Subscribe to our RSS Feed

၈ လေးလုံး ၂၄ နှစ်ပြည့်လှုပ်ရှားမှုအတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်း မှ အလှူငွေထည့်


မနက်ဖြန် သြဂုတ် ၈ မှာ မန္တလေးမြို့တွင် ကျင်းပမယ့် ၂၄ နှစ် နိုင်ငံတော် အုံကြွမှု နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့က အလှူငွေများ သွားရောက် ထည့်ဝင်လှူတန်းခဲ့ကြောင်း သတင်းရရှိပါတယ်။



၂၄ ပြည့် လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးဖြစ်တဲ့ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပဖို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဦးဆောင် ပြင်ဆင်နေကြချိန်တွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် စက်မှု (၁/၂) ဝန်ကြီး ဦးစိုးသိန်းတို့က လာရောက်အားပေးခဲ့ပြီး အလှူငွေများ ထည့်ဝင်လှူတန်းသွားပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေ လာရောက်မှုအတွက် အခမ်းအနားကို မဝံ့မရဲ ကျင်းပရန် ကြိုးစားနေတဲ့ ပြင်ဆင်နေသူများ အားလုံးက လွန်စွာ ဝမ်းမြောက်ပျော်ရွှင်လျှက် ရှိပြီး အလှူငွေများ ရရှိလို့လည်း ဝမ်းသာနေကြကြောင်း သိရပါတယ်။

အစိုးရဖက်မှ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့သမျှ တွင် ယခု လုပ်ဆောင်မှုက မျှော်လင့်မထားသော အံ့သြောချီးကျူးဖွယ် လုပ်ရပ်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား တစ်ဦးက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးများ ကိုယ်တိုင်က လာရောက်အားပေး လှူတန်းတာတွေ ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ အခြား ပါတီများက လာရောက်အားပေး လှူတန်းတာတွေ လုံဝ မရှိသေးကြောင်း သတင်းရရှိပါတယ်။


၈ လေးလုံး ငွေရတု အကြို ဆိုပြီး ရန်ကုန် နှင့် မန္တလေးတို့ မှာ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်ဖြင့် ငွေကုန်ကြေးကျ များစွာ ခံပြီး ချိမ့်ချိမ့်သဲ ကျင်းပ ဖို့ စီစဉ် လျှက် ရှိရာ ပြည်သူ အနည်းစုကသာ ထောက်ခံကြပြီး ပြည်သူ အများစုကတော့ ဘာမဟုတ်တဲ့ ပွဲ အတွက် ကုန်ကျမယ့် ငွေများကို အမှန်တကယ် လိုအပ်တဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းများကိုသာ လှူတန်းစေချင်ကြကြောင်း သိရပါတယ်။


Myanmar Express

7 comments:

နောက် ကျ တော့  လည်း ၈၈ က တ ဖက် NLD က တစ် ဖက် နဲ့  တိုင်း ပြည် က အ ရင် လို ပဲ အ ပျက် အ ပျက် နဲ့ နှာ ခေါင်း သွေး ထွက် ဦး မှာ ပဲ .. ဘယ် သူ က အ ဖေ မှန်း မ သိ ဖြစ် ဦး မယ် ..

နိင်ငံတော်က အကြီးအကဲများအနေဖြင့် နိုင်ငံ့အကျိုးအတွက် အမျိုးသားအရေးကို ဦးစားပေးပြီး လိုက်လျောဆောင်ရွက်ပေး နေသည်ကို အပြုသဘောဖြင့် ၈၈အဖွဲ့ မှနားလည်ပြီး မကောင်းမြင်ဝါဒထက် အပြုသဘောဆောင်သည့် လုပ်ရပ်များကိုသာ ဆောင်ရွက်တတ်ဘို့  လိုပါမည်။ ၇ခိုင်ပြည်နယ်အရေးအခင်းတွင် ၈၈အဖွဲ့အနေဖြင့် နိုင်ငံ့ဘက်က ဘယ်လောက်ရပ်တည် ခဲ့ကြသလည်း ပြန်လည်ဆန်းစစ် ကြည့်ကြပါ။ ပြည်ပကလာသမျှကိုယ်စားလှယ် တွေက ခင်ဗျားတို့ ကိုလာတွေ့  အရေးတယူသဘောမျိုးနဲ့  ဆက်ဆံနေတာက နိုင်ငံတော်အစိုးရကို အတိုက်အခံပြု ချို့ ယွင်းချက်တွေ ထောက်ပြလူသိများတဲ့ အဖွဲ့ အစည်းတစ်ရပ်အနေနဲ့  လူယုံသွင်းမွေးထားနေတာ သဘောရောပေါက်ရဲ့ လား။ ရခိုင်အရေးအခင်းမှာ ပြည်ပက မွတ်ဆလိန်တွေနဲ့  အတိုက်အခံပြုတဲ့ အမှန်တရားတွေကို ကိုယ့်တိုင်းရင်းသား ရခိုင်တွေဘက်က ရပ်တည်ပြောခဲ့ဘူးသလဲ။ မင်းတို့ ဘယ်ပြောမလဲ အနောက်နိုင်ငံတွေက မင်းတို့ က အစိုးရဘက်ကရပ်တည်ပေးတယ်ဆိုပြီး မင်းတို့ ကို မြောင်းထဲကန်ချ စောက်ဂရုစိုက်တော့မှာ မှုတ်ဘူးလေ။ ဒါကြောင့်မင်းတို့ ကလှေနံ နှစ်ဘက်နင်းပြီး တိုင်းပြည်အကျိုး မင်းတို့ မှမလုပ်ရင် လုပ်မဲ့သူမရှိတော့ သလိုလို ပြည်ပကကြည့်ရင်လည်း သူတို့ နဲ့ တစ်သဘောထားထဲ သူတို့ ဘက်ကကောင်လိုလို ပုံစံဖမ်းနေတာ။ မင်းတို့ ကိုလူရာသွင်းနေတာ တိုင်းပြည်အကျိုးအတွက်ဆိုတာ နားလည်ထားပါ။ အသက်ကြီးပြီး အချိန်မစီးတဲ့လူထဲပါမသွားအောင် လုပ်ကြပေါ့၊ မြအေးလိုကောင်မျိုးတွေပါနေသရွေ့  မင်းတို့ ဟာ နံမည်ကြီးယုံသက်သက် လုပ်စားနေတဲ့ လူတန်းစားဘဲလို့  သတ်မှတ်ထားလိုက်မယ်။

နိုင်ငံရေးလှည့်ကွက်တွေက အရမ်းဆန်းကျယ်ပါလား။ (ဇော်မိုင်း)

ကိုမြအေးကော မလာဘူးလားဗျ။

သံဃာကို မတွေ့ရဲဘူးထင်တယ်

သနားပါတယ်

min ma lal sau yuu bal ko lal bar kg hma ma hote bal nal

ဘာတွေတုန်း။ တစ်ကယ့် ၈၈ ကျောင်းသားတစ်ယောက်
အနေနဲ့ပြောရရင်၊ သိပ်သဘောမတွေ့ဘူးဗျ။ ဒီကောင်
တွေက ကျောင်းသားအစစ်မဟုတ်ဘူး၊ ၈၈ အရေးအခင်း
ကိုစတင်တုန်းကလည်း မပါဘူး၊ အရှိန်ကောင်းမှ နေရာဝင်
ယူတာ။ တကယ်စခဲ့တဲ့လူတွေက ဒီကောင်တွေဝင်လာ
တော့ စိတ်ပျက်ပြီး ဆက်မလုပ်ကြတော့ဘူး။ ဒီကောင်တွေ
ဝင်လာပြီးတော့မှ စည်းမဲ့ကမ်းမဲ့တွေဖြစ်ကုန်ပြီး လူသတ်
ပစ္စည်းလု တော်တော်ဆိုးသွားတာ။ နောက်ဆုံးအာဏာ
သိမ်းလိုက်တော့ ဒီကောင်တွေက ပေါက်ကရတွေပြော
လို့ ကျုပ်တို့ကျောင်းသားတွေ တောထဲရောက်ကုန်ပြီး
တော်တော်များများသေကုန်တယ်။ ဒီလိုတောထဲရောက်
တဲ့ကျောင်းသားတွေကိုပြပြီး ဒီကောင်တွေက မျောက်ပြ
ဆန်တောင်းပုံစံနဲ့ ဒေါ်လာတွေအများကြီးရသေးတယ်။
ပြီးတော့ ထောင်အကျခံပြီး တိုင်းပြည်အတွက်အနစ်နာ
ခံတယ်ဆိုဘဲ။ တကယ်နစ်နာတာက ကျုပ်တို့ကျောင်း
သားတွေဗျ။ ဒီအရေးအခင်းရဲ့အကျိုးဆက်က အခု
ညီငယ်ကျောင်းသားတွေရဲ့ တက္ကသိုလ်ကျောင်းသား
ဘ၀ဟာ ကျုပ်တို့ခေတ်လိုမျိုး မသာယာတော့ဘူး။
ကျုပ်တို့ကျောင်းသားအစစ်တွေက ကျုပ်တို့စတင်ခဲ့တဲ့
လုပ်ရပ်အတွက် ညီငယ်တွေခံစားနေရတာကို လုံးဝ
စိတ်မကောင်းကြဘူး။ ဒီကောင်တွေကတော့ စိတ်တောင်
မ၀င်စားဘူး။ ဒါကိုကြည့်ရင် ကျောင်းသားမစစ်မှန်းသိ
သာနေပြီ။ အစိုးရလူကြီးများ ဒီလိုကောင်တွေကို သွားပြီး
အသိအမှတ်ပြုတာကတော့ တော်တော်လွဲတယ်။ တကယ်က ကျုပ်တို့ ညီငယ်ကျောင်းသားတွေအတွက်
ကျုပ်တို့ရခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘ၀မျိုး ပြန်လုပ်
ပေးရင် ကျုပ်တို့ ၈၈ ကျောင်းသားအစစ်တွေက ကျေနပ်
ပါပြီ။ ကျန်တာဘာမှလုပ်ပေးစရာမလိုပါ။ အခုလိုလုပ်
တာကတော့ ၈၈ ကျောင်းသားအမည်ခံလုပ်စားနေတဲ့
ကောင်တွေကို အားပေးသလိုဖြစ်နေပြီ။ ဒီပိုက်ဆံတွေ
လည်း ဒီကောင်တွေအရက်ဖိုးဖြစ်သွားမှာပါဘဲ။

အ ပေါ် က ပြည် ချစ် ထောက် ပြ တာ ၊ အ မှန် ပါ ဘဲ ၊ ခေတ် စ ကား နဲ. ဆို ရင် " ကွက် တိ " ဘဲ ။
ဒီ ကောင် တွေ ခု ထိ ကိုယ် ကို ကိုယ် အ ဟုတ် ကြီး မှတ် ပြီး ၊ ကြီး ကြီး ကျယ် ကျယ် စ ကားတွေ ပြော နေ တုန်း ဘဲ။
ပြည် သူ တွေ က ဘယ် သူ ၊က ဘယ် လို ဆို တာ သိ ပါ တယ် ။
ကိုယ် ကို ကိုယ် ပြန် ဆန်း စစ် ကြ ဦး ၈၈ ကျောင်း သား အို ကြီး တို.။ေ ကျာင်း သား အ ရွယ် မ ဟုတ် တော. လို. ကျောင်း သား လို. မ သုံး နဲ. တော.။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်