Subscribe to our RSS Feed

၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရာ၌ ဂျပန်နိုင်ငံကအပြည့်အ၀ကူညီမည်

From : ခိုင်လင်းကျော်


၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရာ၌ မြန် မာအစိုးရကို ဂျပန်နိုင်ငံကအပြည့်အ ၀ကူညီမည်ဖြစ်ကြောင်း မြန်မာတိုင်း ရင်းသားလူမျိုးများဆိုင်ရာ စေတနာ ရှင်ဂျပန်သံအမတ်ကြီး cc က မြန်မာပို့စ် ဂျာနယ်နှင့်သီးသန့်တွေ့ဆုံစဉ်ပြော ကြားသည်။

“မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံသို့ လာရောက်စဉ်က ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာ အတွက် မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့ပေးဖို့နဲ့ ပတ်သက်ပြီး ညှိ နှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင် ရာညီလာခံတွေမှာ မြန်မာနိုင်ငံကို capacity building မြှင့်တင်ပေးနိုင် ဖို့ အဓိကဆွေးနွေးမှာဖြစ်ပါတယ်။ သင်တန်းတွေပို့ချဖို့လည်း စီစဉ်ထား ပါတယ်။ မြန်မာနိုင်ငံအတွင်း ၀င် ရောက်လုပ်ကိုင်မယ့် ပြည်ပမီဒီယာ တွေကိုလည်း အားပေးကူညီမှာဖြစ် ပြီး ရုပ်သံထုတ်လွှင့်ခြင်းနဲ့ သက်ဆိုင် တဲ့ ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ကိုလည်း ကူညီမှာပါ။ နေပြည်တော် ရှိ အစိုးရတာဝန်ရှိသူတွေကလည်း ဆက်သွယ်မှုမြှင့်တင်လိုကြောင်း အ ခိုင်အမာပြောကြားခဲ့တာကြောင့် ဂျ ပန်အစိုးရလည်း optical fibre ပမာဏအများကြီးကို ရန်ကုန်နဲ့ နေ ပြည်တော်မှာ ၂၀၁၄ မတိုင်မီ ပံ့ပိုး ပေးမှာဖြစ်ပါတယ်။ ပြီးတော့ အစိုးရ ၀န်ထမ်းတွေထဲကအချို့ကိုလည်း ဂျ ကာတာမြို့သို့စေလွှတ်ပြီး အာဆီ ယံဥက္ကဋ္ဌနေရာအတွက် လေ့လာစေ မှာဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘောဒီး ယားလို အာဆီယံဥက္ကဋ္ဌတာဝန်ထမ်း ဆောင်ဖူးတဲ့ နိုင်ငံများသို့စေလွှတ် ပြီး စွမ်းဆောင်ရည်တည်ဆောက်မှု အတွက် ကူညီမှာဖြစ်ပါတယ်”ဟု စေတနာရှင်ဂျပန်သံအမတ်ကြီးက မြန်မာပို့စ်သို့ပြောကြားသည်။

ံ H.E. Mr. Yohei Sasakawa ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေ သည့် နီပွန်ဖောင်ဒေးရှင်းသည် ၁၉၇၆ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ တွင် အကူအညီပေးရေးလုပ်ငန်းများ စတင်လုပ်ကိုင်လျှက်ရှိပြီး လက်ရှိအ ချိန်တွင် ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေး ကဏ္ဍသုံးခု၌ အဓိကပံ့ ပိုးဆောင်ရွက်လျှက်ရှိကြောင်း၊ ၁၉၇၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံ၌စီမံကိန်း ၃၇ ခုဆောင် ရွက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉,၈၁၂,၈၇၀ ဖိုးကူညီခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်း စီမံကိန်း ၂၀ ကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈,၅၅၅,၃၀၀ ဖိုးကူညီမည်ဖြစ်ကြောင်း၊ မြန်မာအ ပါအ၀င် နိုင်ငံများစွာ၌ အမေရိကန် ဒေါ်လာ ၈၁,၇၇၁,၆၀၀ တန်ဖိုးရှိ စီ မံကိန်း ၁၁ ခုကို ထပ်မံဆောင် ရွက်မည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် ရှမ်းပြည်နယ်၌ စာသင်ကျောင်း ဆောက်လုပ်ခြင်း၊ ကျေးရွာများသို့ တိုင်းရင်းဆေးသတ္တာများဖြန့်ဝေခြင်း၊ ဆေးဖက်ဝင်အပင်များစိုက်ပျိုးခြင်း၊ ရွေ့လျားဆေးခန်းများ တည်ထောင် ခြင်း၊ ခြေတုလက်တုနှင့်အရိုးတုများ ကုသတပ်ဆင်ခြင်းဆိုင်ရာ သင်တန်း ကျောင်းများတည်ထောင်ခြင်း၊ က ရင်ပြည်နယ်တွင် စံပြခြံစိုက်ပျိုးခြင်း နှင့်သင်ကြားပို့ချခြင်း၊ ရခိုင်ပြည်နယ် တွင် စာသင်ကျောင်းများဆောက် လုပ်ခြင်း၊ လူနာတင်ယာဉ်နှင့် လူမှု ရေးလုပ်ငန်းသုံးယာဉ်များ လှူဒါန်း ခြင်းစသည်တို့ပါဝင်ကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် မြန်မာနိုင်ငံ၌ စာ သင်ကျောင်း ၂၀၀ ဆောက်လုပ်ပြီး စီးရန်မျှော်မှန်းထားပြီး၊ ၂၀၁၇ ခုနှစ် တွင် စာသင်ကျောင်း ၃၀၀ ထူ ထောင်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်