From : ကြေးမုံ
၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျင်း မြို့နယ်တို့တွင် စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ လူနေအိမ်ခြေ အဆောက်အအုံများ၊ ရုံးအဆောက်အအုံများနှင့် တည်ဆောက်ရေး လုပ်ငန်းများ ပျက်စီးခြင်း၊ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ယင်းကဲ့သို့ ပျက်စီးဆုံးရှုံးခဲ့ရမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့အနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ပျက်စီးခဲ့သော စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများအား ပြန်လည်ထူထောင် တည်ဆောက်ရေးအတွက် နိုင်ငံတော်က တာဝန်ယူ ပြင်ဆင်ဆောင်ရွက်လျက် ရှိသကဲ့သို့ စေတနာရှင်များ အနေဖြင့်လည်း ပြည်သူတစ်ဦးချင်း သော်လည်းကောင်း၊ လူမှုအဖွဲ့အစည်း၊ အဖွဲ့လိုက် သော်လည်းကောင်း တာဝန်ခံပြုပြင် ဆောင်ရွက်ပေးလိုသူများ ရှိပါက ဝမ်းမြောက်ဝမ်းသာ လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။ အလားတူ ပျက်စီးဆုံးရှုံးခဲ့သော စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ လူနေအိမ်ခြေများနှင့် အများနှင့် သက်ဆိုင်သော အဆောက်အအုံများအား ပြန်လည်ထူထောင် တည်ဆောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ NGO နှင့် INGO များ၏ အကူအညီကိုပါ ရယူလက်ခံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် လှူဒါန်းလိုသော စေတနာရှင်များ၊ အဖွဲ့အစည်းများ အနေဖြင့် (က) နေပြည်တော် - ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဆက်သွယ်ရန် - ဦးကျော်ဦးလွင် (ညွှန်ကြားရေးမှူးချုပ်)၊ ဖုန်းနံပါတ် - ဝ၆၇-၄ဝ၈ဝ၃၈/ ဝ၉-၄၉၂ဝ၂၁၄၁၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရန် - ဦးစိုးအောင် (ညွှန်ကြားရေးမှူးချုပ်)၊ ဖုန်းနံပါတ် - ဝ၆၇-၄ဝ၄ဝ၅ဝ/ ဝ၉-၈၆ဝဝဝ၂၅၊ ဦးဝင်းထွဋ်ဦး - ညွှန်ကြားရေးမှူး(စီမံ)၊ ဖုန်းနံပါတ် - ဝ၆၇-၄ဝ၄၃၁၆/ ဝ၉-၄၃၁၂ဝ၈၆၃၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ ဆက်သွယ်ရန် - ဦးခင်မောင်ဝင်း (ညွှန်ကြားရေးမှူး)၊ ဖုန်းနံပါတ် - ဝ၆၇-၄ဝ၆ဝဝ၁/ ဝ၆၇-၄ဝ၆ဝ၁၃၊ (ခ) ရန်ကုန်တိုင်းဒေသကြီး - ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဆက်သွယ်ရန် - ဦးသိန်းဌေးအောင် (ဒုတိယညွှန်ကြားရေးမှူး)၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် - ဝ၁-၆၆၁၈၁၂/ ဝ၁-၅၂၂၇၂၆/ ဝ၉-၈၆ဝ၁၁၆၄၊ သာသနာရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရန် - ဦးစိုးမင်းထွန်း (ညွှန်ကြားရေးမှူး)၊ ဖုန်းနံပါတ် - ဝ၁-၆၆၁၂၇၅/ ဝ၉-၅ဝဝ၁၄၇၅၊ (ဂ) စစ်ကိုင်းတိုင်းဒေသကြီး - စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဆက်သွယ်ရန် - ဦးမင်းလွင် (ဒုတိယညွှန်ကြားရေးမှူး)၊ ဖုန်းနံပါတ် - ဝ၇၁-၂၄၁၇ဝ/ ဝ၉-၂ဝ၄၄၆၉၅၊ (ဃ) မန္တလေးတိုင်းဒေသကြီး - မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဆက်သွယ်ရန် - ဦးကျော်မြင့် (ညွှန်ကြားရေးမှူး)၊ ဖုန်းနံပါတ် - ဝ၂-၃၆၉၁၃/ ဝ၉-၈၅ဝဝ၉ဝ၉၊ ဦးအေးလွင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဖုန်းနံပါတ် - ဝ၂-၃၆၉၂၂/ ဝ၉-၄၇၁၃ဝ၁၃ဝ၊ သာသနာရေးဝန်ကြီးဌာန၊ ဆက်သွယ်ရန် - ဦးကျော်စိန်ဝင်း (ညွှန်ကြားရေးမှူး)၊ ဖုန်းနံပါတ် - ဝ၂-၆၁၁၁၃/ ဝ၉-၂ဝဝဝ၇၃၂ စသည့် နေရာများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်