Subscribe to our RSS Feed

ဘာသာရေးလိုက်စားသော ပြည်ခိုင်းဖြိုး ပါတီမှ သန်လျင်မြို့ ဆရာတော် ဘဒ္ဒန္တ ပညာတေဇ ဦးဆောင်၍ (၇၂) ကြိမ်မြောက် စတုဒီသာကျွေးပွဲ ကျင်းပပြုလုပ်


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ ဒေ၀ဒဟသဗ္ဗသိဒ္ဓိ နတ်စင်တစ် ရာကျောင်းတိုက်၊ အထူးသာသနာပြု ဆရာတော် ဘဒ္ဒန္တပညာတေဇ ဦးဆောင်၍ အလှူရှင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး၊ ဇနီး ဒေါ်နီနီဝင်း မိသားစုနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများ စုပေါင်း၍ (၇၂) ကြိမ်မြောက်စတုဒီသာကျွေးပွဲကို ရန်ကုန်တိုင်းဒေ သကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အောင်ဗေါဓိ ဆုတောင်းပြည့် စေတီတော်တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့က ကျင်းပပြု လုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် အလှူရှင် များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ရပ်ကျေး စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ ရပ်မိရပ်ဖများ တက်ရောက် ကြသည်။
(၇၂) ကြိမ်မြောက် စတုဒီသာ ကျွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အောင်ဗေါဒိ ဆုတောင်းပြည့် စေတီတော်တွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့က ကျင်းပပြုလုပ်ရာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်

နံနက် (၉)နာရီ အချိန်တွင် (၇၂) ကြိမ်မြောက် စတုဒီသာကျွေးပွဲသို့ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား စတင်ဧည့်ခံကျွေးမွေး ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး၊ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် အလှူရှင်များ၊ ၀ိုင်းဝန်း၍ လုပ်အားဒါနပြုကြ သူများက ရင်းနှီးနွေးထွေးစွာ လိုက်လံ နှုတ်ဆက်၍ ဧည့်ခံကျွေးမွေးခဲ့ကြသည်။
(၇၂) ကြိမ်မြောက် စတုဒီသာ ကျွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အောင်ဗေါဒိ ဆုတောင်းပြည့် စေတီတော်တွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့က ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကြည့်ရှုအားပေးစဉ်
ထို့နောက် နံနက် (၁၀) နာရီခွဲအချိန်တွင် ပင့်သံဃာ(၁၈) ပါးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
(၇၂) ကြိမ်မြောက် စတုဒီသာ ကျွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အောင်ဗေါဒိ ဆုတောင်းပြည့် စေတီတော်တွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့က ကျင်းပပြုလုပ်ရာ နေ့ဆွမ်းဆက်ကပ်စဉ်
ဆက်လက်၍ နေ့လည် (၁၂) နာရီခွဲအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦးနှင့် အလှူရှင်များ၊ ဧည့်ပရိတ်သတ်များသည် နိုင်ငံတော်သံဃနာယက အဖွဲ့၊ အဖွဲ့ဝင်၊ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လှိုင်သာယာမြို့နယ်၊ သာသနာ့ဂုဏ်ရည် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညိဿရာ ဘိဝံသထံမှ ငါးပါးသီလခံယူကြပြီး ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ပါသည်။
ထို့နောက်ဆရာတော်၊ သံဃာတော်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ ဒေ၀ဒဟ သဗ္ဗသိဒ္ဓိ နတ်စင် တစ်ရာကျောင်းတိုက်၊အထူးသာသနာပြု ဆရာတော် ဘဒ္ဒန္တပညာတေဇမှ လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားသည်။
(၇၂) ကြိမ်မြောက် စတုဒီသာ ကျွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အောင်ဗေါဒိ ဆုတောင်းပြည့် စေတီတော်တွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့က ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး ကြည့်ရှုအားပေးစဉ်
ဆက်လက်၍ စားသုံးသူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဘုရားဂေါပကဥက္ကဋ္ဌ ဦးနိုင်ဦးမှ လျောက်ထားသည်။ ၎င်းနောက် နိုင်ငံတော် သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်၊ တိပိဋက ရွေးချယ်ရေး ဥက္ကဋ္ဌ၊ လှိုင်သာယာမြို့နယ် သာသနာ့ ဂုဏ်ရည်ကျောင်းတိုက် ဆရာတော် အဂ္ဂမမဟာပဏ္ဍိတ ဘဒ္ဒန္တပညိဿရာဘိဝံသထံ မှ ရေစက်သွန်းချ အမျှ ပေးဝေကြသည်။ ထို့နောက် ဗုဒ္ဓသာသန စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
၎င်းနောက် ညနေ (၃) နာရီခွဲ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်) ဦးဌေးဦးနှင့် အလှူရှင်များ၊ တပည့်ဒါယိကာ၊ ဒါယိကာမများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များသည် ရွာသာကြီး စိတ်ကျန်း မာရေးဆေးရုံရှိ လူနာများ၊ ၀န်ထမ်းများ အတွက် စတုဒီသာတစ်ရက်စာ သွားရောက်လှူဒါန်းရာ ဆေးရုံ အုပ်ကြီး ဒေါက်တာကျော်စိုး မှ ကျေးဇူး တင်ရှိကြောင်း ပြန်လည် ပြောကြားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး နှင့် အလှူရှင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ ရွာသာကြီး စိတ်ကျန်းမာ ရေးဆေးရုံရှိ လူနာများ၊ ၀န်ထမ်းများအတွက် စတုဒီသာ တစ်ရက်စာ သွားရောက်လှူဒါန်းစဉ်
အဆိုပါ စတုဒီသာ ကျွေးပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တို့မှ ပြည်သူများ အင်အား (၃၀၀၀၀၀) ကျော် လာရောက် စားသုံးကြပြီး ညနေ (၄) နာရီ အချိန်ထိ ကျွေးမွေးခဲ့ကြောင်းနှင့် လူမှုရေး အသင်းအဖွဲ့များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ အင်အား (၁၀၀၀) ကျော်က လုပ်အားဒါန ပေးလှူခဲ့ကြကြောင်း သတင်း ရရှိသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်