Subscribe to our RSS Feed

နိုင်ငံခြားဘဏ်စာရင်း နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိ


From : ခေတ်လူငယ်

ကားတင်သွင်းချင်သူတွေ နိုင်ငံခြားငွေစာရင်းဖွင့်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဘဏ် (MICB) မှာနေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။ ဘဏ်စာရင်းဖွင့်ဖို့ လိုအပ်ချက်တွေက မှတ်ပုံတင်၊ နိုင်ငံခြားငွေကြေးလဲလှယ်ရေး ကောင်တာတွေမှာ အမေရိကန်ဒေါ်လာ ဝယ်ယူထားတဲ့ဖြတ်ပိုင်း၊ ပတ်စ်ပို့ဓာတ်ပုံနှစ်ပုံ လိုအပ်ပါတယ်။ လျှောက်လွှာကိုတော့ ဘဏ်မှာပဲ ဝယ်ယူရမှာဖြစ်တယ်။ ဘဏ်စာရင်းကို အရင်ဒေါ်လာ ၁၀,၀၀၀ လို့ ပြောထားပေမဲ့ အခုအခါ မိမိဝယ်မယ့် ကားရဲ့တန်ဖိုးပမာဏအလိုက် စာရင်းဖွင့်နိုင် တယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်