Subscribe to our RSS Feed

အသက် ၆၈ နှစ် မှာ နေရာတစ်နေရာ ရပြီဖြစ်လို့ သေပျော်ပါပြီ ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အစိုးရအဖွဲ့မှာ အနိမ့်ဆုံး အဆင့် ဝန်ကြီး မှ အမြင့်ဆုံး နိုင်ငံ့ဦးသျှောင် သမ္မတ နေရာရရှိရေး ၂၄ နှစ် လုံး ကြိုးစား ဆုတောင်းလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ လွှတ်တော် မှာ ကော်မတီ တစ်ခုရဲ့ ဥက္ကဌ နေရာကို သနားသဖြင့် အပ်ချီးမြှောက်ခြင်း ခံရတာကြောင့် အလွန်အမင်း ပျော်ရွှင်ကာ သေပျော်ပါပြီလို့ တီးတိုးရေရွတ်မိကြောင်း အမည်မဖော်လိုသူ လွှတ်တော် အမတ် တစ်ဦးက ဆိုပါတယ်။

ယနေ့ (သြဂုတ်လ ၇ ရက်) နံနက် ၁၀ နာရီ အချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အသစ်ထပ်မံဖွဲ့စည်းတဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ မှာ ဒေါ်အောင်ဆန်းစုကြည် ကို ဥက္ကဌအဖြစ် ခန့်အပ်ကြောင်း ပြောဆိုသွားပါတယ်။

အဆိုပါ ရေးရာ ကော်မတီတွင် ပါဝင်မည့် လွှတ်တော်ကိုယ်စားလှယ်များမှ

(၁) ဒေါ်အောင်ဆန်းစုကြည် ကော့မှူး မဲဆန္ဒနယ်၊ ဥက္ကဋ္ဌ
(၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၃) ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊အဖွဲ့ဝင်
(၆) ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၇) ဦးခင်မောင်မြင့် ဇီးကုန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၄) ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၁၅) ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊ အတွင်းရေးမှူး


တို့ပါဝင်ကြောင်း သိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သာမက ၎င်းကို ထောက်ခံသူ အများအပြားဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူထု ခေါင်းဆောင် အဖြစ် တင်စားကြပြီး လူ သန်း ၆၀ ကျော် ရဲ့ ဥက္ကဌ အဖြစ် ပြောဆိုလေ့ ရှိကြပေမယ့် ယခုတော့ ၁၅ ဦး ပါဝင်သော အဖွဲ့မှာသာ ဥက္ကဌ ဖြစ်ခဲ့ရပါတယ်။

လူထု့ ဆန္ဒ အစစ်အမှန်

ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် စိန်ခေါ်မှုတွေ အများအပြားရှိနေကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ အများအပြားက သုံးသပ်လျှက် ရှိကြပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ တုန်းက မဲ ရဖို့အတွက် မြို့အနှံ့လှည့်လည်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများက ဥပဒေ စိုးမိုးမှု လုံးဝမရှိပဲ လမ်းစည်းကမ်းဖောက်ဖြတ်ခြင်းများ၊ ဆိုင်ကယ်ဦးထုတ်မဆောင်းခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ အချင်းချင်း တိုက်မိ၊ တိမ်းမှောက်ခြင်းများ အများအပြားရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ကတော့ ၎င်း ကို ထောက်ခံသူများဖြစ်လို့ မသိချင်ဟန်ဆောင်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့တွင် လမ်းပြောင်းပြန် စီးနေကြသော NLD ထောက်ခံသူများ

ဒါ့အပြင် တိုးဂိတ် များတွင်လည်း လည်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ကားက စပြီး မီးဖွင့်မောင်းကာ ယဉ်ဖြတ်သန်းခ မပေးခဲ့လို့ တိုင်ကြားခံရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက် များကလည်း ဥပဒေ စိုးမိုးမှု လုံးဝမရှိပဲ express time ဂျာနယ်မှ သတင်းထောက် တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန် စော်ကားတာတွေ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သို့ တိုင်ကြားခဲ့ပေမယ့် ဒေါ်စုက မသိချင်ဟန်ဆောင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘာမှ အရေးမယူတဲ့ တိုင်ကြားစာ

အင်္ဂလန်က အပြန်မှာလည်း ရခိုင်တိုင်းရင်းသားများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့နောက်လိုက်များက ဥပဒေ စိုးမိုးမှုမရှိ ထိုးကြိတ်ခဲ့ပြီး ယခု နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ရဲ့ နောက်လိုက် တစ်ဦးမှ အမျိုးသမီး အိမ်သာတွင်း ဓာတ်ပုံရိုက်မှုအတွက် တိုင်ကြားစာတွေ ပို့ခဲ့ပေမယ့် ဥပဒေ စိုးမိုးရေး ဥက္ကဌ လုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အားလုံးကို မသိချင်ဟန်ဆောင်နေခဲ့ပါတယ်။

ကားပေါ်မှ ဆင်းကာ ဥပဒေ စိုးမိုးမှု မရှိ ထိုးကြိတ်ကြသူများ

ဒေါ်အောင်ဆန်းစုကြည် ဘာမှ အရေးမယူတဲ့ တိုင်ကြားစာ

ရန်ကုန်မြို့မှ ဥပဒေရေးရာ အရာရှိဟောင်းတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိက္ခာဆည်ဖို့အတွက် NLD တွင်းက ဥပဒေ မဲ့လုပ်ရပ်တွေကို အရင်ဆုံး ဥပဒေ နားလည်အောင် နှင့် ဒေါ်စု ကိုယ်တိုင်က ကိုယ့်လူ ဥပဒေ ဖောက်ရင် မသိကျိုးကျွံပြုပြီး သူများဖောက်မှ ပုံကြီးချဲ့တဲ့အကျင့်ကို အရင်ပြင်သင့်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။

ဒေါ်စု ဖိနပ်ကိုင်ရန် NLD မှ မျိုးဆက်သစ်လူငယ်များ အလိုရှိသည်

ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အများအပြားက လူ ၁၅ ယောက်ပါတဲ့ အဖွဲ့မှာ ဥက္ကဌဖြစ်သွားတဲ့ ဒေါ်စုအတွက် ပျော်ရွှင်စွာ အောင်ပွဲခံလျှက်ရှိကြောင်း သတင်းရရှိပါတယ်။

Myanmar Express

5 comments:

အမေစုက အမျိုးသမီးကြီးဆိုတော့ သူ့ရဲ့ကိုယ်ရံတော်တွေ ဟာ မိန်းမကိုယ်ရံတော်တွေပဲဖြစ်သင့်တာကွယ်
အမေစုကိုယ်ရံတော်တွေ က ဘာလို့ အသက် ၂၀ကျော် အခုကောင်လေး နဲ့ ဇေယျာသော်နဲ့ လို ရုပ်ရည်သနားကမား ကောင်လေးတွေချည်းပဲ ဖြစ်နေတာလဲ ။ ထိုင်းဝန်ကြီးချုပ်ရင်လတ်ဆိုရင် သက်တော်စောင့်တွေက မိန်းမတပ်ဖွဲ့ပဲ ။
မသင့်တော်ဘူးထင်တယ်ကွယ်။ ပြောသာပြောရတာ ။ ကျုပ်လည်း ပါဝါရှိရင် အသက် ၇၀ အရွယ်မှာ ကျုပ်နားမှာ ဆယ်ကျော်သက် ရုပ်ချောချော မိန်းကလေးကိုယ်ရံတော်တွေချည်းပဲထားမိမှာ ။

Hey, Don't forget 15 of Parliamentarians represent thousands of Voters who are supporting them, no matter any Party any person who ever works for the country to be something good, isn't it?

အဘပြောမယ် ခေါင်းဆောင်လုပ်တော့မယ်ဆိုရင် မိစု စာရိတ္တအရင် ပြင်ရမယ်

ဥပဒေစိုးမိုးရေးအကြောင်း အမြဲပြောနေတဲ့ ငါဘဲသိငါဘဲတတ်ပညာရှင် အဖွါးကြိး ကျောသား ၇င်သားမခွဲခြား ဝေဖန်ဆုံးဖြတ် နိုင်ပါ့မလား၊ လူစုစုတွေ့ လျှင် ဆိုင်ဆိုင်မဆိုင်ဆိုင် မိုက်ခဲတတ်သဖြင့် မိုက်ခဲဥက္ကဌ ပေးသင့်ပါကြောင်း။ သို့ မဟုတ် မောင်တောမြို့ နယ် ရိုဟင်ဂျာ ကိုယ်စားလှယ် ခန့် သင့်ပါကြောင်း။

၇ိုဟင်ဂျာ ခေါင်းဆောင် မေမေစု ခေါ် အဘူစု .....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်