Subscribe to our RSS Feed

ပြည်ပ တင်သွင်းကားများ မှန် အကြည် ၆၀ ရာခိုင်နှုန်း ရှိမှ ခွင့်ပြုမည်


From : The Voice

ပြည်ပမှ တင်သွင်းလာသည့် ကားများ၏ မှန် အရောင်အား ၆၀ရာခိုင်နှုန်းနှင့် အထက် ရှိမှသာ ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး သူရ ဦးသောင်းလွင်က ပြောကြားခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖောက်ထွင်းမြင်နိုင်စွမ်း သုည ရာခိုင်နှုန်း (စတစ်ကာ မဲ ကပ်) မှ ၅၉ ရာခိုင်နှုန်းအတွင်း ရှိနေသည့် မှန်များကို ခွင့်မပြုကြောင်း၊ အကြောင်းမှာ မြင်ကွင်း မသဲကွဲခြင်း၊ ညဘက်အချိန်တွင် ယာဉ်အန္တရာယ် ဖြစ်စေနိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ မှန်ကို အကာအကွယ် ယူ၍ ယာဉ်အတွင်းတွင် ရာဇဝတ်မှုများ ကျူးလွန်နိုင်ခြင်းတို့ကြောင့် ကန့်သတ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကနဦး မှတ်ပုံတင်တဲ့ အချိန်မှာပဲ မှန်မှာပါတဲ့ Color အရည်အသွေးကို မီတာနဲ့ တိုင်းမယ်။ အရည်အသွေး ၆၀ မပြည့်ရင် ခွင့်မပြုဘူး” ဟု ၎င်းက ပြောသည်။

အချို့ သော ကားနံပါတ်များမှာ ကားမှန် အမဲများ အပြည့်ကတ် ထားကြပြီး ကားနံပါတ်ကိုလည်း မှောင်ပါက မမြင်ရအောင် ပြုလုပ်ထားသည့် ပုံစံများ ဖြစ်နေသည်ကို တစ်ခါတစ်ရံ တွေ့မြင်ရကြောင်း ဘုရင့်နောင် ကုန်သည် ပွဲစား တစ်ဦးက ပြောဆိုသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်