကမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ အပြင်အခုစီမံကိန်းဟာမဟာမဲခေါင်ဒေသ ခွဲနိုင်ငံများအတွက် ကုန်သွယ်-စီးပွားလုပ် ငန်းများအတွက် ကနဦးခြေလှမ်းတစ်ခု လည်းဖြစ်တယ်။သို့သော်လည်းဒီစီမံကိန်း တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံ လိုသူများအတွက် မချင့်မရဲဖြစ်နေကြ တယ်လို့လည်းဆိုပါတယ်။ ဘာကြောင့် ဆိုလျှင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေကြောင့်လို့ပြောကြပါတယ်။ ဒါ ကြောင့်ပဲ ဒီစီမံကိန်းအတွက် စီမံကိန်း ဆိုင်ရာ စံမံချက်မူကြမ်း (Blue print) ရေးဆွဲရာမှာ နှောင့်နှေးမှုအချို့ရှိခဲ့ရတယ် လို့ သိရပါတယ်။
သို့သော် သယ်ယူပို့ဆောင်ရေးနှင့် ၀ယ်ယူဖြည့်တင်းရေးဝန်ကြီးဌာနအကြီး တန်းအရာရှိတစ်ဦးဖြစ်သူ မစ်္စတာချူလာ သုခမနောက လောလောဆယ်မြန်မာ နိုင်ငံမှာ အပြုသဘောဆောင်တဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြင့်လာနေ တယ်။ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံဖြစ် တယ်။ ထားဝယ်ဆိပ်ကမ်းစီမံကိန်း အတွက် မြန်မာအစိုးရဟာမနှစ်ကဥပဒေ ပြဌာန်းခဲ့တယ်။ ဒီဥပဒေဟာ ရင်းနှီးမြှုပ် နှံလိုသူများအတွက် အာမခံချက်ရှိတဲ့ ဥပဒေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်များ ကပြောကြားထားပါတယ်လို့ ဆိုပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းကို တာ ၀န်ယူတည်ဆောက်မယ့် အိုင်တီဒီဥက္ကဋ္ဌ ပရမ်ချိုင်းကာနာဆူတာက ဒီစီမံကိန်းကို ကျွန်တော်တို့စတင် အကောင်အထည် ဖော်နေပါပြီ။ ကနဦးအနေနဲ့ အမေရိကန် ဒေါ်လာ ၁၂.၅ ဘီလီယံရင်းနှီးမြှုပ်နှံရန် လျာထားပြီးဖြစ်ပါတယ်။ အဲဒီအထဲက ၃.၅ ဘီလီယံကို လမ်းတံတားတည် ဆောက်ရေးအတွက် အသုံးပြုပါမယ်။ ၂ ဘီလီယံကို မီးရထားလမ်းဖောက်လုပ်ရာ မှာ သုံးစွဲသွားပါမယ်။ ကျန်တဲ့ ၇ ဘီလီ ယံကိုတော့ ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အတွက် အသုံးပြုသွားမယ်လို့ ပြောကြား ပါတယ်။ ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်ပြီးစီး ပါက အဆိုပါစက်ရုံမှ ဓာတ်အားမီဂါဝပ် ၄,၀၀၀ ထုတ်လုပ်နိုင်မယ်လို့သိရပါတယ်။
(သို့သော်ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းကို မြန်မာနိုင်ငံက ရပ်ဆိုင်းထား သည်ဟုသိရပါတယ်)
ထားဝယ်ရေနက်ဆိပ်ကမ်းတည် ဆောက်ရေး စီမံကိန်းကို အကောင် အထည်ဖော်ရေးအတွက်လမ်းတံတားနှင့် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းတို့ တွင် ဂျပန်နိုင်ငံကန်ထရိုက်တာများက ငွေကြေးများရင်းနှီးမြှုပ်နှံရန် ဂျပန်ဗဟို ဘဏ်နှင့် ချိတ်ဆက်ကမ်းလှမ်းနေပြီဖြစ် ကြောင်း၊ တရုတ်နိုင်ငံကလည်း မီးရထား လမ်းဖောက်လုပ်ရာတွင် ငွေကြေးရင်းနှီး မြှုပ်နှံရန်ကမ်းလှမ်းထားသည်ဟုဆိုသည်။ လုပ်ငန်းစီမံကိန်းတွင် သံမဏိစက်ရုံတည် ဆောက်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ များ ထုတ်လုပ်ရေးနှင့် ဓာတ်မြေသြဇာ စက်ရုံတည်ဆောက်ရေးလုပ်ငန်းများလည်း ပါဝင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင် ပညာရှင်များကိုလည်း မဟာဗျူဟာတစ် ရပ်ချမှတ်ကာ စိစစ်ရွေးချယ်လျက်ရှိသည် ဟု ပြောကြားသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပြီးစီးသွားပါက အရှေ့၊ အနောက်နိုင်ငံ များ ပို့ကုန်သွင်းကုန်များ ဆောင်ရွက်ရာ တွင် မလက်္ကာရေလက်ကြားကိုဖြတ်ရန် မလိုတော့ဘဲ ကုန်းလမ်းမှ တင်ပို့နိုင်သကဲ့ သို့ ဂျပန်၊ တရုတ်နိုင်ငံများအပါအ၀င် ဒေသတွင်းနိုင်ငံများအနေဖြင့် ကုန်စည် စီးဆင်းမှု လျှင်မြန်လာမည့်အပြင် ခရီးမိုင် များစွာ ကြုံ့သွားမည်ဟု အိုင်တီဒီဥက္ကဋ္ဌ ကဆိုသည်။
ထို့အတူ ပြည်ထောင်စုသမ်္မတမြန် မာနိုင်ငံတော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဦး ဆောင်သည့် မြန်မာအဆင့်မြင့်တပ်မ တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ဇန်န၀ါရီလ ၉ ရက်မှ ၁၂ ရက်အထိ ချစ်ကြည်ရေးခရီးသွားရောက်သည့် ခရီး စဉ်တွင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံဝန်ကြီးချုပ်မစ္စရင်လပ်ရှင်နာဝပ် အား သွားရောက်တွေ့ဆုံပြီး ပြောကြား ရာ၌ ““နှစ်နိုင်ငံနယ်စပ်ဒေသများ တည် ငြိမ်အေးချမ်းလာပြီဖြစ်၍ ထားဝယ်ရေ နက်ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်း များ၊ ရထားလမ်းဖောက်လုပ်ရေးလုပ်ငန်း များ အမြန်ပြီးစီးရန် ကူညီဆောင်ရွက် စေလိုပါကြောင်း…..၊ အစိုးရသစ် အနေဖြင့် ဖြေလျှော့မှုများစွာဖြင့် ဒီမိုက ရေစီစနစ်အောင်မြင်အောင် ဖော်ဆောင် လျက်ရှိပါကြောင်း၊ နောက်ကြောင်းပြန် လှည့်ရန်မရှိပါကြောင်း….”” စသည် ဖြင့် ပြောကြားသွားခဲ့ပါတယ်။
အလားတူထိုင်းနိုင်ငံသည် တရုတ် ပြည်သူ့သမ်္မတနိုင်ငံနှင့် နှစ်နိုင်ငံအကျိုး တူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အတွက် ထိုင်းနိုင်ငံတောင်ပိုင်း၊ ထိုင်းပင် လယ်ကွေ့အနီး အက်ဒမန်ပင်လယ် (ကပ်္ပလီပင်လယ်)ကို မေးတင်လျက်ရှိ သည့် ပါ့ခ်ဘာရာမြို့ (Pak Bara) မှ တရုတ်ပြည်သူ့သမ်္မတနိုင်ငံကူမင်းမြို့အထိ မီးရထားလမ်းဖောက်လုပ်ရေးစီမံကိန်းကို လည်း အကောင်အထည်ဖော်လျက်ရှိ ကြောင်း၊ အဆိုပါမီးရထားလမ်းဖောက် လုပ်ရေးစီမံကိန်းဟာ အိန်္ဒိယ၊ အာဖရိက၊ ဥရောပနိုင်ငံများအနေဖြင့် ဂျပန်၊တရုတ် နိုင်ငံများနှင့် ကုန်သွယ်ရာတွင် မလက္ကာ ရေလက်ကြားအား ရှောင်ရှားနိုင်ရန်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီစီမံကိန်းအတွက်လည်း ထိုင်းနဲ့တရုတ် နိုင်ငံတို့ဟာ လွန်ခဲ့သော ၇ နှစ်ခန့်က တည်းက ကြိုတင်လေ့လာမှုများပြုခဲ့ရ ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက် မှု ရှိမရှိ အချိန်ယူစဉ်းစားပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိကြောင်း၊ လေ့လာပြီးမှ ယင်းစီမံကိန်းကို အကောင် အထည်ဖော်ခြင်းဖြစ်ကြောင်း၊ယခုစီမံကိန်း ပြီးစီးပါက အက်ဒမန်ပင်လယ်နှင့် ထိုင်း ပင်လယ်ကွေ့တို့အကြား ရေကြော၊ မြေ ကြောတစ်ဆက်၊ တစ်စပ်တည်းဖြစ်သွား တော့မည်ဖြစ်ပါတယ်လို့ထိုင်းအာဏာပိုင် များက ပြောပါတယ်။
သို့သော် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပါ့ခ်ဘာရာရေနက်ဆိပ်ကမ်း စီမံကိန်းများအနေဖြင့် စီးပွားကုန်သွယ် လုပ်ငန်းများအတွက် မဟာဗျူဟာအခွင့် အလမ်းကောင်းများပေါ်ထွန်းလာနိုင်သော် လည်း စစ်မဟာဗျူဟာအရအန်္တရာယ် မရှိလာနိုင်ဘူးလား (ဥပမာ လေကြောင်း ရန်ကာကွယ်ရေးဆိုင်ရာများဖြစ်ပေါ်မလာ နိုင်ဘူးလား)ဆိုတဲ့ စိုးရိမ်မှုများလည်းရှိပေ ရာ ထိုင်းလေတပ်ဦးစီးချုပ်ဆူခွမ်ပေါင် (ACM. Sukumpol) ကဒီအတွက်စိုးရိမ် စရာမရှိပါဘူး။ ဒီစီမံကိန်းနှစ်ရပ်မှာ ထူး ခြားတဲ့အခြေအနေ၊ မတူညီတဲ့ရည်ရွယ် ချက်တွေရှိပါတယ်။ထားဝယ်ရေနက်ဆိပ် ကမ်းဟာ အဓိကကုန်ကြမ်းတွေစုစည်း ဖြန့်ဖြူးရန်နဲ့ ပါ့ခ်ဘာရာရေနက်ဆိပ်ကမ်း စီမံကိန်းကတော့ ပို့ကုန်/သွင်းကုန်လုပ် ငန်းတွေ အဓိကလုပ်ဆောင်သွားမှာဖြစ် လို့ပါပဲဟု ပြောကြားသွားပါတယ်။ ပါ့ခ် ဘာရာမဟာဗျူဟာရထားလမ်းပိုင်းဟာ ထိုင်း၊ လာအိုမှတစ်ဆင့် တရုတ်ပြည်ကို ဖြတ်သန်းဖောက်လုပ်သွားမှာဖြစ်ကြောင်း လေတပ်ဦးစီးချုပ်က ထည့်သွင်းပြော ကြားသွားကြောင်း ဖော်ပြထားရှိပါတယ်။
Ref: Bangkok post ( (၇.၁.၂၀၁၂)
မြန်မာ့အလင်းသတင်းစာ (၁၂.၁.၂၀၁၂
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်