Subscribe to our RSS Feed

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များ ဆက်လက်ခွင့်ပြုပေး

From : သမ္မတရုံး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့် အညီ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ အကျဉ်းထောင်အသီးသီးမှ ထိုင်သင့်စွာ ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် အကျဉ်းသားများအားစိစစ်၍ အကျဉ်းသား/အကျဉ်းသူ(၄၅၂) ဦးအား ၂၀၁၂ ခုနှစ်၊ နိုင်ဘာလ ၁၅ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပြီးဖြစ်ပါသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း ထိုင်သင့်စွာ ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် အကျဉ်းသားများအား ထပ်မံစိစစ်၍ အကျဉ်းသား/အကျဉ်းသူ(၆၆) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ရာ နိုဝင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည့် အကျဉ်းသား/အကျဉ်းသူ(၅၁၈) ဦးဖြစ်ကြောင်း သတင်းရရှိသည်။

 Myanmar Express 

1 comments:

၂၀၁၂ မှာကမ္ဘာပျက်မယ်ဆိုတဲ့ကောလဟာလသတင်းတွေအခုရက်ပိုင်းမှာတော်တော်လေးခေတ်စားနေတယ်။ကျနော်ကတော့အယုံအကြည်မရှိသူများဘက်ကပါ။
ဒါပေမဲ့တစ်ခုတော့သတိပေးပါစေ။သူခိုးဂျပိုးခိုးဆိုးနှိက်များပေါလာနိုင်ပါသည်။အချောင်နေအချောင်စားလူလိမ်များပေါလာနိုင်သဖြင့်သတိရှိရှိသွားလာနေထိုင်ကြပါရန်သတိပေးအပ်ပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်