Subscribe to our RSS Feed

ယခုချိန် ၈ လေးလုံး အခမ်းအနားကို အကုန်အကျ များစွာနှင့် ကျင်းပမည့် အစား ကုန်ကျမည့် ငွေအားလုံးကို ရခိုင်ဒုက္ခသည်များကို လှူတန်းသင့်ဟု ဆို


၁၉၈၈ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ဖြစ်သော (၂၄) နှစ်မြောက် ငွေရတု အကြို ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို မြန်မာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မန္တလေးမြို့တော်တွင် ပူးပေါင်း ကျင်းပသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်း သား ခေါင်းဆောင် မွတ်ဆလင် ဘာသာဝင် ဦးမြအေးက ပြောကြားပါတယ်။

ရန်ကုန်မြို့ရှိ (၈၈) ကျောင်းသားများနှင့် မန္တလေးမြို့ရှိ (၈၈)ကျောင်းသားများက ရှစ်လေးလုံး ငွေရတု အကြို အခမ်းအနား ဖြစ်မြောက်ရေး အတွက်လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြပါတယ်။

နိုင်ငံလုံး ဆိုင်ရာ အခမ်းအနား အဖြစ် ကျင်းပမည် ဖြစ်ကြောင်း သိရပြီး ပိုစတာများ၊ ဆိုင်းဘုတ်များ၊ အလံ အများအပြား ပြင်ဆင်ထားပြီး ငွေကုန်ကြေးကျ များစွာ အကုန်ကျခံထားကြောင်း သိရပါတယ်။

ယခု အချိန်မှာ ဒေသအခြေ အနေ တည်ငြိမ် အေးချမ်းနေပြီဟု အစိုးက တရားဝင် သတင်း ထုတ်ပြန်ထားသော ရခိုင်ပြည်နယ်ရှိ ကျောက် တော်မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူ အကြမ်းဖက်မှုများ ပြန်လည် ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ (ယ နေ့) တွင် နေအိမ် ၅၀၀ခန့်ရှိသော အင်ဘာရီကျေးရွှာ ထပ်မံ မီးရှို့ခံရကြောင်း အဆိုပါမြို့နယ်ရှိ ရခိုင် တိုင်းရင်းသားများ တိုး တက်ရေး ပါတီမှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဦးစံသိန်းက ပြောကြားပါတယ်။ မီးရှို့မှုကြောင့် နေအိမ် ၄၀၀ခန့် ပျက်စီးခဲ့ရကြောင်း ဒေသခံများက ခန့်မှန်းပြောကြားသည်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်လ အတွင်းမှာ ဘင်္ဂလီတို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရခိုင်ဒုက္ခသည်များ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ပြည်လည်ထူထောင်ရေးလုပ်လျှက်ရှိပြီး ယခုအချိန်ထိ မူလအတိုင်း ပြန်မဖြစ်သေးပဲ အကူညီများစွာ လိုအပ်နေကြာင်း သိရပါတယ်။

ရခိုင်ဒုက္ခသည်များအတွက် တရုတ်နိုင်ငံမှ နေအိမ်များကို ကူညီ ဆောက်လုပ်ပေးလျှက် ရှိရာ မြန်မာနိုင်ငံသား များအနေနဲ့လည်း ပါဝင်ကူညီနိုင်ရေးအတွက် ဘာမှ အရေးမပါတဲ့ ၈ လေးလုံး အခမ်းအနားကို ကျင်းပမယ့် ပိုက်ဆံတွေကို ရခိုင်ဒုက္ခသည်တွေကို လှူတန်းကြဖို့ ရခိုင်သားများက တိုက်တွန်းထားပါတယ်။

ဒါပေမယ့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဥိးမြအေး မှာ မွတ်ဆလင် ဖြစ်တာကြောင့် ရခိုင်ဒေသမှ ဒုက္ခသည်များကို လှူတန်းရေးအတွက် လက်မခံဘူးလို့လည်း သိရပါတယ်။

နယူးယောက်မြို့ရှိ မြန်မာများက ပြည်ပတွင်လည်း ရှစ်လေးလုံး အခမ်းအနားများ ကျင်းပမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရပါတယ်။ ၈၈ မျိုးဆက် အများအပြားမှာ အရေးအခင်းပြီးနောက် အဖမ်းခံရမှာ အလွန်ကြောက်တာကြောင့် နိုင်ငံတကာသို့ ထွက်ပြေးတိမ်းရှောင်လျှက် ရှိသောကြောင်း ၎င်း တို့နေထိုင်ရာ နိုင်ငံများတွင် အနည်းနှင့် အများ အကုန်ကျခံကျ ကျင်းပကြမယ်လို့ သိရပါတယ်။

ရခိုင်ဒုက္ခသည်ပြည်သူများကတော့ ၎င်း တို့ ကျင်းပမယ့် အခမ်းအနားတွေကို စိတ်မဝင်စားပဲ အကူအညီ အထောက်အပံ့တွေကို ဘယ်သူလာပေးမလဲ ဆိုတာပဲ စိတ်ဝင်စားနေကြကြောင်း သတင်းရရှိပါတယ်။

Myanmar Express

1 comments:

အတော်ကိုတက်ကြွနေတဲ့၈၈ဘဲ၊ ဒီလိုနှစ်ပတ်လည် နေ့ တွေကျင်းပနေရတာ ဘာရည်ရွယ်ချက်ကြောင့်လဲ။ ပြီးခဲ့တဲ့အတိတ်သမိုင်း ကြောင်းတွေပြန်ဖေါ်ပြီး ဂုဏ်ယူနေ၇တာ ဘာတွေများနိုင်ငံ့အတွက် အကျိုးဖြစ်လာမှာမို့ လို့ လဲ။ မန္တလေးရဲ့ မြန်မာဆန်တဲ့  ဂုဏ်ယူစရာ အလှတွေလည်း မင်းကိုနိုင်၊မြအေးတို့ စိတ်ဓါတ် တွေနဲ့ အတူ ရေစုန်မှာမျောသွားပြီ။ ၈၈နှစ်ပတ်လည်ကို မင်းတို့ မသေမချင်း မန္တလေးမှာဘဲသွားလုပ်ကြတော့။ ထောင်ကထွက်လာကတည်းက အိမ်မှာတောင်တစ်ရက်မှ မနေဘဲနိုင်ငံ အနှုံ့  သွားရတာမောနေရော့မယ်။ မင်းတို့ လုပ်ပုံကိုင်ပုံ ကြည့်ပြီး အနောက်မှသခင်ကြီး ကလည်း အသိအမှတ်ပြု နေတယ်ဆိုတော့ သေသေသပ် သပ်ပိပိရိရိလုပ်ကြပေါ့။ ဒီင်္လိုအခမ်းအနား တွေလုပ်နေမှ မင်းတို့ ကိုပ်ုလူသိများမယ်ထင်နေသလား။ ကိုကိုကြီးဆိုတဲ့ကောင်လည်း ၅-၈-၁၂ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာက ကင်တားနား၏တိုက်တွန်းချက် အပေါ်၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကလွတ်လပ်စွာစုံစမ်းစစ်ဆေးခွင့် ရရှိရန်နှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ကလည်းကိုယ့်ဒေသအကျိုးစီးပွါး အတွက်ပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း ပြောခဲ့ပါတယ်။ ဒီခွေးသတောင်းစားတွေက အဖြစ်မှန်တွေသိရဲ့ နဲ့  သခင်အားရကျွန်ပါးဝ ပြောနေကြတာလည်း။ ကင်တားနား လွတ်လွတ်လပ်လပ် အားလုံးတွေ့ ဆုံမေးမြန်းပြီး ဘယ်သူ့ အမှားလည်း သိလျှက် နဲ့  နိုင်ငံတော်အစိုးရ အပေါ်ဖိအားပေး လုပ်ဆောင်နေတာကို မင်းတို့ ကောင်တွေကပါ သံယောင်လိုက်နေတာမလား။ ၈၈ခုနှစ်နောက်မှ မွေးတဲ့ ခလေးတွေတောင်ဘွဲ့ ရကုန်ပြီ။ ၈၈ကျောင်းသားနံမည် တတ်လုပ်စားမနေနဲ့ ။ ကြားရတာနားခါးတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်