Subscribe to our RSS Feed

ဧရာဝတီတိုင်းသို့ ပါတီတွင်းရင်ကြားစေ့ရေးညီလာခံလာရောက်ပြုလုပ်မည့် နာယက ဦးတင်ဦးအား NLD ပါတီဝင်များဆန္ဒပြမည်

From :ဒီမိုပါပါကြီး


20-10-2012 ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး NLD ပါတီရုံးကို ဒီချုပ်ဗဟိုက နာယကကြီး ဦးတင်ဦး လာရောက်ပြီးတော့ NLD ပါတီဝင်အချင်းချင်းက ညီလာခံကျင်းပရေးမှာပါတဲ့ ပါတီဝင်နဲ့ အဲဒီ့အထဲမှာမပါရလို့ ပတ်မကြီးထိုးဖေ
ာက်မဲ့ ပါတီဝင်တွေကြားမှာ ပြန်လည်သင့်မြတ်ရေးအတွက် လာရောက် ရင်ကြားစေ့ပေးခြင်းဖြစ်တယ်လို့ နီးစပ်တဲ့အသိုင်းအ၀ိုင်းကပြောနေပါတယ်၊ ဦးတင်ဦးခရီးစဉ်ဟာ အဓိကကတော့ ပါတီဗဟိုကနေ လုပ်ဆောင်နေတဲ့ ဗဟိုဦးစီးစနစ်ကို မကြိုက်တဲ့ ပုသိမ်မြို့က ပါတီဝင်တွေနဲ့၊ ဗဟိုဦးစီးစနစ်နဲ့ NLD ပါတီဗဟိုကဖွဲ့စည်းပေးထားတဲ့ ညီလာခံ ကျင်းပရေးကော်မရှင်ကော်မရှင် အဖွဲ့ဝင်ပါတီဝင် တွေ တစ်ဦးကောင်းစား တစ်ဦးမနာလိုတဲ့ အကြားမှာ အကွဲကွဲ အပြဲပြဲ ဇာတ်လမ်းတွေဖြစ်နေတာကို ရင်ကြားစေ့ဖို့လာတာဖြစ်ပါတယ်တဲ့၊ ကျန်ခဲ့တဲ့ လက ပါတီဥက္ကဌ ဒေါ်စုကြည်ကိုယ်တိုင်လာခဲ့တဲ့ ရင်ကြားစေ့ခရီးစဉ်မှာ ပါတီဝင် ဟောင်း တစ်ချို့တောင်းဆိုချက်တွေကို အလေးမထားဘဲ နောက်ပေါက်ပါတီဝင်တွေရဲ့စကားကို နားယောင်ခဲ့လို့ ဒေါ်စုကြည်အပြန်မှာ ပါတီဝင်တစ်ချို့က ဆန္ဒပြခဲ့ကြပါတယ် ။
အဲတဲက စလို့ ဆန္ဒပြခဲ့တဲ့ပါတီဝင်တွေကို ဘေးဖယ်ထားလို့ ပါတီဝင်တစ်ချို့က ပြည်ခိုင်ဖြိုးပါတီကို ဘက်ပြောင်း ၀င်ရောက်မယ်လို့ သိရပါတဲ့အတွက် ဦးတင်ဦးကိုယ်တိုင် ဆင်းလာပြီး ရင်ကြားစေ့ဖို့ လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
အခုနောက်ဆုံးသိတဲ့သတင်းအရတော့ မနက်ဖြန်မနက် လာရောက်မဲ့ ဦးတင်ဦး ခရီးစဉ်မှာ ကျောင်းကုန်းမြို့အ၀င်ကနေစပြီးတော့ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ ပုသိမ်မြို့အ၀င် မှာ NLD ပါတီရဲ့ ဒီမိုကရေစီနည်းလမ်းမကျမှု၊ ဗဟိုဦးစီးစနစ်ကျင့်သုံးမှုတွေကြောင့် မကျေနပ်တဲ့၊ ဘေးဖယ်ခြင်းခံထားရတဲ့ ပါတီဝင် (၂၀၀)ကျော်က ဆန္ဒပြမယ်လို့သိရပါတယ်။အဆိုပါ ဆန္ဒပြမယ့် ပါတီဝင်များကလဲ NLD ပါတီမှာ နှစ်ပေါင်းများစွာလက်တွဲလုပ်ကိုင်လာကာ ဒုက္ခပေါင်းများစွာခံပြီးတော့ ပါတီအတွက် လုပ်ဆောင်ခဲ့တဲ့ အကျဉ်းကျခံခဲ့ရတဲ့ ပါတီဝင် ဟောင်း များဖြစ်တဲ့ ဒေါက်တာ သန်းထိုက်၊ ဦးသန်းဝင်း၊ မြင့်စိုး စတဲ့ ပါတီဝင်များဦးဆောင်ပြီး ဦးတင်ဦး လာရောက်တဲ့ ခရီးစဉ်ကို ကန့်ကွက်သည်၊ ပါတီဗဟို ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်ပါ၊ ဗဟိုဦးစီးစနစ်မသုံးပါနဲ့၊ ပါတီဝင်အချင်းချင်း တစ်ပြေးထဲဆက်ဆံပါ၊ ဒီချုပ်ဗဟို စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကိုကျင့်သုံးပါ၊ ပုသိမ်ညီလာခံကျင်းပရေးအဖွဲ့ အလိုမရှိ စတဲ့ ဆိုင်းဘုတ်များကိုင်ဆောင် ဆန္ဒပြမယ်လို့သိရပါတယ်၊
ကဲအားလုံးပဲ မနက်ဖြန်အတွက် ပါတီနာယကကြီး ဦးတင်ဦး အစည်းအဝေးလုပ်မဲ့ (၄)ရပ်ကွက်၊ ဥမ္မာဒန္တီလမ်းမှာရှိတဲ့ တိုင်းဒေသကြီး ပါတီရုံးမှာ အစည်းအဝေးလုပ်နေတုန်း ဆန္ဒပြဖို့ ဒေါက်တာ သန်းထိုက် ဦးစီးပါတီဝင်များနဲ့ အတူ ပူးပေါင်းပါဝင်ကြပါလို့ ဖိတ်ခေါ်ပါတယ်.....

 
Myanmar Express 

4 comments:

ရင်ခွဲခဲ့ပြီးမှရင်ကြားစေမယ်ဆိုတော့တစ်သက်စာအမာရွှတ်ကတော့ ဘယ်သူတာဝန်ယူမှာလည်းဘဘကြီးဦးတင်ဦးရယ်""အဟင့်ဟင့်!@@ဝါး''ပြင်းသွားပြီ မရေးချင်တော့ဘူး ဝါး"ဝါး

ရှင်မှာလည်းအကွဲတွေနဲ့သူ့မှာလည်းအကြဲတွေနဲ့

သွပ်ပြားရင်ကို ခွဲတုန်းကခွဲခဲ့အခုမှရင်သားလာမကိုင်နဲ့အဲဟုတ်ပေါင်ရင်¿¿¿¿ရင်ကြားလာမစေ့နဲ့ သွား!!လူဆိုးကြီး မုန်းတယ် မုန်းတယ် မုန်းတယ် အမြှောက်တစ်သန်း

အချိုးတွေမပြင်ရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး။ မြန်မာတွေအသုံးမ ကျတော့နောက်ဆိုရင် ကုလားနဲ့တယုတ်ကတနိုင်ငံလုံးသိမ်းတော့ မယ်။ ဒီအချိုးတွေပြင်ကြပါ။သတိထားနေကြပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်