Subscribe to our RSS Feed

ငါ့စကား ... ကင်တားနား...ရ


From : သုရှင်

ကင်တားနား ဟာမြန်မာနိုင်ငံကို လာပြီးလေ့လာမှုတွေပြုလုပ်မယ်...ပြီးရင်ကြေငြာချက်ထုတ်မယ်
ဆိုလို့ လူတိုင်းက မျှော်လင့်တကြီးနဲ့..စောင့်စားနေခဲ့ကြပါတယ်။သို့ပေမယ့် ..သိပ်ပြီးတော့ ..ရလာဒ်
ကောင်းထွက်လိမ့်မယ်လို့တော့ မထင်မိခဲ့ရိုးအမှန်ပါ။...ကင်တားနားဟာ လူ့အခွင့်အရေးကို တင်ပြဆွေးနွေးတာထက်..ရိုဟင်ဂျာတွေကိုလာကြည့်တာဆိုရင်မမှားပါဘူး။ ( ဒါကြောင့်ရခိုင်အမျိုးသားခေါင်းဆောင်လို့ခေါ်ဆိုရမယ့် ဦးအေးသာအောင်က ကင်တားနား ကြေငြာချက်မထုတ်ခင်ကတည်းက သူလာခြင်းဟာ ရခိုင်တို့ အတွက် မဟုတ်
နိုင်ဘူးလို့ ကြိုတင်ဟောကိန်းထုတ်ထားခဲ့ပါတယ်)ကင်တားနားအဖြစ်ကိုတွေးမိတိုင်း ဟိုးတုန်းက ( မဆလ ခေတ် ) က တစ်ဆင့်စကား တစ်ဆင့်နားပြောခဲ့တဲ့ ပါးစပ်ပုံပြင်လေးနဲ့ သွားဆင်တူနေတာ ကို တွေ့ရပါတယ်။

ဒီလိုခင်ဗျ...
ဟိုးတုန်းက မဆလ ခေတ်မှာ မြို့နယ်တရားသူကြီးတစ်ဦးရှိတယ်တဲ့။ ဦးကြီးပုပေါ့ဗျာ။
ဦးကြီးပု ကလည်း တရားရေးရာမှာ တော်လို့တတ်လို့ ဥပဒေ ကိုနားလည် လို့..တရားသူကြီးတတ်
လုပ်တာမှ မဟုတ်ဘဲကိုးဗျ.။ဒီလိုဘဲ ရပ်ရွာက ဒီလူကြီး သမာသမတ်ကျ တယ်ဆိုပြီး ခန့်ထားတာ။
တစ်ရက်ရောက်တော့ ..မုဒိန်းမှု ကဖြစ်ရောဗျို့။ ဒါနဲ့တရားရင်ဆိုင်ကြမယ်ဆိုပြီး ရှေ့နေတွေ
နှစ်ဖက်စလုံးက ..ငှားပြီး တရားရင်ဆိုင်ကြတာပေါ့ခင်ဗျာ။

တရားသူကြီးက တရားခံရှေ့နေ ဦးမှတ်ဘာမှ မပြောခင်ကတည်းက ကြိုပြောထားတယ်တဲ့။
ဘာတုန်းဆိုတော့ ဒီအမှုက ရပ်ကျော်ရွာကျော် ၊ ဘယ်သူမှားမှန်း ဘယ်သူမှန်မှန်း
အားလုံးသိနေကြလေတော့ ' မောင်မှတ်...မင်းဘာတွေပြောပြော ငါကတော့ တရားခံကို ထောင် ၇ နှစ်ချမယ်ကွ "လို့ ကြိုပြောထားတာပေါ့ဗျာ။

ရှေ့နေခင်ဗျာ သူတတ်သလောက်မှတ်သလောက် တရားဥပဒေ စာအုပ်တွေလှန်လော ပြီး တရားခံ
ဖက်ကနေ ထုချေ လွှာတင်တာပေါ့ဗျာ။ တရားသူကြီးက ရှေ့နေ ဘာပြောပြော ခေါင်းသာ အသာ
ငြိမ့်နေပြီး ဘာမှတော့ ၀င်မပြောဘူးတဲ့ ဗျ။

နှစ်ဖက် စလုံးအပြန်အလှန်ပြောဆိုချေပ ငြင်းခုန် လို့လည်းပြီးသွားရော...
အမိန့်ချမယ်..ဆိုပြီး တရားသူကြီး ဦးပုကဘာအမိန့်ချလိုက်သလဲဆိုတော့...ထောင်၇ နှစ်ကျခံစေ။
တဲ့ဗျာ။ဟဲဟဲ အဲဒါတကယ့်အဖြစ်အပျက်တဲ့ဗျ။ ရေဦး၊ခင်ဦးဖက်က ရာဇ၀င်ပေါ့ဗျာ။
အဲလိုပါပဲ။အခုကင်တားနားက ဘယ်လိုစကားမျိုးပြောမယ်။ ဘယ်လို ကြေငြာချက်ထုတ်မယ်ဆိုတာ
..မြန်မာနိုင်ငံသားတွေ အစိုးရအဖွဲ့ အစည်းတွေအားလုံးက ကြိုတင်ခန့်မှန်းမိကြပေမယ့်
...ဟိုလိုက်ပြ။။ဒီလိုက်ပြနဲ့ တတ်နိုင်သလောက်တော့ လုပ်ကြရှာပါတယ်။
ဒါပေမယ့်..နောက်ဆုံးကင်တားနားကတော့ ...မြန်မာတွေမျှော်လင့်ထားသလိုပါပဲဗျာ။
ထောင် ၇ နှစ်ကျခံစေ။ပေါ့။

Myanmar Express

5 comments:

ဟဟဟားး မမစုရေ ကင်တင်နားကို ပြောခိုင်းမဲ့ အစား မဲဆွယ်တုန်းကလိုလေ ရခိုင်ကိုသွား စင်အမြင့်ပေါ်ကနေ မွတ်ဆလင် ကုလားတွေကို မထိကြပါနဲ့ လို့ မိုက်ခဲပီး ဘာလို့ မအော် တာလဲ..

ရခိုင်ပြည်နယ်အရေးဖြေရှင်းရာမှာ ရခိုင်တိုင်းရင်းသားတွေ
ယုံကြည်မှုမရှိတဲ့ ဒီ UNHCR တို့ အခြား NGO တို့ကို ၀င်
မပါစေတာကောင်းပါတယ်။ ရခိုင်တွေမယုံကြည်တာကလဲ
အထက်က post မှာလို ဒီအဖွဲ့အစည်းတွေက ဘယ်သူ
တွေဘာပြောပြော၊ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ကုလားဆိုးတွေအတွက်သာ တစ်ဖက်သတ် စဉ်စားလုပ်
ဆောင်နေတာ ထင်ထင်ရှားရှားကြီးဖြစ်နေပြီ၊ ကင်တားနား
လုပ်ရပ်ကိုကြည့်ရင် သူ့ရဲ့မြန်မာပြည်သူတွေရဲ့ လူ့အခွင့်
အရေးကို ပေါ်ပေါ်တင်တင် စော်ကားသွားတာ တွေ့ရမှာ
ပါ။ ဒီလိုလူက UNHCR ရဲ့လူ့အခွင့်အရေး ကျွမ်းကျင်သူ
ဆိုတော့။ ဒီအဖွဲ့ကြီးဟာ ဘယ်လိုအဖွဲ့ကြီးလည်းလို့
သိသင့်ပါပြီ။

That's right. Fuck UN and other INGOs And NGOs like AZG Fuck AZG

Very good approve. Thanks.
He is just agent of USA and Muslim.But our country never been fial , really patroiticim. Not worry. his brain is just half. He is mad about Rohinger . But he will be lost.Sure. I am burmese. Never think about them.Ok. ko sein thaung, singapore. Myanmar can not be lost any fighting.Because we love country so much.Any time i can challenge to them .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်